Rising Star စတင်ပြီး ကစားမဲ့သူများအတွက် (1)

Words
459
Reading
3 min
Listen
Play
4y

Rising Star ဂိမ်းအကြောင်းကို ကျွန်တော်သိ
ထားသမျှ ပြောပြပေးသွားပါမယ်။ အခုမှ
စတင်ဆော့ကစားမဲ့သူများတွက်သာ ရည်ရွယ်ပြီး
ဖော်ပြထားတာကြောင့် သိပြီးသားလူအတွက်တော့
ပျင်းစရာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Pro များ
ဒီပိုစ်ကို ကျော်သွားနိုင်ပါတယ်။😁

Rising Star Game ရဲ့ Community ဟာ
တောင့်တင်းပါတယ်။ နေ့စဥ် Mission လုပ်
ပြီး၊ မိမိ၏ တစ်နေ့တာ Daily progress များကို
မျှဝေပိုစ်တင်ရင်းဖြင့် ဗုတ်များရရှိနိုင်ပါတယ်။
ပိုစ်တင်ရာတွင် Blockchain Gaming
Community မှတင်ပေးရပါမယ်။

Screenshot_2022_0511_180718.png

ဂိမ်းအကြောင်း

ဒီဂိမ်းရဲ့တည်ဆောက်ပုံက အမည်မသိ လမ်းဘေး
သီချင်းဆို ဝါသနာပါတဲ့ ကောင်လေး
တစ်ယောက်ကနေပြီးတော့ ကမ္ဘာကျော် အဆိုတော်
ကြီးတစ်ယောက်ဖြစ်သွားတဲ့ထိ ခရီးလမ်းတစ်
လျောက်မှာ ကြုံတွေ့ရတဲ့ အရာလေးတွေကို
ဂိမ်းဖန်တီးထားခြင်းဖြစ်ပါတယ်။

ဂိမ်းစည်းကမ်း

ဂိမ်းစည်းကမ်းကတော့ အချက် ၇ ချက်ထိ
ပြဌာန်းထားတာကို တွေ့ရပါတယ်။ ဒီစည်းကမ်းချက်
တွေကို အမ suhlaing@suhlaing တင်ထားတဲ့ပိုစ်မှာ
ဖတ်နိုင်ပါတယ်။ အဓိက ၂ ချက်ကတော့ အကောင့်
ပွားများအသုံးပြုခြင်း၊ တစ်ကောင့်နဲ့တစ်ကောင့် လက်ဆောင်ပေးခြင်းတို့ဖြစ်ပါတယ်။ ဥပမာ -
Starbits token နဲ့ Cards များကို လွဲပြောင်းခြင်းပဲဖြစ်ပါတယ်။ Game Admin
များပြောပြချက်အရတော့ သူတို့ဟာ Starbits
Token စျေးကို ၂ နှစ်တိုင်အောင် ကောင်းမွန်စွာ
ထိန်းထားနိုင်ခဲ့ပါတယ်။ အကယ်၍ ကစားသူ
ယောက်က သူ့ရဲ့အကောင့်ပွား သို့မဟုတ် သူ့ရဲ့
သူငယ်ချင်းကို ဂိမ်းထဲမှာ အသုံးပြုဖို့ Starbits
token ကိုလက်ဆောင်ပေးလိုက်တယ်ဆိုရင် သူရဲ့
အကောင့်က ကြီးထွားတာမြန်လာမယ်။ Starbits
တွေလည်း အများကြီးရလာပြီး Level တွေတက်
လာမယ်။ လူတိုင်းကသာ အဲ့ဒီလိုမျိုးလုပ်နေမယ်ဆို
ရင် Starbits စျေးပြိုလှဲပြီး ဂိမ်းရဲ့အဆုံးသတ်ကို
ရောက်သွားလိမ့်မယ်လို့ သိရပါတယ်။ အဲ့တာကြောင့်
အခုလို တင်းတင်းကျပ်ကျပ်ခြင်းလုပ်ရခြင်းဖြစ်
တယ်လို့ ပြောပါတယ်။

ဂိမ်းဘယ်လိုဆော့ရတာလဲ

ဂိမ်းကစားရတယ်ဆိုလို့ ခက်ခက်ခဲခဲကြီးလို့ ထင်နေ
ကြပါလိမ့်မယ်။ တကယ်တော့ အရမ်းကို လွယ်ကူပါ
တယ်။ ဂိမ်းထဲမှာ သူပေးထားတဲ့ Mission တွေကို
လုပ်ပေးရုံပါပဲ။ အသေးစိပ်တစ်ခုခြင်းစီ ရှင်းပြပေး
သွားပါမယ်။
ဂိမ်းထဲဝင်လိုက်တာနဲ့ အောက်ပါအတိုင်း
မြင်ရပါမယ်။

Screenshot_2022_0509_160300.png

အသေးစိပ်ကို ပုံထဲမှာ စာလေးတွေနဲ့ ရှင်းပြထားပါ
တယ်။

IMG_20220509_161212.JPG

ဝိုင်းထားတဲ့နေရာက မြေပုံဖြစ်ပါတယ်။ အဲ့မြေပုံထဲမှ
လင်းနေတဲ့ အပိုင်းလေးတွေက ကိုယ်လုပ်နိုင်တဲ့
Mission တွေဖြစ်ပါတယ်။ မှောင်နေတဲ့အပိုင်းတွေ
က Level တက်ပြီးမှ လင်းလာမှာဖြစ်ပါတယ်။
မြှားထိုးပြထားတဲ့နေရာက ကိုယ်လုပ်ရမဲ့ Mission
တွေရဲ့ နာမည်ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

အောက်ပါပုံကို မြှားပြထားတာကို သေချာကြည့်ပါ။

IMG_20220509_161929.JPG

IIIegal Busking Missionဖြစ်ပါတယ်။
အဲဒီ Mission လုပ်ဖို့ ဘာတွေလိုမလဲ
ကြည့်ရအောင်။

အောက်ပါပုံမှ ဝိုင်းထားတာကို ရှင်းပြပေးပါမည်။
IMG_20220509_162321.JPG

လူပုံလေးက ကိုယ်ရဲ့ Fans ကို ကိုယ်စားပြုပါ
တယ်။ မိမိဆီမှာ Fan 10 ယောက်ရှိမှ
ဒီMission ကိုကစားလို့ရပါမယ်။

လူကလေး လှေကားတက်နေတဲ့ပုံက မိမိLevel ကို
ကိုယ်စားပြုပါတယ်။ မိမိ Level 1 ဖြစ်မှ
ဒီMission ကိုကစားလို့ရပါမယ်။

နာရီပုံကတော့ ဒီMission လုပ်ရင် 5
မိနစ်ကြာမယ်ဆိုတာ ဖော်ပြထားခြင်းဖြစ်ပါတယ်။

ဓာတ်ခဲပုံလေးက ဒီMission လုပ်ရင် မိမိရဲ့
Energy 15% ကုန်မယ်လို့ ဖော်ပြထားခြင်း
ဖြစ်ပါတယ်။

ဒီ Mission ပြီးသွားရင် Starbits 1 to 353
အတွင်း ကျဗန်းရရှိပါမည်။ မိတ်ဆွေတို့က အခုမှ
စဆော့တာကြောင့် Starbits 1 to 10
ဖြစ်ပါလိမ့်မယ်။

Mission လုပ်ချင်တယ်ဆိုရင် Start Now
လေးနှိပ်ပေးရုံပါပဲ။ ပြီးရင် အင်တာနက်ပိတ်ပြီး
ဖုန်းပိတ်ထားလည်း ရပါတယ်။ အချိန်ပြည့်သွားမှ
နောက်တစ်ကြိမ်ပြန်လုပ်ပေါ့။ မိမိ ဘယ် Mission ကနေ
Starbits ဘယ်လောက်ရသလဲဆိုတာကိုတော့ အောက်ဆုံးက
Diary ထဲမှာ ဖော်ပြပေးထားမှာဖြစ်ပါတယ်။

မိမိရဲ့ Fans နဲ့ Skills တွေက ဘယ်ကရမှာလဲ?

မိမိရဲ့ Fans နဲ့ Skills တွေကို ဘယ်နားမှာ
ဖော်ပြထားတာလဲ သိချင်ရင် အောက်ဖော်ပြပါ
ပုံကိုကြည့်ပါ။ Fans နဲ့ Skills က အရေးကြီးပါ
တယ်။ Fans က Level တက်ရင်တက်သလို
လိုအပ်လာမှာပါ။ အဲ့တော့ Fans က ဘယ်လိုရ
မှာလဲ။ ကဒ်ဝယ်ရပါမယ်။ People ကဒ်တွေကို
ဝယ်ခြင်းအားဖြင့် Fans နဲ့ Skillsတွေရပါတယ်။
ပြီးတော့ ဂိမ်းကနေပြီး မိမိဆီကို အပိုင်မဟုတ်တဲ့
ယာယီFans တွေကိုပေးပါတယ်။ ယာယီFans
တွေကို သူတို့က အချိန်မရွေးပြန်နှုတ်တက်ပါတယ်။
အဲ့တာကြောင့် ကဒ်ဝယ်ဖို့ကိုပဲ အကြံပေးချင်ပါတယ်။

IMG_20220511_181651.JPG

Skills ရဲ့ အရေးပါမှု

Skills ကဒီဂိမ်းမှာ အရေးကြီးတဲ့အပိုင်းကနေ
ပါဝင်ပါတယ်။ Fans ထက် Skills က ပိုများနေ
ဖို့လိုအပ်ပါတယ်။ Level 15 ကျော်လာတဲ့ခါ
Ego တက်လာပါမယ်။ Ego တက်တယ်ဆိုတာ
Fans က Skills ထက်ပိုများနေလို့ပါပဲ။ အဲ့ဒီ
Ego တက်ပြီဆိုရင် Mission ကနေမိမိရတဲ့
Reward က နည်းသွားမှာဖြစ်ပါတယ်။

Ego တက်ရင်ဘယ်လိုလုပ်မလဲ?

ဒီမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက
People cars ဝယ်ရပါမယ်။ People ကဒ်မှာ
မှ Skills ပိုပေးတဲ့ကဒ်ကို ဝယ်ရပါမယ်။
ဒုတိယနည်းက ကိုယ်က မရင်းချင်ဘူးဆိုရင်
Music Lessons တွေကို လုပ်ပေးရပါမယ်။
Music Lessons တွေက Skills တွေပေးပါ
တယ်။ အဲ့တာဆိုရင်တော့ တဖြေးဖြေးချင်း
သင့်Ego ကို ထိန်းသွားနိုင်မှာပါ။

IMG_20220511_182035.JPG

နောက်ပိုင်းများမှ ကျွန်တော်သိထားတာတွေကို
ဆက်လက်ပြီး မျှဝေပေးသွားပါ့မယ်။

Rising Star is the best game of the
Blockchain gaming that give
Cryptos. If you have not try it yet
you can use my refer link below

TO PLAY RISING STAR GAME LINK Click Here

And If you have any questions you
can free freely connect to me >>>

Connect to me>>> Touch Image

img_0.49821751738760384.jpgimg_0.6632306743600674.jpgimg_0.8555980578505932.jpg
img_0.5606326659139272.jpgimg_0.8792217511064098.jpgimg_0.9917332950176616.jpg

Screenshot_2021_1003_170004.png

footer2.gif

Post creator : myanmarkoko@myanmarkoko
From : Myanmar
Name: KoKoMoeHein
11.05.22

Thank-You-GIF-37.gif


Screenshot_2021_0706_191708.png

20211003_160918.gif

Rising Star စတင်ပြီး ကစားမဲ့သူများအတွက် (1) | Ecency