This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ရုပ်ရှင်အညွှန်း

Words
132
Reading
1 min
Listen
Play
6y

ခရီးထွက်တာများသွားလို့ ဘာမှမရေးဖြစ်အောင်ပဲ။ အခုတစ်ခါ ရေးမယ့်အကြောင်းအရာကတော့ အရင်တစ်ခါ ကျွန်တော်ရေးခဲ့တဲ့ ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာမယ်ဆိုတဲ့ဟာရဲ့ အဆက်ပေါ့။ ပထမ review မှာတုန်းက အခြေခံအဆင့်အနေနဲ့ Friends စီးရီးကို ကျွန်တော်ညွှန်ခဲ့ပါတယ်။ အဲ့ဒါကို မဖတ်ရသေးတဲ့သူတွေရှိရင် ဟောဒီလင့်ခ် https://steemit.com/msu-063/@myokhant/yaokyahinanywhan မှာ သွားရောက်ဖတ်နိုင်ပါတယ်။ ယခု ကျွန်တော်ညွှန်းပေးမယ့် စီးရီး ကတော့ အခြေခံအဆင့်မဟုတ်တော့ပါဘူး ဆယ်တန်းအောင် သို့မဟုတ် ဘွဲ့ရ တစ်ယောက် လေ့လာသင့်တဲ့ စီးရီးပါ။ ဘာလို့လဲဆိုတော့ ယခု ကျွန်တော်ညွှန်မယ့် စီးရီးမှာ အင်မတန်မှာ ဦးနှောက်စားစေမယ့် သီအိုရီတွေ ရူပဗေဒသဘောတရားတွေ ဓာတုဗေဒသဘောတရားတွေ အာကာသဗေဒတွေ ပါဝင်နေပါတယ် ဒါကြောင့် အင်္ဂလိပ်စာ အခြေခံလောက် ဖတ်တတ်ရုံနဲ့ ကြည့်ဖို့ အဆင်မပြေသလို ရူပဗေဒ ဓာတုဗေဒ စတာတွေ မသင်ခဲ့ရသူတွေအတွက်လဲ​ အဆင်မပြေနိုင်ပါဘူး။ ကဲပါ စီးရီး နာမည်လေး အရင်ပြောပါရစေ စီးရီးနာမည်လေးက The Big Bang Theory ပါခင်မျာ 2007 ခုနှစ်ကတည်းက ထွက်ခဲ့ပြီး ယခု အချိန်ထိ ပြသလို့မပြီးသေးတဲ့ စီးရီးပါ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လဲ ကြည့်လို့မပြီးသေးသလို အပေါ်ယံလောက်ပဲ ဇာတ်လမ်းသဘောပဲ နားလည်ပြီး ဒီစီးရီးထဲက Sheldon Cooper ပြောတဲ့စကားတွေရဲ့ 80 ရာခိုင်နှုန်းလောက်ကို နားမလည်ပါဘူး။ တစ်ကားလုံးမှာ လူစကားမပြောဆုံးဇာတ်ကောင်ပါ Sheldon ပါပဲ။ ဇာတ်လမ်းပုံစံလေးကတော့ Friends စီးရီး စတိုင် Sitcom ဟာသ လေး ဖြစ်ပေမယ့် ရူပသီအိုရီ အသုံးအနှုန်းတွေ ပိုးစိုးပက်စက်ပါဝင်ပြီး Sheldon စကားတခွန်းပြောတိုင်း တစ်ခါ Pause ရပ်ပြီး အဘိဓာန်လှန်လိုက် wikipedia သွားဖတ်လိုက် Google ခေါက်လိုက် နဲ့ အတော်လေး တိုင်ပတ်ရပါတယ်။ ဒါပေမယ့် ဗဟုသုတ အတော်ရသလို ရီစရာလေးပဲ ဖြစ်တဲ့အတွက် လေ့လာရတာ မပင်ပန်းတာတော့အမှန်ပါပဲ။ မင်းသမီးလေး ကိတ်ပြီး ချစ်ဖို့ကောင်းတာလဲ ပါတာပေါ့။ ကဲ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။
(စဆရက လုပ်တာမဟုတ်ပါဘူးခင်မျာ မှားတာရှိရင်ထောက်ပြပါဦး)![]

Photo credit: https://www.imdb.com/title/tt0898266/mediaviewer/rm2794006016

()

ရုပ်ရှင်အညွှန်း | Ecency