ဂုတ်ကြီး ဆိုပြီး လာတော့ မဘတ်နဲ့

Words
182
Reading
1 min
Listen
Play
3y

အလိမ်ဖော်စက်တွေဟာ လူတစ်ယောက် လိမ်နေတယ်၊ မလိမ်နေဘူးဆိုတာ အမှန်တကယ် သေချာပြောနိုင်ပါသလား?
Cristiano Ronaldo ရဲ့ bicycle kick ကိုရော ကြည့်ဖူးပါသလား?

၂ခုလုံးရဲ့အဖြေကို ကိုယ့်ဘာသာစဉ်းစားပြီးပြီဆိုရင်တော့ ဆက်ဖတ်လို့ရပါပြီ။

ဆိတ်ကြီး C.Ronaldo နဲ့ Binance တို့ဟာ NFT Collection တွေထုတ်နေတာ 2 ကြိမ်အထိ ရှိလာပြီဆိုတာ မြန်မာက Binance user တွေ အတော်များများသတိထားမိမှာပါ။ NFT Collection 2 ခုလုံးဟာ C.Ronaldo ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းတစ်လျှောက်က ပုံရိပ်တွေ၊ အထင်ကရအခိုက်အတန့်တွေကို NFT အဖြစ် အသွင်ပြောင်းထားတာဖြစ်ပါတယ်။

NFT Collection တွေရဲ့ SSR (Specially Super Rare) tier တွေဟာလည်း အထူးခံစားခွင့်တွေပါဝင်ပြီးတော့ နောက်ဆုံးထုတ်ထားတဲ့ C.Ronaldo NFT Collection ထဲက SSR tier မှာဆိုရင် C.Ronaldo နဲ့ အတူ လေ့ကျင့်ခန်းဆင်းခွင့်ပါ ပါဝင်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းဆင်းဖို့အတွက် လေယာဉ်လက်မှတ်ခအပါအဝင် နေစရိတ်၊ စားစရိတ်တွေအားလုံးကိုလည်း Binance ဖက်က ကျခံပေးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် C.Ronaldo နဲ့ Binance တို့ဟာ အတော်ကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုမှာ ရှိနေတာဖြစ်ပြီး C.Ronaldo ကိုလည်း Binance jersey ကြီးနဲ့ promotion video တွေမှာ မကြာခဏ တွေ့မြင်နေရတာပါ။

အခုနောက်ဆုံး promotion video မှာတော့ C.Ronaldo ကို ရှေ့ချပြီးတော့ အလိမ်ဖော်စက်နဲ့ အလိမ်ဖော်ထားတာကို တွေ့ရမှာပါ။ ဒီထဲမှာ ကျနော်တို့အကြိုက်ဆုံးမေးခွန်းအချို့ ပါဝင်ပါတယ်။
ပထမတစ်ခုကတော့ C.Ronaldo ရဲ့ တကယ်ကိုလှပသေသပ်တဲ့ bicycle kick ဟာ သူ့အတွက် အကောင်းဆုံး goal ဖြစ်ခဲ့ရဲ့လားဆိုတာပါပဲ။ C.Ronaldo ကတော့ အကောင်းဆုံးဖြစ်ကြောင်းပြောပေမယ့် အလိမ်ဖော်စက်ကတော့ C.Ronaldo လိမ်နေတယ်ဆိုပြီးဖော်ပြလာပါတယ်။ ဒါကြောင့် ဆိတ်ကြီးခမျာ ပြန်ရှင်းခဲ့ရပြီး bicycle kick ဟာ သူ့ရဲ့ အကောင်းဆုံးမဟုတ်တောင် အခက်ခဲဆုံးနဲ့အလှပဆုံး goal ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

နောက်တစ်ခုကတော့ C.Ronaldo ရဲ့ နိုင်ငံအသင်း Portugal အနေနဲ့ ကမ္ဘာ့ဖလားရနိုင်မလားဆိုတာကို မေးခဲ့တာဖြစ်ပါတယ်။ C.Ronaldo ကတော့ ရနိုင်တယ်ပြောပေမယ့် အလိမ်ဖော်စက်ကတော့ ဆိတ်ကြီးလိမ်နေကြောင်း အချက်ပြခဲ့ပါတယ်။

နောက်ဆုံးတစ်ခုကတော့ C.Ronaldo ရဲ့ Champions League ဆုတံဆိပ်တွေအားလုံးကို ကမ္ဘာ့ဖလားနဲ့ လဲမလားဆိုတာကို မေးခဲ့တာဖြစ်ပါတယ်။ ဒီအဖြေကိုတော့ Binance က သူတို့ website မှာသွားကြည့်ဖို့ဆိုထားတာကြောင့် ကိုယ်တိုင်ပဲ သွားကြည့်လိုက်ကြပါဦး။

Lie Detector Test အပြည့်အစုံကိုတော့ မှာ ကြည့်နိုင်ပါတယ်။

ခက်ဆစ်
ဆိတ်ကြီး = GOAT = Greatest Of All Time

Reference Link: https://cryptopotato.com/cristiano-ronaldo-takes-lie-detector-test-for-binance-stirs-mixed-community-reaction/

ဂုတ်ကြီး ဆိုပြီး လာတော့ မဘတ်နဲ့ | Ecency