ဘာသာပြန်ပေး

Words
205
Reading
1 min
Listen
Play
3y

ဒီနှစ်ပိုင်းတွေမှာ AI (Artificial Intelligence) တွေ ခေတ်စားလာပြီးတော့ နေရာတကာမှာ AI မပါမဖြစ်ပုံစံမျိုးတွေ တွေ့လာရပါတယ်။ ဘာမဆို AI-powered လို့ နာမည်တပ်လိုက်တာနဲ့ကို လူတွေကစိတ်ဝင်စားနေကြတာပါပဲ။ Apple product တွေကို စမိတ်ဆက်တုန်းက နေရာတကာမှာ iPhone၊ iPad၊ iPod ဆိုတာတွေချည်းပဲ ကြားနေရ၊ တွေ့နေရလွန်းလို့ နေ့စဉ်သုံးပစ္စည်းတွေမှာပါ i တပ်ခေါ်ကြတော့မှာလားဆိုပြီး ခနဲ့တဲ့လူတွေကိုတောင် ပြန်သတိရမိပါတယ်။

ဒါပေမယ့် AI ကတော့ အခုချိန်မှာသာ တွေ့နေ၊ မြင်နေရပြီး အချိန်တန် ကိုယ့်ပတ်ဝန်းကျင်ကနေ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့် အရာမျိုးမဟုတ်ပါဘူး။ AI တွေဟာ ဆက်တိုက်ဆင့်ကဲပြောင်းလဲနေပြီးတော့ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ကျနော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ထည့်သုံးနိုင်ဖို့က ကျနော်တို့အလုပ်ပါပဲ။

Crypto နယ်ပယ်က developer တွေကတော့ ChatGPT နာမည်စကြီးတည်းက AI တွေကို သူတို့ရဲ့ platform တွေမှာ အသီးသီး integrate လုပ်ထားပြီးကြပါပြီ။ ဥပမာအနေနဲ့ Solana ဟာ သူတို့ network မှာ ChatGPT plug-in ထည့်သွင်းထားသလို Binance ဟာလည်း သူတို့ရဲ့ Binance Academy website မှာ Binance Sensei ဆိုတဲ့ ChatGPT chatbot ကို ထည့်သွင်းထားပါတယ်။
အခုတစ်ခါမှာတော့ Bitcoin Lightning Network ကနေ AI developer tool တွေကို launch လုပ်ထားပါတယ်။

ဒီ toolkit ထဲမှာ ChatGPT လိုမျိုး AI app တွေကို Bitcoin network ပေါ်မှာ transaction တွေ လုပ်ခိုင်းဖို့နဲ့ crypto တွေ hold ထားခိုင်းလို့ရနိုင်မယ့် feature တွေပါဝင်ပါတယ်။ ဒီ feature ဟာ လူမသိသူမသိ transaction volume အကြီးကြီးတွေလုပ်ချင်တဲ့သူတွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီးတော့ LangChainBitcoin နဲ့ L402 protocol ဆိုတဲ့ LLM model တွေကို သုံးထားပါတယ်။
ဒါကြောင့် နောက်ပိုင်းတွေမှာ လူမသိစေချင်တဲ့ transaction တွေကတော့ ခြေရာခံဖို့ ပိုခက်ခဲလာနိုင်ပါလိမ့်မယ်။

Reference Link: https://cryptopotato.com/lightning-labs-unveils-toolkit-to-enable-ai-transact-in-bitcoin/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL