‌ဝမ်းသာစရာ

Words
175
Reading
1 min
Listen
Play
3y

Coinbase ရဲ့ Head of Product ဖြစ်တဲ့ Conor Grogan ဟာ ပျောက်ဆုံးနေတဲ့ $320k ဖိုး crypto တွေကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီ crypto တွေဟာ Ethereum hard fork ဖြစ်သွားတုန်းက airdrop ပေးထားခဲ့တဲ့ crypto တွေဖြစ်ပြီးတော့ ပိုင်ရှင်က ဒီ crypto တွေကို ယူဖို့ မေ့နေခဲ့ပုံရပါတယ်။

2016 ခုနှစ်မှာ Ethereum ကနေ hardfork ဖြစ်ပြီး ကွဲထွက်သွားတဲ့ ETC (Ethereum Classic) အတွက် airdrop ပေးရာမှာ ရမှန်းမသိဘဲ ရနေခဲ့တဲ့ crypto တွေဖြစ်နိုင်ကြောင်း Grogan ကတော့ယူဆထားပါတယ်။ ဒီ airdrop တုန်းက ETH ကိုင်ထားသလောက်ကို ETC တွေ 1:1 အချိုးနဲ့ ပြန်ပေးထားတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ရထားခဲ့တဲ့ ETC token တွေဟာ 7နှစ်ကြာချိန်မှာတော့ $320,000 ကျော်အထိ တန်ဖိုးရှိလာတာပါ။

Grogan ကတော့ wallet ပိုင်ရှင်ကိုပါ လိုက်ရှာခဲ့ရာကနေ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုပါ တွေ့ရှိခဲ့ပါတယ်။ ဒီ wallet ပိုင်ရှင်ဟာ 2019 ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ crypto hack တစ်ခုမှာလည်း နစ်နာသူအဖြစ် ပါဝင်ခဲ့ပြီးတော့ သူ့ရဲ့ စုဆောင်းငွေတွေအားလုံးပါသွားခဲ့တဲ့အပြင် Bitfinex exchange နဲ့ပါ အမှုတွေဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့မှာ $320k ဖိုး crypto asset တွေ ရှိနေကြောင်းကို လုံးဝမသိခဲ့ဘဲ Grogan က လိုက်ရှာပြီး ဆက်သွယ်လာမှသာ သိခဲ့တာပါ။

အခုတော့ ဒီ crypto asset တွေလည်း ပိုင်ရှင်လက်ထဲကို ပြန်ရောက်သွားပြီဖြစ်ပြီး Grogan ဟာလည်း hero တစ်ယောက်အဖြစ် ချီးကျူးခံနေရပါပြီ။ တကယ်တော့ ဒီလိုမျိုး ကိုယ့်ကိစ္စမဟုတ်တာကို တကူးတကအချိန်တွေပေး၊ စုံစမ်းပြီးတော့ ပိုင်ရှင်ကို လိုက်ရှာဖို့ဆိုတာ တော်ရုံတန်ရုံလူမလုပ်နိုင်တဲ့ကိစ္စပါ။ ဒါကြောင့် Grogan ဟာ ချီးကျူးမှုတွေအပြင် wallet ပိုင်ရှင်ကနေ ပေးတဲ့ crypto tip တွေနဲ့ပါ လုံးဝထိုက်တန်ပါတယ်။

အခုလိုမျိုး ပိုင်ရှင်မဲ့ဖြစ်ပြီး wallet တွေထဲမှာ ပိတ်မိနေတဲ့ crypto တွေဟာလည်း အများကြီးရှိနေပြီးတော့ Bitcoin ဆိုရင် circulating supply 19 million ကျော်ထဲမှာ 4 million နီးပါးလောက်က ပိုင်ရှင်မဲ့ Bitcoin တွေအဖြစ် ရှိနေပါတယ်။

ဒါကြောင့် ဒီအချိန်မှာ လုပ်ချင်တာတွေလုပ်ပြီး ရှိသမျှပြောင်သွားရင်လည်း စိတ်ဓာတ်မကျပါနဲ့။ နောက်နှစ်တွေကြာလာတဲ့အခါ ကိုယ်မသိလိုက်တဲ့ coin တွေကို ပြန်တွေ့ပြီး ချမ်းသာနိုင်ပါသေးတယ်

Reference Link: https://cryptopotato.com/coinbase-executive-detects-320k-in-crypto-belonging-to-a-stranger/

‌ဝမ်းသာစရာ | Ecency