Doge Meme

Words
191
Reading
1 min
Listen
Play
2y

DOGE coin ရဲ့ မူလဘူတပုံလေးဖြစ်တဲ့ DOGE meme ပုံလေးရဲ့ မူပိုင်ခွင့်ကို Own The Doge ဆိုတဲ့ DAO (Decentralized Autonomous Organization) က ဝယ်ယူလိုက်ပါပြီ။

DOGE meme ဟာ Shiba Inu အမျိုးအစား 18 နှစ်သား ခွေးတစ်ကောင်ဖြစ်တဲ့ Kabosu ရဲ့ ပုံကို meme အဖြစ် အသွင်ပြောင်းထားတာဖြစ်ပြီး အခု မူပိုင်ခွင့်ကိုတော့ Kabosu ရဲ့ ပိုင်ရှင်ဖြစ်သူ Sato Atsuko ဆီကနေ ဝယ်ယူခဲ့တာပါ။

ဒါကြောင့် Own The Doge DAO ဟာ DOGE ပုံသုံးပြီး လုပ်သမျှအရာရာတိုင်းအတွက် မူပိုင်ခွင့်ရှိသွားမှာဖြစ်ပြီး brand ကြီးတွေနဲ့ collaboration တွေ ရှိလာမှာဖြစ်ကြောင်း ဆိုထားပါတယ်။ Own The Doge ဟာ Kabosu ရဲ့ ပုံကို မူပိုင်ခွင့်ယူနိုင်ဖို့အတွက် လွန်ခဲ့တဲ့ 3 နှစ်တည်းက ညှိနှိင်းနေခဲ့တာဖြစ်ပြီး Japan နဲ့ US က ဥပဒေပညာရှင်တွေနဲ့ အလုပ်တွဲလုပ်နေခဲ့တာပါ။

မူပိုင်ခွင့်မရသေးခင်အချိန်အတွင်းမှာလည်း DOGE သမိုင်းကြောင်းနဲ့ crypto industry မှာ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံတွေကို မှတ်တမ်းရုပ်ရှင်တစ်ခု ဖန်တီးခဲ့ပါသေးတယ်။
DOGE ရယ်လို့ လူတွေစသိလာကြတာဟာ 2010 ခုနှစ်ကဖြစ်ပြီးတော့ Kabosu ဆိုဖာပေါ်မှာ ထိုင်နေတဲ့ပုံကို သူ့ပိုင်ရှင်က ဓာတ်ပုံရိုက်ပြီး social media ပေါ်မှာ တင်လိုက်ရာကနေ meme ဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ DOGE cryptocurrency ရဲ့ သင်္ကေတတစ်ခုအဖြစ်ပါ အသုံးပြုခံလာရတာဖြစ်ပါတယ်။

အခုတော့ DOGE ဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုကနေ တစ်သီးပုဂ္ဂလပိုင်ဆိုင်မှုဖြစ်သွားပြီဖြစ်ပြီး အရင်တုန်းက DOGE ရဲ့ ပုံရိပ်ယူသုံးထားသူတွေကိုတော့ ပုံမှန်အတိုင်း ဆက်သုံးခွင့်ပြုမှာဖြစ်ပေမယ့် နောက်ပိုင်းကျရင်တော့ စီးပွားရေးအရ သုံးမယ်ဆိုရင် Own The Doge DAO ဆီကနေ ခွင့်ပြုချက်တောင်းရတော့မှာပါ။

Reference Link: https://cointelegraph.com/news/doge-image-kabosu-rights-dao-meme

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL