အိမ်တစ်အိမ်မှာ ယောကျာ်းသားဖြစ်ကြသော အိမ်ထောင်ဦးစီး လုပ်တဲ့သူ ညံ့ဖျင်း ရင်လည်း ၎င်းအိမ်ဟာအမြဲဆင်းရဲနေတက်ပါတယ်။
ယောကျာ်းတစ်ယောက်အနေဖြင့် မိန်းမယူပြီးကလေးမွေးယုံလောက်နဲ့တော့ အိမ်ထောင်ဦးစီး ခေါ်ဆိုလို့မရနိုင်သေးပါဘူး။
အိမ်ထောင်ဦးစီးတစ်ယောက်ဟာ မိသားစုတာဝန်တွေကို မလစ်ဟင်းရလေအောင် ထမ်းဆောင်းပေးရမည်တာဝန် ဝတ္တရားတွေ ရှိကြသလို မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေနိုင်ရေးအတွက်ပါ လက်တွဲဖော်နှင့်တကွ ဆွေးနွေး တိုင်ပင်ခြင်းတွေ ရှိနေရပါလိမ့်မယ်။
အိမ်ထောင်ဦးစီးဆိုတာ မိသားစုအနာဂတ်အတွက် ကောက်းမွန်စွာဖြင့် နေထိုင်သွားနိုင်ရေးအတွက်အနာဂတ်ကို မည်သို့လျှောက်လှမ်းသွားရမလဲဆိုတဲ့ စိတ်ကူးအမြင်တွေလည်းရှိနေသင့်ပါတယ်။
အိမ်ထောင်ဦးစီးဆိုတာ မိသားစု၌ ကြုံတွေ့ဖြစ်ပျက်လာသမျှအခက်အခဲများကို ခေါင်းမော့ရင်ကော့ကာ မိသားစု၏ အရှေ့၌ မားမားမက်မက် ရပ်တည်ပေးနိုင်သောသူဖြစ်နေရပါလိမ့်မယ်။
အိမ်ထောင်ဦးစီးတစ်ယောက်ဟာ လူပျိုလူလွတ်ဘဝတုန်းကလိုပင် စားလိုက် သောက်လိုက် သူငယ်ချင်းအပေါင်းသင်းများနဲ့ လည်ပတ်ပြီး မူးရူးသောက်စားပျော်ပါနေရင်တော့ ထိုအိမ်၌ ၎င်းလိုလူစားမျိုးဖြစ်သော အိမ်ထောင်ဦးစီးအရိပ်အောက်၌ မှီခိုနေထိုင်ကြကုန်သော မိသားစုအားလုံးတို့ဟာ အစဉ်အမြဲ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ဖြစ်ကာ ဆင်းရဲတွင်းနက်တာထက်နက်လာပါလိမ့်မည်။
author: @musethu
photo:cedit google images