လူကြီးတွေ ပြောလေ့ရှိသော"ပြန်မပြော နားမထောင်"ဆိုသော စကားမှာ ဘတူအတွက်များ ချန်ခဲ့လေသလားမသိ။ဘတူ ငယ်စဉ်ထဲက မှားမှား မှန်မှန် လူကြီးသူမများ ပြောဆို ဆုံးမသောအခါ ခွန်းတုန့်ပြန်ပြောလေ့မရှိ။ထိုသို့မပြောအောင်လဲ ဘတူ အဖေက ထန်းပင်လက် တချောင်းကုန်ခံကာ လေ့ကျင့်ပေးခဲ့လေလသည်။
credit image source
ယ္ခုပြသနာတွင်လဲ ဘတူစိတ်ထဲတွင် ဒေါသအလိပ်လိုက် ထွက်နေသော်လဲ ယောက္ခမကြီး ပြောသမျှ ငြိမ်၍နားထောင်းကာ ခိုင်းသည့်အတိုင်း လုပ်ပါမည်ဟု ကတိခံနေရလေသည်။
ပြသနာဖြစ်ပုံမှာ မနေ့က ဘတူယာထဲသွားသောအခါ အသက် ၁၀ နှစ်ခန့်ရှိပြီဖြစ်သော သားကို ခေါ်သွားခဲ့သည်။ကလေးသည် လိမ္မာသော ကလေးဖြစ်သည်အလျှောက် ဖခင်အား နေပူထဲတွင် ဝိုင်းကူလေသည်။နေ့လည်အိမ်ပြန်ရောက်ချိန်တွင် ကလေးသည် ရေတန်းချိုးလေသည်။လူကြီးများကလဲ သတိမထားမိလိုက်။
ညနေရောက်သောအခါ ကလေးသည် အပုရှပ်ခါ ဖျားလေတော့သည်။ဤသည်ကို ယောက္ခမကြီးမှ ကလေးအား အပေါ့အလေးစွန့်ခဲ့သော နေရာမေးပြီး အပြန်လမ်း ညောင်ပင်လောက်တွင် အပေါ့စွန်ခဲ့ကြောင်းသိသောအခါ ဘတူအား ဆူးလေတော့သည်။အဘယ်ကြောင့်ဆိုသော် ထိုညောင်ပင်သည် ရွာထဲတွက် ရုက္ခစိုး ရှိသည်ဟု နာမည်ကြီးသောကြောင့်ဖြစ်သည်။ထို့ကြောင့် ဘတူအား ညောင်ပင်ပြန်သွားကာ တောင်းပန်ခိုင်းနေချင်းဖြစ်လေသည်။
ဘတူသည် ခတ်ပညာ ဘွဲရထိ သင်ခဲ့သောကြောင့် ကလေးအပူရှပ်ဖျားခြင်းဖြစ်ကြောင်းသိသည်။ဤသည်ကို ဘတူယောက္ခကြီးမှ ကလေးအား ဆေးဆရာအပြပဲ မဆီမဆိုင် ညောင်ပင်တွင် ရုက္ခစိုးအား ရုက္ခစိုးစဉ်ဆောက်ကာ တောင်ပန်းခိုင်းနေခြင်းကြောင့် ဒေါသအလိပ်လိုက် ထွက်နေတော့သည်။ဤရုက္ခစိုးစဉ်အား ပြန်ဖျက်မည်ဟုလဲ တေးထားလိုက်လေတော့သည်။
ဘတူ စိတ်မပါသော်လဲ ရက္ခစိုးစဉ်သွားဆောက်ပြီး အပြန်တွင် ကျန်းမာရေးမှုထံတွင် ကလေးအတွက် အကျိုးကြောင်းပြောကာ ဆေးတောင်းခဲ့လေသည်။ယောက္ခမ မသိအောင်ကလေးအား ဆေးတိုက်းသည်။ကလေးသည် နောက်ရက်တွင် သက်သာပြောက်ကင်းသွားလေတော့သည်။
ဘတူ စဉ်ဆောက်ပြီးခါမှ ထိုညောင်ပင်သည် ပို၍နာမည်ကြီးလားသည်။တိုက်ဆိုသည်ဟု ဆိုရမည်လောမသိ အယုံကြည်မရှိသော ဘတူပင် နဲနဲလန့်လာသည်။သိုသော် ထိုရုက္ခစိုးစဉ်အားလဲ ဖျက်ပြစ်ချင်နေလေသည်။
ဤသို့ဖြင့် တစ်လခန့်ကြာသောအခါ ဘတူအကြံတစ်ခုရသွားသည်။ထိုအကြံအား ယနေ့တွင် လက်တွေ့အကောင်ထည်ဖောင်မည်ဟုလဲ ဆုံးဖျက်ထားလေသည်။ဘတူ ယာထဲကအပြန်တွင် လှည်းကို ကဆုန်ပေါက်ဒုံးစိုင်းကာ ပါးစပ်မှလဲ"ဗျို့…ရုက္ခစိုးကြီး ဖယ်ဗျို့ ကျုပ်နွားတွေက ထိန်းမနိုင်တော့ဘူ ဖယ်ဗျို့"ဟု အော်ရင်း ရုက္ခစိုးစဉ်အား လှည်းဖြင့် တိုက်ခါ ဖြိုလိုက်လေတော့သည်။
ဘတူလုပ်ချင်ရာ လုပ်လိုက်ရသဖြင့် လေလေးတချွန်ချွန်ဖြင့် ပြုံးပျော်ကာ အိမ်ပြန်ခဲ့လေတော့သည်။သိုသော် အိမ်ရောက်ရောက်ချင်း ဘတူမိန်းမမှာ တကိုယ်လုံးတုန်ခါ နတ်ပူးလေတော့သည်။ဘတူ မိန်းမ ပါစပ်မှပြောသည်မှာ"ဘတူရေ……မင်းကို ကျေးဇူးတင်ပါတယ်……ငါကအိပ်ပျော်တာ…မင်းအော်သံကြားတာနဲ့ ငါလဲထပြေးတာပဲ ဒါတောင် အဖျားခတ်ပြီးတိုက်မိတာ ခါးနဲနဲ မြတ်သွားတယ်…မင်းသာမအော်ရင် အလွယ်ဘူး"ပြောကာ ထွက်သွာူလေတော့သည်။
ထိုဖြစ်ရပ်အပြီးတွင်မှ ထိုညောင်ပင်သည် နာမည် လွန်စွာကြီးသွာူလေတော့သည်။နောက်တပိုင်းတွင် ဘတူနဲ့ ထိုရုက္ခစိုး ဘယ်လိုဘယ်ပုံငြိကာ ဘာတွေ ဖြစ်လာမည်ကို ဆက်လက်ရေးသားပါတော့မည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
@myintlwinsoe
MSC-224