Worldcoin

Words
200
Reading
1 min
Listen
Play
3y

Worldcoin ကတော့ ဒီရက်ပိုင်းမှာ လူပြောများနေသလို ဝေဖန်မှုတွေလည်းများနေတဲ့ crypto project တစ်ခုဖြစ်နေပါတယ်။ စတင် launch လုပ်ခဲ့ချိန်တည်းက privacy အပိုင်းကို စိုးရိမ်ကြသူတွေများနေသလို Worldcoin အနေနဲ့ သူတို့လက်ခံထားတဲ့ အရေးကြီး privacy data တွေအပေါ် တာဝန်ခံနိုင်မှုအပြည့်အဝရှိဖို့ လိုအပ်ကြောင်း ထောက်ပြနေသူတွေလည်း ရှိနေတာပါ။ ဒါ့အပြင် ကိုယ့်ရဲ့မျက်လုံး scan data နဲ့ Digital ID လုပ်ထားပြီး asset တွေထည့်သိမ်းထားတဲ့အခါ ဒီ asset တွေကိုလိုချင်သူတွေက ကိုယ့်မျက်လုံးနှိုက်ထုတ်သွားတာမျိုးရော မဖြစ်နိုင်ဘူးလားဆိုပြီး ပေါက်ပေါက်ရှာရှာ မေးခွန်းထုတ်သူတွေလည်း ရှိပါသေးတယ်။

ဒီလိုမျိုး ဝေဖန်မှုတွေ၊ မေးခွန်းထုတ်မှုတွေ မြင့်တက်နေပေမယ့်လည်း Worldcoin ရဲ့ co-founder ဖြစ်သူ Sam Altman ကတော့ Worldcoin ID ရဖို့အတွက် eye scan ဖတ်ဖို့ တန်းစီနေကြတဲ့လူတန်းရှည်ကြီးကို ရိုက်ပြထားတဲ့ video တစ်ခုကို X မှာ တင်ထားခဲ့ပါတယ်။

Sam Altman အဆိုအရတော့ လူတစ်ယောက် eye scan ဖတ်ရင် 8seconds သာ ကြာကြောင်းသိရပါတယ်။ ဒါပေမယ့်လည်း ဒီလောက်လူတန်းရှည်ကြီးဟာ Worldcoin ID လိုချင်လွန်းလို့ တန်းစီနေကြတာမဟုတ်ဘဲ တစ်ယောက်ကို 25 WLD ($50 ဝန်းကျင်) ပေးမယ်ဆိုလို့သာ တန်းစီနေကြတာဖြစ်ကြောင်းလည်း သတင်းတွေထွက်နေပြီးတော့ လူဘယ်နှယောက်အထိ လာတန်းစီခဲ့ကြသလဲဆိုတာကိုတော့ အတိအကျမသိရပါဘူး။

Hong Kong မှာတော့ Worldcoin ဟာ launch လုပ်ပြီးပြီးချင်း ပထမနေ့မှာ 200 sign-up အထိသာ ရခဲ့ကြောင်းလည်း သိရပါတယ်။

အကောင်းရောအဆိုးရော ရှိနေတဲ့ ဒီလို ဝေဖန်မှုတွေကြားထဲမှာ Worldcoin ကတော့ သူတို့ရဲ့ Digital ID တွေကို ကမ္ဘာ့နေရာအနှံ့မှာ ဖြန့်ကျက်နိုင်ဖို့ ဆက်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။
Worldcoin နဲ့ပတ်သက်တဲ့ ကိုယ့်လူတို့ရဲ့ အမြင်လေးတွေကိုလည်း ပြောခဲ့ကြပါဦး!
ကိုယ့်လူတို့ဆိုရင်ရော ကိုယ့်ရဲ့ မျက်လုံး scan data တွေနဲ့ အတည်ပြုထားတဲ့ Digital ID တစ်ခုကို လိုချင်ကြလား?

Reference Link: https://cointelegraph.com/news/worldcoin-iris-scan-every-eight-seconds-sam-altman-japan-video

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Worldcoin | Ecency