ဟ ... ဂေါ်တာပေါ့

Words
171
Reading
1 min
Listen
Play
3y

Venezuela နိုင်ငံက ထောင်ဖောက်မှုတစ်ခုဟာ နိုင်ငံတကာသတင်းတွေမှာ အတော်ကိုနာမည်ကြီးသွားခဲ့ပါတယ်။ တကယ်တော့ ထောင်သားတွေက ထောင်ဖောက်တာမဟုတ်ဘဲ အစိုးရဖက်က ထောင်ပြန်ဖောက်တာပါ။

Tren de Aragua ရာဇဝတ်ဂိုဏ်းက ထိန်းချုပ်ထားတဲ့ Tocoron ဆိုတဲ့ ဒီထောင်ဟာ ရာဇဝတ်သားတွေအတွက် အပြစ်ခံရာနေရာမဟုတ်ဘဲ ရာဇဝတ်သားတို့အတွက် နိဗ္ဗာန်ဘုံတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ ထောင်တွင်းမှာ စားသောက်ဆိုင်တွေ၊ လောင်းကစားခန်းတွေ၊ baseball ကွင်း၊ disco အကခန်းတွေ၊ ရေကူးကန်နဲ့ တိရစ္ဆာန်ရုံအသေးလေးတောင် ပါပါသေးတယ်။ ရာဇဝတ်ဂိုဏ်းသားတွေကနေ ထောင်အာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့ ဒီလောက်အထိလုပ်ထားနိုင်တာဖြစ်ပြီး ရာဇဝတ်သားတွေကြီးစိုးတဲ့ထောင်တွေနည်းတူပဲ ကြီးနိုင်ငယ်ညှဉ်းလုပ်မှုတွေလည်း အများကြီးဖြစ်နေခဲ့ပါတယ်။

Tran de Aragua ဂိုဏ်းဟာ ဒီထောင်ကို သူတို့ရဲ့ Europe ဌာနချုပ်အဖြစ် နှစ်ပေါင်းများစွာသုံးနေခဲ့ကြတာဖြစ်ပြီး ဝင်ငွေရနိုင်အောင်လည်း ထောင်တွင်းမှာ ASIC mining rig တွေနဲ့ Bitcoin တွေ အကန့်အသတ်မရှိ ခိုး mine နေခဲ့ကြတာကြောင့် ဒေသတွင်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ မကြာခဏဖြစ်နေခဲ့တာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရဲနဲ့စစ်သား 11,000 ကျော်ဟာ Tocoron ထောင်ကို သံချပ်ကာကားတွေ၊ တင့်ကားတွေနဲ့ ဝင်စီးခဲ့ကြပြီး ထောင်တွင်းက ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ ASIC bitcoin mining rig တွေနဲ့အတူ sniper rifle တွေ၊ rocket launcher တွေ၊ machine gun တွေ၊ လက်ပစ်ဗုံးတွေ အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေ ပါဝင်ပါတယ်။

ဒီလိုထောင်တွင်းနိဗ္ဗာန်ဘုံဖန်တီးမှုအတွက် ပစ္စည်းတွေသွင်းရာမှာ အဓိကအရေးပါတဲ့ ထောင်စောင့် 4 ယောက်ကို ဖမ်းထားတယ်လို့ Venezuela ပြည်ထဲရေးဝန်ကြီးက ဆိုထားပေမယ့် ထောင်စောင့်တွေနဲ့တင် ဒီလောက်အထိလုပ်လို့ရမှာမဟုတ်ကြောင်းကိုတော့ မသိချင်ယောင်ဆောင်ထားပုံပါပဲ။

Reference Link: https://www.theblock.co/post/252599/bitcoin-mining-machines-rocket-launchers-seized-venezuela-prison-raid

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

ဟ ... ဂေါ်တာပေါ့ | Ecency