ခွင့်လွှတ်ခြင်းဟူသည် (ဇာတ်သိမ်း)

Words
247
Reading
2 min
Listen
Play
8y

ညီညီတို့ သီတင်းကျွတ်ကန်တော့ပြီးပြန်သောအခါ အဒေါ်မှ မုန့်ဖိုးပေး၍ပျော်ရသည်။သူများတွေဆို နေ့တိုင်းမုန့်ဖိုးရသည် ညီညီမှာ မိဘတွေမပြေလည်သောကြောင့် မရ။ပြန်ခါနီး ကိုကိုထံမှ ထောက်စူးတောင်းတော့ ကိုကိုက သူ့စာအုပ်အသစ်လေးတွေ နှင့် သူ့ကျောပိုးအိပ်ပါပေးလိုက်သည်။စာအုပ်ဆို အပေါစားသာသုံးနိုင်ပြီ လွယ်အိတ်ဆိုလဲ သူများတွေလို ကျောပိုးအိတ်ကို စိတ်တောင်မကူးရဲ ဟောင်းနွမ်းနေပြီဖြစ်သော လွယ်အိတ်လေးကိုသာလွယ်သောညီညီ အတွက် ကိုကိုမှ ညီညီလို ချင်တာတွေပေးလိုက်သည့်အတွက် ညီညီပျော်ရသည်။ညီညီပျော်နေသည်ကို ကြည့်ပြီး ကိုကိုပါ ပျော်ရွှင်နေသည်။ပေးသူ၏အပျော်နှင့် ရယူသူ၏အပျော် မည်သည်က သာမည်မသိ။

credit image source

သီတင်းကျွတ်ကျောင်းပြန်ဖွင့်သောအခါ ညီညီအိမ်နီးချင်း သူငယ်ချင်းဖြစ်သော မောင်မောင်ကို သူ့အိမ်မှစက်ဘီးလှလှလေး တစ်စီးဝယ်ပေးသည်။ညနေတိုင်း ညီညီတို့စက်ဘီးနင်းထွက်ကြသည်။တစ်ညနေတွင် ညီညီမှ စက်ဘီးနင်းပြီး မောင်မောင်က နောက်တွင်ထိုင်လိုက်လာသည်။ကားလမ်းမအရောက် စက်ဘီးလက်ကိုင်မှ ယိုင်သွားကာ လမ်းဘေးမှရပ်ထားသော ကားပေါ်သို့လဲကျသွားသည်။စက်ဘီးလက်ကိုင်နဲ့ ကားဘော်ဒီကို ခြစ်မိကာ ဆေးကွာသွားသည်။ညီညီတို့ သူငယ်ချင်းနှစ်ယောက် ကမန်းကတန်းထကာ စက်ဘီးကိုမြန်မြန်ထောင်လိုက်သည်။

ကားပေါမှ လူလတ်ပိုင်း ဦးလေးကြီးဆင်းလာပြီး သူ့ကားကိုကြည့်လိုက်သည်။ဆေးကွာနေသည်ကိုတွေ့သွားသောအခါ"ငါ့ကားလေးက ဝယ်ထားတာ လပိုင်းပဲရှိသေးတာကွ…မင်းတို့ကွာ"ဟုပြောကို ညီညီတို့အားကြည့်လိုက်သည်။

ညီညီနှင့် မောင်မောင်မှာ ကြောက်လွန်း၍ တုန်နေသည်။ညီညီတို့ ပုံစံမှာ ပေတီပေစုပ်လေးတွေနှင့် နွမ်းပါမှန်းသိသာနေသည်။ညီညီမှ"ဦးဦးရယ်…သားတို့ တမင်လုပ်တာမဟုတ်ပါဘူး …သားတို့ကို့ မလျှော်ခိုင်းပါနဲ့နော်…သားတို့ မိဘတွေကလည်း ဆင်းရဲပါတယ်…သားတို့ကို မလျှော်ခိုင်းပါနဲ့နော်"ဟု ငိုမဲ့မဲ့လေးနှင့်ပြောလိုက်သည်။မောင်မောင်မှာတော့ ကြောက်လွန်းသဖြင့် စကားတစ်ခွန်းမှ ထွက်မလာခဲ့။

ညီညီတို့ ပုံစံနှင့် ညီညီအပြောကိုကြားသောအခါ ဦးလေးကြီးမှာ အားရပါးရပြုံးလိုက်သည်။ထို့နောက်"ဦးက သားတို့မလျှော်ခိုင်းပါဘူးကွာ…ဦးသားတို့ကို ခွင့်လွှတ်ပါတယ်…ဦးကလည်း လမ်းဘေးမှာရပ်ထားမိတာကို…သားတိုမစိုးရိမ်နဲ့…သာတို့ အနာတရဖြစ်သွားသေးလား"ဟုပြောလိုက်သည်။ထိုအခါမှ ညီညီတို့ပြုံးနိုင်လာသည်။"သားတို့ဘာမှမဖြစ်ပါဘူး ခင်ဗျာ…သားတို့ကို အလျှော်မတောင်းလို့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…သားတို့ကိုသွားခွင့်ပြု ပါအုံးခင်ဗျာ"ဟုပြောကာ အိမ်ပြန်လာခဲ့ကြတော့သည်။

ရာသီတွေ အလီလီပြောင်းလဲခဲ့ပြီဖြစ်သည်။ယ္ခုဆိုလျှင် ညီညီတစ်ယောက် ကုမ္ပဏီတစ်ခုတွင် သိန်းဆယ်ဂဏန်း ဝင်ငွေရှိသော မန်နေဂျာတစ်ယောက်ဖြစ်နေလေပြီး။ညီညီတစ်ရက် ချစ်သူလေးဖြင့် ပဲခူးသို့ ဘုရားဖူးရန် ကားမောင်းထွက်လာခဲ့သည်။လှည်းကူးဈေး အရောက်တွင် ချစ်သူက အိပ်ချင်ပြေ စပျစ်သီး စားချင်သည်ပြော၍ စပျစ်သီးဝယ်ရန် ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။

ထိုအချိန်တွင် ဆိုင်ကယ်မောင်းတက်ခါစ ကောင်လေးတစ်ယောက်သည် ဘေးမှာ လူကိုရှောင်ရင်း လက်ကိုင်မနိုင်ပဲ ရပ်ထားသော ညီညီတို့ကားကို ဝင်တိုက်မိသွားသည်။ညီညီကားထဲမှ ထွက်လိုက်သည် ထို့နောက် ကားကိုကြည့်လိုက်သောအခါ ကားမှာ body ပိန်သွာပြီး ဆေးလည်းကွာသည်။တိုမိသော ဆိုင်ကယ်မှာလည်း ရှေ့ဂွေလိမ်သွားသည်။

တိုက်မိသော လူငယ်လေးမှာ ဘာနှင့် ခိုင်းမိသည်မသိ ခြေထောက်မှ သွေးများ စိုရွှဲစွာထွက်နေသည်။လူငယ်လေးသည် သူ၏ဒဏ်ရာကို သတိမမူမိပဲ ညီညီအား ထိတ်လန့်စွာ ကြည့်ုပြီး" အကိုရယ် ညီလေးတမင်လုပ်တာ မဟုတ်ပါဘူး…ဘေးက လူကို ရှောင်ရင်းနဲ့ ဖြစ်သွားတာပါ…ညီလေး ဆိုင်ကယ်စီး မကျွမ်းကျင်တာလည်းပါတာပေါ့အကိုရယ်…ညီလေး…"လူငယ်လေးမှာ စကားကို ဆုံးအောင်မပြောလိုက်ရ။

ညီညီမှပြုံးပြီး"ညီးလေး အကို အလျှော်မတောင်းပါဘူးကွ…မကြောက်ပါနဲ့…အကိုငယ်ငယ်ကလည်း အခုလို သူများကားကို စက်ဘီးနဲ့ တိုက်မိဘူးတယ်…ဟားးး…မင်းခြေထောက်မှာ သွေးတွေနဲ့…ခိုက်မိသွားတယ်ထင်တယ်…ညီလေးဆိုင်ကယ်ကို ဒီနားက ဆိုင်ကို အကိုပို့ထားခဲ့မယ်…ပြီးမှ ညီလေးအိမ်ကို လာယူခိုင်းလိုက်နော်"တိုက်မိသော ကောင်လေးမှာ အံသြဝမ်းသာ ဖြစ်နေတော့သည်။

ညီညီသည် ဆိုင်ကယ်အား ပြင်ဆိုင်ပို့ပြီး ကောက်လေးအား ကားဖြင့် ဆေးခန်းလိုက်ပို့ပေးသည့် အပြင် အိမ်ထိလိုက်ပို့လိုက်သည်။ကောင်လေးကို တွဲပြီး အိမ်ထဲရောက်သောအခါ "သား…မင်းဘာဖြစ်လာတာလဲ"ဟု ကောင်လေး၏ အဖေဟု ယူဆရသော ဘကြီးတစ်ယောက်မှ မေးသည်။ညီညီလွန်စွာ အံ့သြသွားရသည်။ထိုဘကြီးမှာ ညီညီငယ်ငယ်က စက်ဘီးနှင့် တိုက်မိသော ကားပိုင်ရှင်ဖြစ်နေသည်။

ညီညီမှ ထိုဘကြီးအား ဖြစ်ကြောင်းကုန်စင်ပြောသည်။ အလျှော်မတောင်းကြောင်းလည်း ပြောပြသည်။ဘကြီးသည် ညီညီအားမမှတ်မိ။ထိုအခါ ညီညီမှ"ဘကြီး ကျွန်တော့်ကို မှတ်မိဘူးလား… ဘကြီးကားကို စက်ဘီးနဲ့တိုက်ခဲ့သူ လေ"ဟုပြောပြသည်။ထိုအခါမှ ဘကြီးသည် ကောင်းစွာမှတ်မိသွားပြီး အားရဝမ်းသားစွာ ပြုံးကာ"ငါ့တူက ဘကြီးပေးခဲ့တဲ့ ခွတ်လွှတ်ခြင်း သင်ခန်းစာကို ကောင်းကောင်းရလိုက်တာပဲ…ဝမ်းသာတယ်ကွာ"
"ဟုတ်ပါတယ်ဘကြီး…ဘကြီးပေးတဲ့ ခွင်လွှတ်ခြင်း သင်ခန်းစာကို ကျွန်တော်တော် ကောင်းကောင်းရလိုက်လို့ လူမှုဝန်းကျင်မှာ နေရထိုင်ရတာ လွန်စွာမှာ အဆင်ပြေရပါတယ်…သူများကို ခွင့်လွှတ်တက်သွားလို့ ကျွန်တော့်မှာ စိတ်ဆိုဒေါသတွေနည်းသွားပြီး…အလုပ်မှာလည်း ပိုပြီးအာရုံစူးစိုက်နိုင်လို့ အလွန်အဆင်ပြေလှပါတယ်…ဘကြီးသာ ထိုအချိန်က ခွင့်လွှတ်မပေးပါက ကျွန်တော်လည်း အခုလို ခွင့်လွှတ်နားလည်မှုတွေ ပေးနိုင်မယ် မထင်ပါဘူးခင်ဗျာ…ကျွန်တော်ကို ခွင့်လွှတ်ခြင်း သင်ခန်းစာ သင်ကြားပေးခဲ့တဲ့ ဘကြီးကို ကန်တော့ပါရစေ…"ဟုပြောကာ ဘကြီးအား ရှစ်ခိုးကန်တော့လိုက်သည်။ဘကြီး၏ မျက်နှာတွင် ဝမ်းသာပီတိတို့ဖြင့်။ညီညီမျက်နှာတွင်လည်း ဝမ်းသာပီတိတို့ဖြင့်…

MSC-224
myintlwinsoe@myintlwinsoe

ခွင့်လွှတ်ခြင်းဟူသည် (ဇာတ်သိမ်း) | Ecency