အမျိုးအစားချင်းလုံးဝဆန့်ကျင်ဖက်ဖြစ်နေတဲ့ Barbie နဲ့ Oppenheimer ရုပ်ရှင်တို့ဟာ ရုပ်ရှင်ပရိသတ်တွေကြားမှာ တော်တော်ကိုနာမည်ကြီးနေခဲ့တာ ကြာပါပြီ။
Barbie ကတော့ Barbie အရုပ်တို့ကမ္ဘာအကြောင်းကို Live action ရိုက်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ Oppenheimer ကတော့ အဏုမြူဗုံးကိုတီထွင်ခဲ့သူ J. Robert Oppenheimer အကြောင်းကို ရိုက်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Barbie နဲ့ Oppenheimer တို့ဟာ social media တွေပေါ်မှာလည်း meme တွေနဲ့ နာမည်ကြီးနေတာဖြစ်ပြီးတော့ ပန်းရောင်အဏုမြူမီးခုံးလုံးကြီးတွေရော၊ Barbie တို့အိမ်ပေါက်ကွဲနေတဲ့ပုံတွေရောကို ပလူပျံနေပါတယ်။
Oppenheimer ကို နာမည်ကြီး director Christopher Nolan က ရိုက်ကူးထားတာဖြစ်ပြီး Cillian Murphy က Oppenheimer အဖြစ်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် ရုပ်ရှင်ထဲက အဏုမြူဗုံးပေါက်ကွဲတဲ့ scene တွေဟာလည်း အပြင်မှာ တကယ်ဖောက်ခွဲပြပြီး ထည့်ရိုက်ပြထားတာဖြစ်ကြောင်း သိရပါတယ်။
Barbie ကတော့ ဇာတ်လမ်းထက် သရုပ်ဆောင်တွေက ပိုပြီးစိတ်ဝင်စားစရာကောင်းနေတာပါ။ Barbie အဖြစ် Margot Robbie က သရုပ်ဆောင်ထားပြီး Ken အဖြစ် Ryan Gosling (literally me) က သရုပ်ဆောင်ထားပါတယ်။ Ryan Gosling ဟာ အရင်က အတည်အခန့်ဇာတ်ရုပ်တွေ သရုပ်ဆောင်ခဲ့တာများပေမယ့် အခု Barbie မှာတော့ တောက်တောက်ပြောင်ပြောင်အဝတ်အစားတွေနဲ့ ပြောင်စပ်စပ် Ken အဖြစ် သရုပ်ဆောင်ထားတာကြောင့် Barbie ဟာလည်း နာမည်ကြီးနေပါတယ်။
ဒီရုပ်ရှင်၂ကားစလုံးကို July လ 20 ရက်နေ့မှာ တပြိုင်တည်း ရုံတင်သွားမှာပါ။ ဒါပေမယ့်Crypto bro အချို့ကတော့ ရုပ်ရှင်ကို ငြိမ်ငြိမ်လေးထိုင်မကြည့်ဘဲ အလောင်းအစားလုပ်ဖို့တွေ ပြင်ဆင်နေကြပြန်ပါပြီ။
ဒီရုပ်ရှင်၂ကားစလုံး ရုံတင်ပြီး ပထမ၃ပတ်ရုံဝင်ငွေကို Polymarket ဆိုတဲ့ crypto လောင်းကစား website ပေါ်မှာ လောင်းကစားလုပ်ဖို့ပြင်ဆင်နေကြတာဖြစ်ပြီးတော့ ရုံဝင်ငွေပိုများတဲ့ကားဖက်မှာ လောင်းထားသူတွေက အနိုင်ရမှာပါ။
တကယ်လို့ ရုံဝင်ငွေတူညီနေရင်တော့ လောင်းကြေးပြန်ရမှာဖြစ်ပါတယ်။
အဓိကကတော့ Barbie နဲ့ Oppenheimer တို့မှာ ဘယ်ကားက ပိုအောင်မြင်လဲဆိုတာကို လောင်းကြတာပါပဲ။
Crypto bro တွေဟာ ခုနောက်ပိုင်းတအားဆိုးနေကြတာဖြစ်ပြီးတော့ Elon Musk နဲ့ Mark Zuckerberg တို့ ထိုးဖြစ်၊ မထိုးဖြစ်ကိုလည်း Polymarket ပေါ်မှာ လောင်းထားကြပါသေးတယ်။
ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ လောင်းကစားလုပ်ခြင်းဟာ စွဲလမ်းစေတတ်ပြီး အကျိုးစီးပွားကိုထိခိုက်စေတတ်ကြောင်း သတိပြုသင့်ပါတယ်။
Reference Link: https://bitcoinist.com/crypto-gambling-barbie-vs-oppenheimer/