တစ်ချို့လူတွေအတွက် ရုပ်ရည်တို့၊ အသားအရေတို့.......

mooen(37)
Published in
#myanmar
Words
77
Reading
1 min
Listen
Play
9y

FB_IMG_1502007793293.jpg
တစ်ချို့လူတွေအတွက် ရုပ်ရည်တို့၊ အသားအရေတို့၊
ကျော်ကြားမှုတို့က ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်
ရာမှာ အသုံးဝင်တတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို
အရာတွေကို မစွဲလမ်းပဲ။ ဥာဏ်ရည်ထက်မြက်ခြင်း
ဆိုတဲ့ အရည်အချင်းကိုပဲ Sexyကျတယ်လို့ ထင်
တတ်တဲ့ လူအချို့ရှိပါတယ်။

တစ်ခါတစ်လေ ရုပ်ကမချောဘူး။ ချမ်းသာလား
ဆိုတော့လည်း မချမ်းသာဘူး။ ဥာဏ်ရည်ထက်မြက်
မှုတစ်ခုပဲရှိနေပြီး အဲ့ဒါကို အထင်ကြီး စွဲလမ်းနေရင်
အဲ့ဒါကို sapiosexual လို့ခေါ်ပါတယ်။ ဒီစကားလုံး
ဟာ လက်တင်စကား Sapiens က ဆင်းသက်
လာတာဖြစ်ပြီး ပညာရှိခြင်း၊ ဥာဏ်ကောင်းခြင်း၊
အမျှော်အမြင်ရှိခြင်းတွေကို ဖော်ကျူးပါတယ်။

Sapiosexual ဖြစ်ရတာ သူက ပြန်ကြိုက်ရင်တော့
ကောင်းပါတယ်။ ပြန်မကြိုက်ရင်တော့ တစ်မုန်းခံစား
ရမှာပါ။ Intelligent အရမ်းဖြစ်လွန်းသူအချို့ဟာ
Sort of A**hole တွေဖြစ်နေတတ်ပါတယ်။
(ချစ်ရင်တော့လည်း အဲ့လို မမြင်လောက်ဘူးပေါ့
နော်) သူတို့က ဦးနှောက်ကို ဦးစားပေးလွန်းသူတွေ
ဖြစ်ပြီးတစ်ခါတစ်လေ နှလုံးသားမရှိတဲ့ အသွင်လည်း
ဖြစ်နေတတ်ပါတယ်။ (မှတ်ချက်- အားလုံးတော့
မဟုတ်ပါ။ အချို့ဟုသုံးခဲ့ပါသည်)

New word of the day!

တစ်ချို့လူတွေအတွက် ရုပ်ရည်တို့၊ အသားအရေတို့....... | Ecency