နှုတ်ဆက်ခဲ့သည် အပိုင်း(၄)

Words
253
Reading
2 min
Listen
Play
8y

ပရိတ်သက်သည် စိတ်ဝင်စားစွာနားထောင်နေမှန်းသိသောအခါ ဆက်လက်၍"အလှုတခုလုပ်တယ်ဆိုရင် ဖြူစင်အောင်လုပ်ရတယ်…ဖြူစင်တယ်ဆိုတဲ့နေရာမှာ မိမိအလှုလုပ်မယ့် ပိုက်ဆံဟာ သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှရတယ့် ပိုက်ဆံမဟုတ်ရဘူး…ဖြူဖြူစင်စင်နဲ့ ရတယ့်ပိုက်ဆံ ဖြစ်ရမယ်…ဟုတ်ပြီ…လှုမယ့်ပိုင်ဆံက ဖြူစင်ပေမယ့်…အလှုအတွက် သူများအသက်သက်မယ်ဆိုရင်လည်း မဖြူစင်နိုင်တော့ဘူး…မောင်စိန်လှရဲ့ အလှုပိုက်ဆံက လယ်လုပ် ယာလုပ်ကရတဲ့ပိုက်ဆံဖြစ်လို့ ဖြူစင်တဲ့ ပိုက်ဆံပါ…ဒါပေမယ့် ဝက်ကြော်ကျွေးမယ်ဆိုရင် ဖြူစင်တဲ့ အလှုမဟုတ်နိုင်တော့ဘူး…အဲ့ဒါကြောင့် အဘကတော့ ဝက်ကြော်တော့ မကျွေးစေချင်ဘူး…"ပြောကာ ထိုင်လိုက်လေသည်။

xxxxxxxxxxxxxxxxx

ရွာသူကြီးသည် သူ၏အမြင်ကို ပြောပြီသောအခါ အသက်(၇၀)ကျော်ခန့်ရှိပြီဖြစ်သော အဘအောင်မင်းမှ"အေး… သူကြီးပြောတာကို အဘလည်း ထောက်ခံတယ်…မောင်စိန်လှတို့ ပိုပြီး နားလည်သွားအောင် အဘက ဘရားရှင် ကိုယ်တော်မြတ်ကြီး ဟောခဲ့တဲ့ ဝတ္ထုအကြောင်းတစ်ခု ပြောပြအုံးမယ်…"ဟုပြောကာ မတကဘတ္တ ဝတ္ထုအကြောင်းကို ဤသို့ ပြောပြလေသည်။

xxxxxxxxxxxxxxxx

credit image source

လူတို့သည် သတ္တဝါတို့၏ အသက်ကိုသတ်၍ သေကုန်သောဆွေမျိုးတို့ကို ရည်စူးပြီး"မတကဘတ်"အလှုပြုလုပ်နေကြသည်မှာ အကျိုးရှိသောအလှုဖြစ်ပါသလော အကျိုးမရှိသော အလှုဖြစ်သလော သိရှိရန် ရဟန်းတို့မှ မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား ကြလေသည်။ထိုအခါတွင် မြတ်စွားဘုရားက အတိတ်ကာလမှ အကြောင်းဝတ္ထုကို ဟောပြလေသည်။
xxxxxxxxxxxxxxxxx
လွန်လေးပြီးသောအခါက ဗာရာဏသီပြည်တွင် ဗေဒင်သုံးပုံးကို တဘက်ကမ်းခက် တက်မြောက်သော ဒိသာပါမောက္ခတစ်ဦးသည် "မတကဘတ်"လှုရန်အတွက် ဆိတ်တစ်ကောင်းကို သတ်ရင်ပြင်ဆင်လေသည်။

ထိုပြင်သောခဏတွင် ဆိတ်သည် ဇာတိဿရဥာဏ် ဝင်လာပြီး ပြင်းပြစွာရယ်မောလေသည်။ထို့နောက် သည်းထန်စွာ ငိုကြွေးပြန်သည်။ထိုသို့ ဆိတ်၏ ရယ်ခြင်း ငိုခြင်းကို မြင်သောအခါ ဒိသာပါမောက္ခ ဆရာသည် ဆိတ်ကို အကျိုးအကြောင်းမေးသည်။
ဆိတ်မှ သူသည် အရင်ဘဝတစ်ခုတွင် ဤကဲ့သို့ မတကဘတ် အလှုလုပ်ရန်အတွက် ဆိတ်တကောင်ကို သတ်ခဲ့ကြောင်း၊ ထိုသို့သတ်​ခဲ့​သော​ကြောင့်​ (၄၉၉)ဘဝလုံး ​ဦးခေါင်းပြတ်​၍ ​သေဆုံးခဲ့ရ​ကြောင်း၊ ယ္ခုဘဝသည် ဦးခေါင်းပြတ် သေဆုံးမည့် နောက်ဆုံးဘဝဖြစ်၍ ဆင်းရဲခြင်းလွှတ်ကင်းတော့မည် ဖြစ်သောကြောင့် ဝမ်းသာ၍ ရယ်မောခြင်း ဖြစ်ကြောင်းပြောပြသည်။

တဖန် ငိုကြွေးရသောအကြောင်းမှာ ပါမောက္ခကြီးမှာ မိမိကဲ့သို့ ဘဝ(၅၀၀)ဦးခေါင်းပြတ်၍ သေဆုံးရမည်ကို သနားသောကြောင့်ငိုကြွေးရခြင်းဖြစ်ကြောင်း ရှင်းပြလေသည်။ဒိသာပါမေက္ခသည် ဆိတ်၏ စကားကိုကြားပြီးနောက် ဆိတ်ကို မသတ်ပဲလွှတ်ပေးသည်။
သို့သော် ဆိတ်သည် ခြုံတစ်ခုတွင် အစာ စားနေစဉ် ကျောင်ဖြာကို မိုးကြိုးပစ်လိုက်သည်။မိုးကြိုးပစ်လိုက်သောကြောင့် ကျောက်ဖျာမှာ ကျောက်ကွဲစ တစ်ခုသည် ဆိတ်၏ လည်ပင်းကိုမှန်၍ ဆိတ်သည် လည်ပင်းပြတ်သေရလေသည်။ဆိတ်၏ ဖြစ်စဉ်ကို လူများ ဝိုင်းအုံကြည့်နေစဉ် ဘုရားလောင်းမှ သူ့အသက်သတ်ခြင်း အပြစ်ကို

"ပါဏာတိပါတ် သူ့သက်သတ်က ချို့လတ်အင်္ဂါ များအနာနှင့် မွဲပြာရုပ်ရည် အားအင်ကွေး၍ ကြောက်လေဘေးရန် ကိုယ်လေးလံလျက် ခြွေရံကင်းလတ် သူ့အသတ်ခံ သတက်တိုပြန်ရ ပြစ်များလှ၏(ဤ လင်္ကာအား သင်္ဂဇာဆရာတော်ရေးသားထားသည်)"
ဟု ဟောကြားလေသည်။လူအများသည်လည်း သူ့အသတ်သတ်ခြင်း အပြစ်ကို သိသွားကြောင့် အသက်ထက်ဆုံး ရှောင်ကြဉ်သွားကြလေသည်။

xxxxxxxxxxxxxxxx

မြတ်စွာဘုရားက ဧကကနိပါတ် ဇာတ်ဝတ္ထုထဲက သီလဝဂ်မှာ အခုဇာတ်တော်ကို ဟောခဲ့တယ် မောင်စိန်လှရဲ့။ထိုအခါ ကိုစိန်လှမှ"အဘရယ် ဝတ္ထုထဲက ဆိတ်က သူကိုယ်တိုင်သတ်တာလေ…ကျုပ်က ကိုယ်တိုင်သတ်မှာမ မဟုတ်တာ"ဟု ကတ်သပ် ပြောလေသည်။

Credit image source
"အဲ့လို ဆိုတော့လည်း အဘက နောက်ထပ် အကြောင်းတစ်ခု ထပ်ပြေးရသေးတာပ…ဒို့ မြတ်စွားဘုရားရှင်တော်ဟာ ဘုရားဖြစ်တာတောင်မှ ဝိဘတ်(၁၂)မျိုးကို ခံစားခဲ့ရတယ်ကွ…အဲ့ဒီထဲကမှ ခေါင်းကိုက် ဝေဒနာဟာ… နုစဉ်ဘဝ တံငါမျိုးရိုးမှာ ဖြစ်ခဲ့စဉ်က သူများတွေ ငါးခေါင်းကို ထုပြီးသတ်နေတာကို ဝမ်းသာအားရ လက်ခုတ်တီးခဲ့ဖူးတဲ့ ကံကြောင့်ဖြစ်လာရတာ…လက်ခုတ်တီးတာတောင် ဝဋ်လိုက်ရင်…မောင်စိန်လှက အလှုမှာကျွေးဖို့ ဝတ်သတ်ခိုင်းမှာဆိုတော့ ဘယ်လောက် အကုသိုလ်ကြီးမလဲ စဉ်းစားသာ ကြည့်ပါတော့ကွယ်…"ဟုပြောကာ ပြန်ထိုင်လိုက်လေတော့သည်။

ထို့နောက် ကိုစိန်လှမှ"ကျုပ်ကို အခုလို လမ်းမှားမရောက်အောင် သွန်သင်ပေးတဲ့ အဘအောင်မင်းနဲ့ သူကြီးကို ကျေးဇူးတင်ပါတယ်ဗျာ…ဒါနဲ့ ကျုပ်အလှုမှာ ဘာကျွေးရမှန်းမသိတော့ဘူးဗျာ…အားလုံး အကြံဥာဏ်ပေးကြပါအုံး"ဟုပြောကာ ပြန်ထိုင်လိုက်သည်။ရွာထဲကသူများမှ ဟိုဟာကျွေး ဒီဟာကျွေးဖြင့် အကြံအမျိုးမျိုးပေးကြလေသည်။ထိုထဲမှ အိုးသူကြီး ကိုဘပုပြောသော ငါးခြောက်ကြော်ကို အားလုံးသဘောကြ၍ အလှုတွင်ကျွေးရန်ရွေးလိုက်တော့သည်။

အကျွေးမွေးအတွက် ပြီးစီးသွားသော် ဘေးရွာများသို့ ဖိတ်ရန် ကိစ္စပြောကြပြန်သည်။ထိုကိစ္စမှာတော့ ကာလသားခေါင်းမှ တာဝန်ယူလိုက်၍ ခဏနှင့်ပြီးသွားသည်။ထို့နောက် ကိုစိန်လှမှ အလှုတွင် ဆိုင်းငှားရန် ကိစ္စကို တိုင်ပင်ပြန်သည်။

ဆက်ရန်……

MSC-224
myintlwinsoe@myintlwinsoe

နှုတ်ဆက်ခဲ့သည် အပိုင်း(၄) | Ecency