credit image source
ဒီကဗျာလေးကို ကျွန်တော်တို့(6)တန်းတုန်းက သင်ကြားခဲ့ရဖူးပါတယ်။ကျွန်တော် ဒီကဗျာလေးကို အရမ်းသဘောကျသလို အရမ်းလည်း ကြိုက်ပါတယ်။ဒါကြောင့် အလွတ်ကျက်ထားပါတယ်။
ကျွန်တော်တို့ အလုပ်တွေလုပ်တဲ့အခါ အခက်ခဲတွေ တွေ့ပြီး ရှေ့ဆက်ပြီး လုပ်ချင်စိတ်မရှိအောင် ဖြစ်ခဲ့ရတဲ့ အခြေနေမျိုးတွေ ကြုံဖူးကြမှာပါ။
ကျွန်တော်ကတော့ အလုပ်က အကျိုးရှိမယ် မှန်းလဲသိပြီး ရှေ့မဆက်နိုင်အောင် ခက်ခဲနေပြီ ဆက်လုပ်ချင်စိတ်ပျောက်နေတယ် ဆိုရင် အခုကဗျာလေးကို အဖန်ဖန်ရွတ်ပြီး နေလိုက်ပါတယ်။ထိုသို့ရွတ်နေရင်းနဲ့ အလုပ်ကို ပြန်လုပ်ချင်စိတ်ပြန်ဖြစ်လာပါတယ်။ကုန်နေတဲ့အားတွေ ပြန်ပြည့်သလိုခံစားမိပါတယ်။
ဒါကြောင့် မိတ်ဆွေတို့လဲ ဒီကဗျာလေးကို အလွတ်ကျက်ထားစေလိုပါတယ်။ဘဝမှာ အခက်ခဲ အကျပ်တည်းတွေ ကြုံတဲ့အခါမှာ ဒီကဗျာလေးကို အဖန်ဖန်ရွတ်ပြီး စိတ်ခွန်အားတွေ ပြန်လည်ပြည့်ဝပါစေဗျာ။
အားလုံး အောင်မြင်မှုတွေ ရကြပါစေ။
MSC-224
@myintlwinsoe