ဆင်းရဲခြင်း

musethu(2)
Published in
#esteem
Words
66
Reading
1 min
8y
Listen to this post
~1 min

image
ကျွန်မတို့၏ လူသားကမ္ဘာလောကမှာတော့မိသားစုဟုခေါ်ဆိုကြသော အသိုက်အဝိုင်းဆိုတာ ရှိကြပါတယ်။
လူဆိုသည့်သတ္တဝါမျိုးစိတ်တစ်ခုထဲမှာမှ မိသားစုဆိုတာ ရှိကြတာမဟုတ်ပါဘူး။
အသက်ရင်သန်နေကြသော သတ္တဝါတိုင်းမှာလည်း မိသားစုဆိုတာရှိကြစမြဲပါ။
မိသားစုဆိုတဲ့စကားလုံး အဓိပ္ပါယ်လေးက သိပ့်ပြီးတော့ လေးနက်ခြင်းတွေနဲ့ ရှိနေကြသလို ပျော်ရွှင်စရာကောင်းလွန်းလှတဲ့ နေချင်စဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း သတ်မှတ်ထားလို ရနိုင်ပါတယ်ရှင်။
မိသားစုဟု ပြောဆိုအဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်နှင့် တစ်ယောက်နှင့်တစ်ယောက်ဟာ အမှီသဟဲ ပြုပြီး အပြန်အလှန်အားကိုးပြီး နေထိုင်ကြရတာပါရှင်။
ကျွန်မအနေဖြင့် လူတွေအားလုံးကို အေးချမ်းစွာနဲ့ ပျော်ရွှင်ဖွယ်ကောင်းလှသော မိသားစုအကြောင်းအရာလေးကို တွေ့ကြုံခံစားမိသလောက် ရေးသားတင်ပြလိုက်ချင်ပါတယ်ရှင့်။
မိသားစုရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ဘဝမှာ ပျော်ရွှင်အေးချမ်းမှုတွေကို ပိုင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်ရှင့်။
လူရယ်လို့ဖြစ်လာကြပြီးဆိုရင် အသက်အရွယ်လေး ရ ရှိလာကြပြီဆိုရင် အိမ်ထောင်ပြုကြမှာပါ။
အိမ်ထောင်ပြုပြီးလို့ မိသားစုတွေ ဖြစ်ပေါ်လာကြပြီဆိုရင်တော့ အိမ်ထောင်တစ်ခု မိသားစုနဲ့ပတ်သက်သော အခက်ခဲများကိုတော့ အနည်းနှင့်အများ တွေ့ကြုံတက်ကြပါတယ်ရှင်။
အိမ်ထောင်ပြုပြီး မိသားစုတစ်ခု ဖြစ်လာကြပြီးဆိုရင် လူအများစုဖြစ်သော မိသားစုတွေဟာ ဆင်းရဲခြင်း ဒုက္ခတွေနဲ့ ကြုံနေကြရပါတယ်။
author: musethu@musethu
photo:cedit google images

ဆင်းရဲခြင်း | Ecency