ရင်မှာပီတိကြည်နူးစေသောအရာ

Words
69
Reading
1 min
Listen
Play
8y

ရင်မှာပီတိ ကြည်နူးစေသောအရာ
ကြီးမားလှသော မေတ္တာတရားများတွင် မိဘ၏မေတ္တာတရားသည် တုနှိုင်းစရာမရှိပါ။
image photo by moe wai ကျမမိုးဝေ၏သမီးငယ်ဆုရရှိစဉ်
သားသမီးများကို တော်စေချင်ပါသည်။ ကောင်းစေချင်ပါသည်။ ပညာတတ်ကြီးဖြစ်စေချင်ပါသည်။
ပျိုးထောင်ခဲ့ရသော ဖူးပွင့်စပန်းများ အစွမ်းကုန် လန်းဆန်းစေရန် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ပြုစုလမ်းပြ ခဲ့ကြရပါမည်။
ပျိုးထောင်လွယ်သော ပန်းပွင့်ကလေးများသည် မိဘလမ်းခင်းသည့်အတိုင်း အလိုက်တသိ စီးမျောလိုက်ပါတတ်သော သားသမီးများအဖို့ လမ်းကြောင်းအရ လွယ်ကူသွားပါသည်။
မည်သို့ဆိုစေကာမူ ပင်ပန်းနေရင်းနဲ့ ထူးချွန်သောသတင်းကို ကြားရသော မိဘတိုင်း ရင်မှာပီတိဖြစ်စေပါသည်ဟု ကြည်နူးရပါသည်။
image photo by moe wai တော်သောသမီးကလေးပါ
မိမိကိုယ်တိုင် သားသမီးဘ၀တွင် မိဘစကားနားထောင်ခဲ့ပြီး လိမ္မာခဲ့ပါလျှင် မိမိမိဘဖြစ်သောအချိန်တွင် သားသမီးများသည်လည်း မိမိစကားကို နားထောင်ကြပါမည်။ လိမ္မာသောသားသမီးများကို ပိုင်ဆိုင်ကြရမည်မှာ မလွဲပါ။
image photo by moe wai လိမ္မာသောသမီးငယ်ပါ
လူသားများအားလုံး ရင်မှာပီတိ ကြည်နူးစောသော သားသမီးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
မြန်မာစတီးမစ် မိသားစုဝင်များအားလုံး ကျန်းမာချမ်းသာကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေ

ရင်မှာပီတိကြည်နူးစေသောအရာ | Ecency