Into the Forest (2015) အညွှန်း

Words
83
Reading
1 min
Listen
Play
8y

ပျင်းပျင်းရှိတာနဲ့ ကားဟောင်းလေးတွေထဲက မကြည့်ရသေးတာ ဘာရှိမလဲ ပတ်ရှာရင်း ဒီဇာတ်ကားလေးကိုကြည့်မိသွားတာပါ ကြည့်ရင်းနဲ့ တွေးစရာတွေအများကြီးပေးလာလို့ အညွှန်းလေးရေးမယ်လို့ ဆုံးဖြတ်လိုက်တာပါ. မကြည့်ရသေးတဲ့သူတွေလဲ ကြည့်စရာတစ်ကားတိုးလာတာပေါ့

ဒီဇာတ်ကားလေးက IMDB မှာ 6.0 ရထားတဲ့ကားလေးဖြစ်တဲ့အပြင် ဆုပါ နှစ်ဆု ရလိုက်သေးဗျ။
စာရေးဆရာ Jean Hegland ရဲ့ ဝတ္တုကို ပြန်ရိုက်ထားတာဖြစ်ပြီးတော့ ရုပ်ဝတ္တုပစ္စည်းတွေအပေါ်မှာပဲ သာယာနေပြီး သဘာဝတရားရဲ့လှပမှုကို မေ့မထားသင့်တဲ့အကြောင်း စက်ပစ္စည်းတွေအပေါ်အားကိုးပြီး ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်သွားရင် အရေးအကြောင်းကြုံလာရင်ဒုက္ခတွေ့နိုင်ကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။

ကဲ ဇာတ်လမ်းက ဒီလိုဗျာ
ကျနော်တို့အခုနေထိုင်နေတဲ့ ဟောဒီသိပွံကမ္ဘာကြီးမှာ ရုတ်တရက် လျှပ်စစ်စွမ်းအင်တွေ အင်တာနက်တွေ ဖုန်းတွေ ဓာတ်ငွေ့ ရေနံတွေ ဘာမှမရှိတော့ရင် လူတွေဘာဖြစ်သွားမလဲ ရိုးရိုးလေးနော် မေးခွန်းလေးက အဖြေကတော့ မတရားကြမ်းတယ် ဆရာသမားတို့ ကျနော်တို့ မြန်မာပြည်မှာ မီးလေးတစ်ရက်တစ်လေ ပြတ်ရင်တောင် epcကို ဆဲရတာနဲ့ အစိုးရကို ဆဲရတာနဲ့ နေမထိထိုင်မသာကြီးမဟုတ်လား ကဲထားဗျာ အဲ့လိုမီးကတစ်ရက်တစ်လေမဟုတ်ပဲ လနဲ့ချီပြီး ပြတ်သွားရင် မီးစက်နှိုးစရာ ဆီကလဲဝယ်လို့မရတော့ရင် ဘာလုပ်ကြမလဲ ဘာတွေဖြစ်ကုန်မလဲ ဒီကားလေးက ဘာတွေဖြစ်ကုန်မလဲဆိုတဲ့ အနိဌာရုံတွေကို ပြသတဲ့ကားမဟုတ်ဘူး အဲ့လိုဖြစ်လာခဲ့ရင် ဘယ်လိုရပ်တည်မလဲဆိုတာ ပညာပေးတဲ့ကားလေး ကြည့်ဖြစ်အောင်ကြည့်ကြဗျာ အေးအေးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတယ် ဒီလောက်ပဲတော်သေးပြီ

Photo Credit: https://www.imdb.com/title/tt2625810/mediaviewer/rm2384466688

Into the Forest (2015) အညွှန်း | Ecency