ကျွန်တော် စာမရေးဖြစ်တာလဲကြာခဲ့ပြီ။သူများတွေ မည်သို့ရေးနေသည်မသိ။ကျွန်တော်ကတော်ကတော့ အာရုံမရလျှင် အာရုံပျက်သွားလျှင် စာရေး၍မရတော့ပါ။ဟီးး အမှန်တိုင်းပြောရလျှင် ဆရာကြီး ပီမိုးနှင်း ပြောထားခဲ့သော"ပျင်းရိခြင်းသည် လူကိုတုပ်နှောင်ထားသော ကြိုးများဖြစ်သည်"ဆိုသကဲ့သို့ အာရုံမရတချက် ပျင်းတစ်ချက်က ကျွန်တော့ရဲ့ ကလောင်လက်ကို ကိုင်စွဲထားပေတော့သည်။(ဒီနေရာမှာ ကျွန်တော်တစ်ခုတော့ ပြောပါရစေ ကျွန်တော်စာမရေးခြင်းမှာ ဈေးကျခြင်း ကြောင့်မဟုတ်ပါခင်ဗျာ…fb groupတွေထဲ မဝင်တာကလဲ Fb acc lock (1)လ ကျနေတာကြောင့်ပါခင်ဗျာ😊😊😊)
ကျွန်တော်အခုရေးပြမှာက ကျွန်တော်စာမရေးတဲ့အကြောင်းကို ပြောပြမလို့မဟုတ်ပါ။ကျွန်တော် စာမရေးတဲ့ အတောအတွင်းမှာ ကျွန်တော် လုပ်ဖြစ်တာလေးတွေ သိဖြစ်တာလေးတွေကို ကျွန်တော့ အတွေးဖြင့် အနည်းငယ် share လုပ်ခြင်လို့ ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော် အခုတလော Facebook page အသစ်တွေဖွင့်ခြင်း ဇာတ်ကားကြည့်ခြင်းဖြင့် အချိန်တော်တော်များ ကုန်လွန်သွားခဲ့ပါသည်။မြန်မာပြည်၏ FB page လောက FB Group လောကတွင် အများပြည်သူအတွက် အမှန်တကယ် ဗဟုသုတ ဖြစ်စေသော အမှန်တကယ် အကျိုးရှိစေသော page တို့သည် လက်ချိုးရေတွက်၍ရသည်။လူတို့၏ အသိဥာဏ်ကို ထုံအသွားစေသော အပြာpageများ - 2D 3D page groupများ-အနုပညာအမည်ခံ အဖော်ချွတ်ပြသော pageများ groupများသာ များလှပေသည်။
ဒီနေမှာ ကျွန်တော်လဲ page ထောင်နေတဲ့သူဆိုတော့ နောက်ထပ်သတိထားမိတာ တစ်ခုလဲရှိပါသေးတယ်။အဲ့ဒါက စာဖတ်သူ ပြည်သူလူထုကလဲ စာကောင်းပေမွန်ထက်"စမီးလှလား ခရုလား ပတ်ကျီလား…ဘာ အထိမ်းအမှတ်ဖြင့် မဲဖောက်မယ် ညာအထိမ်းမှတ်း စသည်ဖြင့် ကြော်ညာသော Pageများ …အပြာpageများ လွန်စွာ စည်ကားလှသည်။အဘယ်မျှ စည်ကားပါသနည်းဟူမူက စာကောင်းပေမွန် တစ်ပုဒ် like share တစ်ခုရချိန်တွင် အပြာတစ်ပုဒ် အဖော်ချွတ်ပုံတစ်ပုံ ၏ like shareက ရာကျော်နေပြီဖြစ်လေသည်။
ဤသည်ကို ကြည့်ခြင်းဖြင့် ကျွန်တော်တို့ ပြည်သူလူထုသည် စာကောင်းပေမွန်ထက် အဆိပ်စာပေတို့ဘက်တွင် အားသာနေကြောင်း တွေ့ရပေသည်။စာဖတ်ခြင်းကြောင့် လူတို့သည် တဖြည်းဖြည်းပြောင်းလဲ လာလေသည်။အဆိပ်စာပေကြောင့် မကောင်းသည့်ဘက်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပါက ကျွန်တော်တို့ တိုင်းပြည်ကြီးတွင်"ပညာတက်လူယုတ်မာ"များ တိုးပွားလာမည်ကို စိုးရိမ်လှပေသည်။
credit image source
Internet ခေတ်တွင် စာအုပ်ဆိုင်ရှာစရာမလို…လူသိခံစရာမလိုပဲ…စာပေမျိုးစုံ ပညာမျိုးစုံး လေ့လာလို့ရသည့်အထဲမှ မြန်မာပြည်၏ စာဖတ်သူအများ…ကလေးသူငယ်များ…လမ်းလွဲ လမ်းမှားမရောက်အောင် pageထောင်သူများက ပိုက်ဆံတစ်မျက်နှာသာမကြည့်ပဲ စာကောင်းပေမွန် pageများ groupသာထောင်ပြီး စာဖတ်လွဲ အတွေးလွဲနေသော ပြည်သူတို့ကို တည့်မတ်ပေးခြင်းဖြင့် တိုင်းပြည်တာဝန်ကို မိမိတက်နိုင်သည့်ဘက်မှ ထမ်းရွက်စေလိုပါကြောင်း မေတ္တာရပ်ခံ အကြံပြုပါရစေ ခင်ဗျာ……
ဒီနေ့တော့ ဒီလောက်ပဲဗျာ…
@myintlwinsoe
msc-224