လေ့လာသည်

musethu(2)
Published in
#feeling
Words
39
Reading
1 min
Listen
Play
5y

ကျွန်တော်တို့ လူငယ်တွေမှာ
စူးစမ်းလိုစိတ်သိပ်များတာကို
အားလုံးသိကြမှာပါ
အသစ်အဆန်းတစ်ခု တွေ့လို့ စိတ်ဝင်စားသွားပြန်ပြီ
ကိုယ့်သူငယ်ချင်းအလုပ်ကလည်း
စိတ်ဝင်စားဖို့ ကောင်းတာပဲ
ဟိုအလုပ်လေးလည်း မိုက်တာပဲ
စမ်းကြည့်ရင်ကောင်းမလား
ဒီအလုပ်လည်း မဆိုးဘူး
လေ့လာကြည့်ရင် ကောင်းမလားနဲ့
စူးစမ်း လေ့လာတတ်တာ ကောင်းပေမယ့်လည်း
စိတ်တွေထွေပြားပြီး ဒီတစ်ခု ရွေးရနိုးနိုး
ဟိုတစ်ခု ရွေးရနိုးနိုးနဲ့ ဖြစ်တတ်တာကိုတော့
သတိပြုမိဖို့ လိုပါတယ်
ဟိုစမ်း ဒီစမ်းနဲ့ဘဲ အကုန်လုံး ကြိုက်တယ်
အကုန်လုံး ဖြစ်ချင်တယ်ဆိုပြီး ဖြစ်တတ်တာကြောင့်
ကိုယ့်ရဲ့ယာယီစူးစမ်းလိုစိတ်၊ စိတ်ဝင်စားမှုကို
နားလည်ထားဖို့ လိုပါလိမ့်မယ်နော်။

လေ့လာသည် | Ecency