မေတ္တာဆိုတာ

moelay(30)
Published in
#love
Words
28
Reading
1 min
8y
Listen to this post
~1 min

မေတ္တာဆိုတာ
အသွားအပြန် အတုံ့အလှည့်
သဘောတရားတွေနဲ့ ချည်နှောင်တတ်တဲ့
ကြိုးတစ်ချောင်း မဟုတ်သလို
အလျားအနံ အဖြူအမဲတိုင်းတာနေရမယ့်
ပေတံတစ်ချောင်းလည်း မဟုတ်ဘူး…
image
မေတ္တာဆိုတာပေးပြီးတာနဲ့ မဖြစ်မနေ
ပြန်တောင်းရမယ့် အကြွေးမဟုတ်သလို
ယူပြီးတာနဲ့ ချောင်ထိုးထားရမယ့်
သက်မဲ့ပစ္စည်းတစ်ခုလည်း မဟုတ်ပါဘူး…

အသေချာဆုံးက မေတ္တာဆိုတာ
ပေးသူရော ယူသူပါ နှစ်ဦးစလုံးရဲ့ဘဝကို
အေးမြစေရမယ်…

အဲ့ဒါမှ တကယ့်မေတ္တာစစ်လို့ခေါ်တာပါ…

စေတနာပန်းခင်းဆရာတော်

မေတ္တာဆိုတာ | Ecency