Rising Star (၂) - Energy Booster ကဒ်များအကြောင်း။

Words
283
Reading
2 min
Listen
Play
4y

Rising Star ကို စတင်ပြီး ကစားနေသူများ
အတွက် Energy Booster Card ရဲ့
အရေးပါပုံနဲ့ သူတို့၏ အလုပ်လုပ်ပုံကို ပြောပြပေး
ပါမည်။ ဒီပိုစ်ရေးဖြစ်သွားရခြင်းမှာ ကိုရှိန်းသူ မှ
လာရောက်မေး၍ဖြစ်ပါသည်။ ဤ Rising Star
ဂိမ်းက နည်းနည်းကျယ်ပြန့်ပါသည်။ ထို့ကြောင့်
ပိုစ်တစ်ခုဖန်တီး၍ မိမိသိသလောက် အသေးစိပ်
ဖော်ပြပေးရခြင်းဖြစ်ပါသည်။
အပိုင်း(၁) မဖတ်ရသေးလျှင် ဤနေရာကိုနှိပ်ပါ>>>

Energy Booster Card က ဘာကြောင့်အရေးပါတာလဲ?

Rising Star သည် Mission ဂိမ်းဖြစ်သည့်
အလျောက် Mission တစ်ခုလုပ်တိုင်း Energy
သုံးရပါသည်။ ဂိမ်းက မိမိအား energy 100%
အပြည့်ပေးထားပါသည်။ ကိုယ်လုပ်မည့် Mission
ပေါ်မူတည်ပြီး Energy 15% 35% သို့မဟုတ်
100% ကုန်ပါသည်။ Energy ကုန်သွားပြီး
ပြန်မရဘူးလားဆိုတော့ မဟုတ်ပါ။ 4 မိနစ်ကို
Energy 1% ပြန်ဖြည့်ပေးပါသည်။
Level မြင့်လာလေလေ Energy သုံးရတဲ့
ရာခိုင်နှုန်း များလာလေလေ ဖြစ်သည်။ ပြီးတော့
မိမိလုပ်ချင်တဲ့ Mission ကို လုပ်လို့မရတာမျိုး
ဖြစ်လာပါသည်။

Energy Booster Card အမျိုးမျိုး

Energy Booster ကဒ်အမျိုးမျိုးရှိပါသည်။
Booster card ဝယ်ရန်အတွက် Card Page
ကိုနှိပ်ပါ။ ပြီးလျှင် Booster ကိုနှိပ်ပါ။ Energy
Boosters ကဒ်များရဲ့ တစ်ခုချင်းစီ၏
အလုပ်လုပ်ပုံကို ဖော်ပြပေးပါမည်။

img_0.7450183605134159.jpg
Image created in Poster Maker

1st and 2nd Birthday cake
ဒီကဒ်ကတော့ တစ်ခါသုံးလျှင် Energy 100%
တန်းဖြည့်ပေးပါသည်။ တစ်ခါသုံးပြီးလျှင်
နောက်တစ်ခါ ပြန်သုံးဖို့ 12 Hours စောင့်ရပါ
မည်။ ဒီကဒ်တွေကို ရယူဖို့ တစ်ခြားနည်းလမ်းရှိပါ
သည်။ အဲ့တာကတော့ တစ်နှစ်ကို Birthday ကိတ်
တစ်ခု ထုတ်ပါသည်။ အဲ့လိုထုတ်တဲ့ခါ Special
mission ကနေ ဝင်လုပ်ပေးရုံတာဖြစ်ပါသည်။
ဒါပေမဲ့ အဲ့ဒီ Mission လုပ်လျှင် 30000
Starbits ပေးချေရပါသည်။ အချိန်ပြည့်လို့
Mission ပြီးသွားလျှင် Birthday Cake တစ်
ကဒ်ပါသည်။

img_0.8926696333001339.jpg

Coffee Cup
Coffee Cup ကတော့ မိမိ Mission လုပ်ပြီး
သွားလျှင် မကြာခနဆိုသလို ကော်ဖီရပါသည်။ ထို
ကော်ဖီရကြောင်းကို Diary အောက်မှာ စာနဲ့ဖော်ပြ
ပေးပါသည်။ ထိုကော်ဖီရလို့ မိမိမှာ ကော်ဖီခွက်
မရှိလျှင် မိမိ Energy ကိုတန်းဖြည့်ပေးပါသည်။
ဒါပေမဲ့ သူက ကော်ဖီတစ်ခုကို 4% သာဖြည့်ပေး
ပါသည်။ မိမိမှာ ကော်ဖီခွက်ရှိလျှင် ထိုကော်ဖီခွက်
ထဲသို့ သိမ်းထားပေးပါမည်။ ကော်ဖီခွက် တစ်ခွက်သာရှိပြီး ကော်ဖီနှစ်ခုပေးလျှင် တစ်ခုသိမ်း
ထားပေးပြီး တစ်ခုကို တန်းဖြည့်ပေးမှာဖြစ်သည်။

img_0.2917676919617605.jpg

Energy Boost
Energy Boost ကတော့ တစ်ခါသုံးလျှင်
Energy 100% တန်းဖြည့်ပေးပါသည်။ နောက်
တစ်ခါပြန်သုံးရန် 24 Hours စောင့်ပေးရပါ
သည်။

img_0.8210776838542999.jpg

Pizza Box
Pizza Box ကတော့ ကော်ဖီခွက် အလုပ်လုပ်ပုံနဲ့
အတူတူပဲဖြစ်ပါသည်။ ဒါပေမဲ့ သူကတော့ 100%
Energy ပြန်ဖြည့်ပေးပါသည်။

img_0.8615667790477456.jpg

img_0.6474265881491966.jpg

Risky Whiskey
သူ့ကိုတော့ ကျွန်တော်မသုံးဖူးသေးပါ။ သို့သော်
ယခုဝယ်ကြည့်ထားပါသည်။ အလုပ်လုပ်ပုံကို မသိ
ရ၍ နောက်ပိုစ်၌ ဖော်ပြပေးပါမည်။

img_0.2799316958926756.jpg

အထက်ပါဖော်ပြပေးခဲ့သည့် အရာများကတော့
Energy Booster ကဒ်များအကြောင်း ဖြစ်ပါ
သည်။ အခုမှ စဆော့သည့် လူသစ်များအတွက်
အကြံပြုခြင်သည်ကတော့ Energy Boost
နှစ်ကဒ်နဲ့ Pizza Box တစ်ကဒ်ကို ဝယ်ယူဖို့
အကြံပြုလိုပါသည်။ နောက်ပိုင်း Level မြှင့်
လာသောအခါမှ လိုသလို ထပ်ဝယ်ဖို့ အကြံပြုလိုက်
ရပါသည်။

Energy Booster ကဒ်ကိုသုံးရန်အတွက် ဂိမ်းထဲ
မှ Energy ဓာတ်ခဲ့ပုံလေးထိပ်က အပေါင်းလေး
နှိပ်ပြီး ပေါ်လာသော ကဒ်များ၏ အောက်က USE
လေးကို နှိပ်ပေးရုံပဲဖြစ်ပါသည်။

ကိုကိုမိုဟိန်း
myanmarkoko@myanmarkoko

Rising Star (၂) - Energy Booster ကဒ်များအကြောင်း။ | Ecency