မသိခြင်းများ

Words
144
Reading
1 min
Listen
Play
9y

Excel နဲ့ ပတ်သက်လို့ မရေးတာ ကြာလို့ နည်းနည်း ရေးချင်ပါတယ်။

ရေးတယ်ဆိုတာထက် ဉာဏ်စမ်းပုစ္ဆာလေး မေးချင်တာပါ။

အောက်မှာ ပြထားတဲ့ table ဟာ စည်ပင်သာယာ ရေပေးဝေရေးအတွက် လုပ်ပေးထားတာပါ။

ရေမီတာတွေကို နှစ်လတစ်ကြိမ် ဖတ်ပါမယ်။ ဖတ်ပြီး သက်ဆိုင်ရာ cell မှာ meter reading ကို ထည့်လိုက်ရင် သက်ဆိုင်ရလအတွက် ကောက်ခံရမည့် ယူနစ်၊ စုစုပေါင်း သုံးစွဲယူနစ်၊ သက်ဆိုင်ရလအတွက် ကျသင့်ငွေ စတာတွေကို တွက်ပေးနိုင်ရန် တစ်နှစ်လုံးစာအတွက် ပြေလည်စေမယ့် formula ရေးပေးရမှာ ဖြစ်ပါတယ်။ တစ်လချင်းအတွက် ရေးတဲ့ formula မဖြစ်ရပါဘူး။

တကယ်လို့ ယခင်လ meter reading ထက် ယခုလ meter reading က နည်းနေတယ်ဆိုရင် ဒါဟာ ရေမီတာဖတ်သူက မှားယွင်း ဖတ်ရှုလာတာ ဖြစ်တဲ့အတွက် Error ပေးရမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဧပြီ/မေအတွက် meter reading ကို ထည့်လိုက်ရင် ယခင်နှစ်က နောက်ဆုံးဖတ်ထားတဲ့ ယူနစ်ထက် ငယ်နေရင် Error ပေးမှာပါ။ ကြီးနေရင် အဲဒီလအတွက် ခြားနားခြင်းကို ရှာပြီ ကောက်ခံရမယ့် ယူနစ်ကို တွက်ပေးမှာပါ။ နောက် ဇွန်/ဇူလိုင်အတွက် meter reading ကို ထည့်လိုက်ရင်လည်း အဲဒီလိုပါဘဲ ယခင် ဧပြီ/မေအတွက် meter reading ထက် ငယ်မငယ်စစ်ပြီး ငယ်ရင် Error ပေးမှာပါ။ မငယ်ဘူးဆိုမှ တွက်ချက်ပေးမှာပါ။

ကျသင့်ငွေကတော့ ရေမီတာ တစ်ယူနစ်ကို ၂၀၀ ကျပ်နှုန်းနဲ့ တွက်ပေးရမှာ ဖြစ်ပါတယ်။

အမှန်ကတော့ သင်တန်းဆရာ/ဆရာမတွေကလွဲလို့ ကျန် user တွေထဲက ဖြေဆိုနိုင်သူကို ဆုပေးသင့်တဲ့ မေးခွန်းမျိုးပါ။ အနော်ကတော့ မပေးနိုင်လို့ တစ်ယောက်ယောက်များ ဆုပေးချင်ရင် ပေးနိုင်ပါကြောင်း။
image

Hint - IF function သက်သက်နဲ့ ရေးရလို့ ရပါတယ်။ VBA function သုံးပြီးလည်း ဖြေရှင်းလို့ ရပါတယ်။ ဒါပေမယ့် VBA နဲ့ ရေးရင် သိပ်ပြီး handy မဖြစ်လို့ မကြိုက်ပါဘူး။

crd photo google

မသိခြင်းများ | Ecency