လိမ်တဲ့ကောင်တွေကတော့ လိမ်နေဦးမှာပဲ

Words
134
Reading
1 min
Listen
Play
3y

UK မှာ မှတ်ပုံတင်ထားတဲ့ crypto company တစ်ခုဟာ ထိုင်းရင်းနှီးမြှုပ်နှံသူတွေဆီကနေ $76 million အထိ လိမ်လည်သွားမှုဖြစ်ခဲ့ပါတယ်။

BCH Global Limited ဆိုတဲ့ UK အခြေစိုက် crypto company တစ်ခုဟာ user တွေကို ရွှေနဲ့ USDT တို့မှာ ရင်းနှီးမြှုပ်နှံပြီး အမြတ်ငွေတွေပြန်ပေးမယ်လို့ လှည့်ဖျားပြောဆိုခဲ့ပြီးနောက်မှာ user ပေါင်း 3,000 ကျော်ဆီကနေ 2.7 billion baht ($76 million) အထိ လိမ်ပြေးသွားတာပါ။

ပိုက်ဆံပါသွားခဲ့ကြသူတွေထဲမှာ တစ်သက်လုံးစုဆောင်းလာရတဲ့ငွေတွေပါသွားကြသူတွေရှိသလို အချို့ဆိုရင် အိမ်ပေါင်ပြီးတော့ပါ ငွေထည့်ကြဖို့ တိုက်တွန်းခံခဲ့ရပါတယ်။ အခုတော့ ထိုင်း CCBI (Cyber Crime Investigation Bureau) ကနေ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးနေပြီးတော့ တရုတ်နိုင်ငံသား ၄ယောက်၊ လာအိုနိုင်ငံသား ၁ယောက်တို့ကို ဖမ်းဆီးထားပါတယ်။

BCH Global ဟာ scam company ဆိုပေမယ့် UK မှာ မှတ်ပုံတင်ထားတာကြောင့် လိမ်တဲ့ကိစ္စထက် UK မှတ်ပုံတင်ကိစ္စက ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

လိမ်တဲ့ကောင်တွေကတော့ လိမ်နေဦးမှာပဲ | Ecency