Raazi (2018) အညွှန်း

myokhant(39)
Published in
#msu
Words
189
Reading
1 min
Listen
Play
8y

ထွက်ထားတာ မကြာသေးတဲ့ ကုလားကားလေးတစ်ကား ညွှန်းချင်ပါတယ် Raazi ပါတဲ့
ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပြီး Rating 7.9 အထိရရှိထားတဲ့ စပိုင် ကားလေးပါ။ 1971 ခုနစ် အိန္ဒိယနဲ့ ပါကစ္စတန် စစ်ပွဲ ကို အခြေတည် ရိုက်ကူးထားတဲ့ကားဖြစ်ပြီး ဒီကားလေးမှာ ပေးချင်တဲ့ မက်ဆေ့တွေက ယူတတ်ရင် သိပ်ကိုတန်ဖိုးရှိလွန်းပါတယ်။ အိန္ဒိယဆိုတာတကယ်တမ်းပြောရရင် မြန်မာနိုင်ငံထက် ဆိုးတဲ့နိုင်ငံပါ လူတန်းစာကွာဟမှုတွေ ခြစားမှုတွေ တလှေကြီးရှိတဲ့ တိုင်းပြည်တစ်ခုပါ။ သူတို့ဆီက ရုပ်ရှင်တွေမှာလဲ အကျင့်ပျက်ခြစားမှုကို ခနခန မီးမောင်းထိုးပြ ရိုက်လေ့ရှိပါတယ် တချို့ကားတွေမှာဆို ဖာနိုင်ငံဖြစ်နေပြီဆိုတဲ့သဘောမျိုးတွေ ရိုက်ပြကြပေမယ့် နောက်ဆုံး ပေးချင်တဲ့ မက်ဆေ့ ကတော့ သူတို့ နိုင်ငံ ဘယ်လိုပဲဖြစ်နေနေ သူတို့ နိုင်ငံ ကို သူတို့ချစ်တယ်ဆိုတဲ့သဘောမျိုး ရိုက်ပြသွားတာများပါတယ် နိုင်ငံချစ်စိတ်ပေါ့။ အယ် ဘယ်တွေရောက်ကုန်တာလဲ ဇာတ်ကားအကြောင်းပြောမလို့ဟာကို နိုင်ငံချစ်တဲ့ကိစ္စ တော်သေးပြီ။ ဇာတ်လမ်းကို ပြန်ဆက်ရအောင် ရှာမတ်(Alia) လေးရဲ့အဖေက ပါကစ္စတန်က ဗိုလ်မှူးချုပ်တစ်ယောက် နဲ့ အရမ်းရင်းနှီးတဲ့ အိန္ဒိယနိုင်ငံသားတစ်ယောက်ပါ။ ပါကစ္စတန်ဗိုလ်မှူးကလဲ ရှာမတ် ရဲ့ အဖေကို အရမ်းကို ယုံကြည်ပါတယ် ဘာလို့လဲဆိုတော့ ရှာမတ် က အိန္ဒိယ က စစ်ရေး နိုင်ငံရေး စတဲ့ သတင်းတွေကို ဗိုလ်မှူးဆီကို ပေးလေ့ရှိတာကိုး။ ဒါကြောင့် ဗိုလ်မှူးက ရှာမတ်ရဲ့အဖေ ကို မျက်စိမှိတ်ကို ယုံကြည်တာပါ။ တကယ့်တကယ်မှာတော့ ရှာမတ်ရဲ့ အဖေဟာ ဒေလီ ထောက်လှမ်းရေးဗြူရို က အေးဂျင့် တစ်ယောက်ပါ သူ့လူကိုယ့်ဘက်သား လုပ်ပြီး သတင်းပေးသလိုလိုနဲ့​ပါကစ္စတန်ဘက်က သတင်းတွေကို အိန္ဒိယဘက် ပြန်ပို့တဲ့ စပိုင်တစ်ယောက်ပါ။ တစ်နေ့ သူ ဗိုလ်မှူးဆီကနေ သတင်းတစ်ခုရလိုက်တယ် အဲ့ဒါကတော့ အရှေ့ပါကစ္စတန် ခွဲထွက်ရေး မှာ အိန္ဒိယဘက်မှာ ခွဲထွက်သူပုန်များကို စစ်လက်နက်ထောက်ပံ့ပေးနေတယ်လို့ ပါကစ္စတန်တွေ အနံ့ရပြီး အိန္ဒိယ ကို သူတို့​ပြည်တွင်းရေး ဝင်စွက်တဲ့အတွက် ပြန်လည်တုံ့ပြန်တော့မယ် အကြောင်းပါ။ ထို သတင်းကို ရှာမတ်ရဲ့ အဖေ သိပေမယ့် ပါကစ္စတန်က အိန္ဒိယကို ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲဆိုတာ မသိရသေးပါဘူး အတိအကျသိရဖို့ဆိုတာကလဲ လအနည်းငယ်ကြာဦးမှာပါ။ ဒါပေမယ့် ရှာမတ်ရဲ့ အဖေ မှာက အဆုတ်ကင်ဆာဖြစ်နေပါတယ် လအနည်းငယ်တောင် မခံတော့ပါဘူး ။ အဲ့ဒါကြောင့် ရှာမတ်ရဲ့အဖေ ဟာ စပိုင်အကြောင်း နကန်းတလုံးမှ နားမလည်တဲ့ ကောလိပ်ကျောင်းသူလေး ရှာမတ် ကို ပါကစ္စတန်ကိုလွှတ်ကာ စပိုင်လုပ်ခိုင်းဖို့ ကြံစည်ပါတော့တယ်။ အဲ့ဒီနောက်ပိုင်း ကိစ္စတွေကတော့ ဆက်ပြောရင် ပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး ဒီဇာတ်ကားထဲမှာ ပြောသွားတဲ့ သိပ်တန်ဖိုးရှိတဲ့စကားလေးတစ်ခွန်းအကြောင်းပဲ ပြောချင်ပါတယ် အဲ့ဒါကတော့ ( ဒီမယ်သမီး တိုင်းပြည်ထက်အရေးကြီးတာဘာမှမရှိဘူး အချစ်ဆိုတာလဲ တိုင်းပြည်လောက်အရေးမကြီးဘူး) ဆိုတဲ့ စကားလေးပါ။ ကဲ ဒီလောက်ပါပဲ နည်းနည်းတောင် များသွားတယ်ထင်မိပါတယ်။ ငိငိ

Myo Khant
MSU-063

Photo Credit: https://www.imdb.com/title/tt7098658/mediaviewer/rm3807661568