မောင်ဘတူတစ်ယောက် ရပ်ကွက်ထဲတွင် မသိသူဟူ၍ မရှိ။လူကြီးအစ ကလေးအဆုံး လမ်းဘေးခွေးပါမကျန် မောင်ဘတူသိသည်။သိသလောက်လဲ ရင်းနှီးချစ်ခင်ကြလေသည်။
credit image source
မောင်ဘတူသည် ရပ်ကွက်ထဲတွင် သာရေး နာရေး ရှိလျှင် နေ့ညမဟူ ကူညီပေးတက်လေသည်။သာမန်အချိန်များတွင်လဲ အကူညီလာတောင်းပါက ရက်ရောစွာ ကူညီတက်သာဖြစ်သည်။သူသည် ငွေကြေးအားဖြင့် မချမ်းသာသော်လည်း စားနိုင် သောက်နိုင် အနေထားရှိသည်။
သူ၏ အလုပ်သည် စက်ရုံတစ်ခု၏ လက်ထောက်မန်နေဂျာ ဖြစ်လေသည်။သူ၏အလုပ်မှ သူ့အား လိုင်းခန်းပေးထားသော်လည်း သူသည် ရပ်ကွက်ပျော်ဖြစ်၍ လိုင်းခန်း၌ မနေ။အလုပ်သို့ အသွားအပြန် လိုင်းကားစီ သွားတက်လေသည်။
ရပ်ကွက်ထဲမှ ကိုဘဦးသည် မောင်ဘတူ၏ အခင်ဆုံး မိတ်ဆွေဖြစ်သည်။မောင်ဘတူ အလုပ်သွားတိုင်း ပြန်တိုင်း ကိုဘဦး၏ ကယ်ရီသာ စီးလေသည်။ကိုဘဦးတွင် မထားရွှေဟူသော ဇနီးနှင့် သားသမီး သုံးယောက်ကို ပိုင်ဆိုင်ထားလေသည်။ကိုဘဦးသည် မိသားစုအား ဆိုင်ကယ် ကယ်ရီဆွဲခြင်း အလုပ်တမျိုးတည်းနှင့်သာ
မိသားစု စားဝတ်နေရေးအား ဖြေရှင်းပေသည်။
ကိုဘဦး နေမကောင်း၍ ကယ်ရီမဆွဲ နိုင်သောနေ့များတွင် မိသားစု စားဝတ်နေရေးမှာ ခက်ခဲလှပေသည်။တစ်ရက်တွင် ကိုဘဦးလမ်းသွယ်မှအထွက် လမ်းမအတိုင်းမောင်းလာသော အိမ်စီး ကားနှင့် တိုက်မိသည်။ကံကောင်းသည်မှာ နှစ်ယောက်လုံး အရှိန်မများသဖြင့် လူဘာမှမဖြစ်။ကားမှာ ရှေ့ဘန်ပါပိန်သွားပြီး ဆေးပွန်းသွားသည်။ ကိုဘဦး ဆိုင်ကယ်မှာလဲ ဒူးကာကွဲသွားသည်။မှားသူက ကိုဘဦးဖြစ်သည်။
ထိုအဖြစ်ပျက် အစဆုံးကို မြင်သူမှာ မောင်ဘတူ တစ်ယောက်သာရှိသည်။ကားသမား ကားပေါ်မှဆင်းလားပြီး ကားကိုကြည့်သည်။ထို့နောက် မှားသော ကိုဘဦးအား အလျှော်တောင်းသည်။ကိုဘဦးက သူ့ရပ်ကွက်အားကိုးနှင့်ညစ်သည်။မပေးနိုင်ကြောင်းပြောသည်။
credit image source
ထို့နောက် အငြင်းခုံဖြစ်ပြီး ရပ်ကွက်ရုံးရောက်သွားသည်။ရပ်ကွက် လူကြီးမှ လမ်းအမှား အမှန်မေးရာတွင် ကားသမားမှာ အမှန်တိုင်း သူက လမ်းမကြီးမှမောင်းလာကြောင်း ကိုဘဦးမှာ လမ်းသွယ်က ထွက်လာကြောင်း ပြောပြသည်။ကိုဘဦးမှာမူ လီဆယ်၍ သူလမ်းဘေးမှာ မောင်းနေစဉ် တိုက်မိကြောင်း ပြောသည်။ထို့အပြင် သက်သေအဖြစ် မောင်ဘတူအား ဆွဲထည့်လိုက်သည်။
ထို့နောက် ရပ်ကွက်လူကြီးမှ မောင်ဘတူအား ခေါ်၍မေးသည်။ဤတွင် မောင်ဘတူမှာ များစွာ အခက်တွေ့ရသည်။တစ်ဖက်မှာ အမှန်တရား။တစ်ဖက်မှ ကိုဘဦးတို့၏ မိသားစုအခြေနေ။ဘာကိုရွေးရမလဲ အမြန်စဉ်းစားရသည်။ကိုဘဦီးမှာ မောင်ဘတူအား အားကိုးသော မျက်လုံးများဖြင့်ကြည့်နေသည်။ကားသမားမှာလဲ မျှော်လင့်ချက် မျက်လုံးဖြင့်ကြည့်နေသည်။ရပ်ကွက်လူကြီးမှာ စူစမ်းသောအကြည့်တို့ဖြင့်။
မောင်ဘတူ နေရာတွင် မိတ်ဆွေတို့ဆိုလျှင် စားဝတ်နေရေးကျပ်တည်းသော တစ်ရပ်ကွတည်းထဲသား ကိုဘဦးဘက်တွင် ရပ်တည်မည်လော။သို့မဟုတ် မိတ်ဆွေ အပျက်ခံပြီး အမှန်တရားကိုပြောမည်လော။သိချင်စမ်းပါဘိ။
MSC-224