ဒီလိုနဲ့ ဘတူ အလုပ်သွား ပြန်လာလို့ ညမိုးချုပ်တော့ ဘတူရဲ့ ဘဝကို စဉ်းစားကြည့်တယ်။အချိန်မှန် အလုပ်သွား ခိုင်းတာလေးလုပ်။ဘဘကြီးတွေ သဘောကျအောင်လဲ ပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောနေရတဲ့ဘဝကို စဉ်းစားပြီး စိတ်ကုန်လာတယ်။ဒါနဲ့ ဘတူ တစ်ယောက် အလုပ်ထွက်ပြီး ဘုန်းကြီး ဝတ်မယ်စိတ်ကူး လိုက်တယ်။
အပြည့်စုံ ဖတ်ရန်
xxxxxxxxxxxxxx
ဘတူ တစ်ယောက် နံနက်မိုးလင်းသောအခါ ရုံးပေါ်သွား၍ ထွက်စာတင်လိုက်သည်။ဘတူ စိတ်ကူးထဲတွင် စာချုပ်အရ တစ်လ အလုပ်ဆက်ဆင်းပြီးလျှင် ထွက်ခွင့်ရတော့မည်။ပြီးလျှင် ဘုန်းကြီးဘဝနှင့် အေးရာ အေးကြောင်း နေတော့မည်ဟု စိတ်ကူးနှင့် အေးချမ်းနေမိသည်။
credit image source
ဤတွင်"မင်းတို့ မလုပ်ချင် ထွက်"ဟု အမြဲပြော နေသောကြောင့် အလွယ်တကူ ပြီးသွားမည်ဟု ထင်ခဲ့မိသည်။တစ်လပြည့်သောအခါ ဘတူ အလုပ်သို့မလာတော့ပဲ အိမ်တွင် ခဏအနားယူနေလိုက်သည်။ထိုနားနချိန်တွင် အလုပ်မှ အသိတစ်ယောက်က"မင်းကို ပျက်ကွက်နဲ့ အလုပ်ထုတ်လိုက်တယ်"ဟုလာပြောသည်။
ဘတူ အံသြသွားသည်။စက်ရုံအတွက် အလုပ်ကျိုးစားခဲ့သော သူ့အတွက် နောက်ဆုံး ဆုလဒ်မှာ ပျက်ကွက်နှင့် အထုတ်ခံရခြင်းပါလား။ဘတူတို့ အလုပ်ထွက်မည် ဆိုပါက ရုံးချုပ်သို့ ထွက်စာပို့ရသည်။ထွက်သူများလျှင်"မလုပ်ချင် ထွက်"ဆိုသော ဘဘကြီးတို့ ဖြေရှင်းချက်ပေးရသည်။ဘတူ ကိစ္စတွင် ဘဘကြီးသည် ဖြေရှင်းချက်မပေးလို၍လား မသိ။တရုတ်သိုင်း စာရေးဆရာများ စကားကို ယူသုံးရမည်ဆိုလျှင် မည်သို့လုပ်လိုက်သည်မသိ ဘတူ ပျက်ကွက်နှင့် အထုတ်ခံရသည်။
ဘာပဲ ဖြစ်ဖြစ်ပါလေ…ဘတူ တစ်ယောက် စိတ်ဆန္ဒမပါပဲ ဟုတ်ကဲ့ပြောစရာမလိုတော့။အစည်ဝေဆိုပြီး ဆွေးနွေးခွင့် မရပဲ ဘဘကြီး ပြောသမျှနားထောင် ပြန်ရသော အဖြစ်မျိုး မရှိတော့…ပြီးတော့xxxxxxကိစ္စများ မရှိတော့ သဖြင့် ဘတူ စိတ်ထဲတွင်တော့ ပေါ့ပါးလွတ်လပ်နေမိသည်။
ဘတူ ရည်ရွယ်ချက်အတိုင်း ဘုန်းကြီး ဝတ်ရန် စေတနာ သဒ္ဒါတရားကောင်း လွန်းလှသော မန္တလေး မြို့တော်ကြီးရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် သိမ်ဝင်ကာ ရဟန်း ဝတ်လိုက်တော့သည်။ဘတူ၏ ရဟန်း ဘဝအစ ဆွမ်းခံထွက်ရာတွင် တွေ့သမျှအိမ်ပေါက် ဆွမ်းရပ်သည်။ဤတွင် ဘတူ အများဆုံးကြားရသည်မှာ"ဥူးဇင်း(၉၆၉)အဖွဲ့ဝင်လား…အဖွဲ့ဝင်ဆိုလျှင် ဆွမ်းမလောင်းနိုင်"ဟူသော စကားပင်ဖြစ်သည်။သံဃာကို ရည်မှန်းပြီး ဆွမ်းလောင်းလှုရာတွင် ဘာဥူးဇင်း ညာဥူးဇင်း ဆိုတာ ပါစရာ မလိုတော့ဟု ထင်မိသည်။
ဘတူ မြို့ကြီးတွေရဲ့ ဆွမ်းလောင်း စနစ်ကို တစ်ရက်ထဲဖြင့် စိတ်ပျက်သွားသည်။ထို့ကြောင့် ဘုန်းကြီးကျောင်း မရှိသောရွာလေးတွင် သွား၍ တပါးတည်း သတင်းသုံးနေမိသည်။ရဟန်းတပါးအတွက် သပိတ်တစ်လုံး သင်္ကန်းသုံးထည်ရှိလျှင် အဆင်ပြေပြီ မဟုတ်ပါလော။
ဘတူသွား၍ သတင်းသုံးသောရွာလေးသည် စေတနာ သဒ္ဒါတရား ကောင်းလွန်းလှသည်။ဘတူ ရောက်ပြီး မကြာမီတွင် တဲကျောင်းလေး တစ်ခု ဖြစ်သွားသည်။ဘတူသည်လဲ ရွာသူ ရွာသားများ အတွက် တရားဟောခြင်း သီလပေးခြင်းများ ပြုလုပ်ပေးသကဲ့သို့ ဘတူးအတွက်လဲ ပရိတ်ရွတ် ပုတီး စိတ်ခြင်းများ ပြုလုပ်ရင်း အေးချမ်းစွာ သတင်းသုံးလျှက်ရှိသည်။
credit image source
ဘတူ၏ အေးချမ်းသော ရဟန်းဘဝလေးကို စတင်ဖျက်စီးသူမှာ ကြွက်များပင်ဖြစ်သည်။ဘတူ၏ တဲကျောင်းလေးတွင် ကြွက်များ ပေါလွန်း၍ သင်္ကန်းများလဲ အကောင်းမရှိတော့။ဘတူ ဆွမ်းခံထွက်ရင်း ဒါကာ တစ်ယောက်အား ကြွက်သောင်းကြမ်းလွန်းကြောင်း ပြောမိသည်။ဒါကာမှ ကြောင်တစ်ကောင်မွေးရန် ပြောပြီး နေ့လယ်ပိုင်းတွင် ကြောင်တစ်ကောင်လာပို့သည်။
လာပို့သောကြောင်မှာ ကြောင်ငပျင်း ဖြစ်သည့်အပြင် ကြွက်မြင်လျှင် ထွက်ပြေး နေတော့သည်။ဘတူ ပေါ့စေလို၍ ကြောင်ရုပ်ထိုး ပါမှ ဆေးက လေးပြီလေ။ခါတိုင်း တစ်ယောက်စာသာ ဆွမ်းခံထွက်ရာမှ ယ္ခုအခါတွင် ကြောက်အတွက်ပါ နွားနို့ အလှုခံရသည့် အဖြစ်ရောက်လာသည်။ကြာလာသောအခါ ရွာထဲမှ သူကြီးမှ နွားမတစ်ကောင် ကျောင်းလာ လှုလေသည်။
ဘတူမှာ ကြောင်စာအတွက် ဖူလုံသွား သော်လဲ နွားစာအတွက် ရွာထဲသွားပြီး ကောက်ရိုး အလှုခံရပြန်သည်။အစပိုင်းတွင် လှုကြသော်လည်း နောက်ပိုင်းတွင် ရွာထဲမှသူများစု၍ ကောက်ရိုးအတွက် လယ်တစ်ကွက် စိုက်ပေးကြလေသည်။ဘတူ ဥူးဇင်းဝတ်ခါစတွင် ပရိတ်ရွတ် ပုတီးစိတ်လုပ်နိုင်သော်လည်း ကြွက်ကို အကြောင်းပြု၍ ဘာယီယများ များလွန်း၍ နောက်ပိုင်း မလုပ်နိုင်တော့။
ဘတူ လယ်ကွင်းသွား၍ ရေသွင်း ပေါင်းနှုတ်လုပ်ခြင်းဖြင့် အချိန်များ ကုန်လွန်လာပြီး စပါးပေါ်ချိန်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ဘတူ အတွက် စပါးထား စရာနေရာမရှိသောကြောင့် စပါးကျီ တစ်ခုဆောက်ရပြန်သည်။ဘတူ၏ အဖြစ်ကိုကြည့်၍ ရွာထဲမှ မုတ်ဆိုးမ တစ်ယောက်မှ သနားကား လာရောက် ဝိုင်းဝန်းလုပ်ပေးလေးသည်။ကြာလာသောအခါ ဘတူနှင့် မုတ်ဆိုးမတို့ သံယောဇာဉ်ဖြစ်သွားကြလေသည်။ဘတူ ရဟန်း ဘဝမှထွက်ကာ မုတ်ဆိုးမအား ယူလိုက်လေတော့သည်။
ဘတူသည် သူ၏ အဖြစ်အား ပြန်စဉ်းစားမိသည်။အေးအေးချမ်းချမ်း နေလို၍ ဘုန်းကြီးဝတ်ပါမှ မိန်းမပါရလေပြီး။သူမိန်းမ ရခြင်းမှာ သဒ္ဒါတရား ကောင်းလွန်းသော ရွာကြောင့်လော …သံဃာခွဲတက်သော မြို့ကြီး၏ အကျင့်ကြောင့်လော…ကြွက်ကြောင့်လော…ဝန်ထမ်းဘဝဖြင့် လစာမလောက်သောကြောင့်လော…ဘတူ မစဉ်းစားတက်တော့ပါ။စာဖတ်သူများရော ဘာကြောင့်ဟု ထင်ပါသနည်း။
MSC-224
@myintlwinsoe