Curation tool for myanmar curators #1

Words
248
Reading
2 min
Listen
Play
8y

ဒီပိုစ့်မှာကတော့ curation tool တစ်ခုအကြောင်းရေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရွေးချယ်ပေးဖို့ တာဝန်ယူထားတာကတော့ esteem app ကိုသုံးပြီးရေးထားတဲ့၊ tag မှာ esteem ကိုထည့်ထားတဲ့၊ myanmar လိုရေးထားတဲ့ ပိုစ့်တွေပဲဖြစ်ပါတယ်။ myanmar အတော်များများကတော့ မြန်မာဆိုတဲ့ tag အောက်မှာရေးလေ့ရှိကြပါတယ်။ esteem သုံးတဲ့သူတွေကတော့ esteem ဆိုတဲ့ tag ကို ထည့်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုက myanmar tag ကို ထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိလိုပဲ esteem tag ကိုထည့်ထားတဲ့သူတွေကလဲ အများကြီးပဲ။ အဲ့ဒိတော့ ပိုစ့်တွေကို ဘယ်လိုရှာရမလဲ။ ကျွန်တော်တို့ စဉ်းစားထားတာကတော့ #esteem-myanmar ဆိုတဲ့ tag ကို သုံးဖို့ပါ။ အဲ့ဒိ tag တစ်ခုကို ပိုစ့်မှာ ထည့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ ရှာဖို့လွယ်သွားပါပြီ။ အဲ့ဒိတော့ tag နှစ်ခုလိုမှာဖြစ်ပါတယ်။ esteem နဲ့ esteem-myanmar ဆိုပြီးပဲဖြစ်ပါတယ်။

နောက်အစီအစဉ်တစ်ခုကတော့ အဲ့ဒိလို tag မထည့်ထားတဲ့သူအနေနဲ့ ကျွန်တော်တို့ရဲ့ ပိုစ့်အောက်မှာ comment လာပေးလို့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ပိုစ့်အောက်မှာပါ။ ပိုစ့်လင့်ခ်တော့ တိုက်ရိုက်မချပါနဲ့။ ကျွန်တော်ပိုစ့်တင်ထားပါတယ်။ စသဖြင့်ရေးပေးပါ။ eSteem ဆီကနေ upvote ပမာဏကြီးကြီးရဖို့ဆိုတာ ကိုယ့်ကို follow လုပ်နေတဲ့သူတွေရဲ့ SP နဲ့အများဆုံးသက်ဆိုင်ပါတယ်။ အဲ့ဒိအတွက် ကျွန်တော်တို့ ကို follow လုပ်သွားပေးပါ။ ကျွန်တော်တို့ကလဲ ပြန်ပြီး follow လုပ်ပေးမှာဖြစ်ပါတယ်။

ဒီနေ့ post မှာရေးချင်တာကတော့ curation tool တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ myanmar tag ရော esteem tag ရော တွဲထားတဲ့ ပိုစ့်တစ်ခုကို ရှာရမှာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်မှာ esteemmyanmar ဆိုတဲ့ tag ကို တွဲရမယ်ဆိုတာ မသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်။

https://smults-search.appspot.com/

အပေါ်က လင့်ခ်ကို နှိပ်လိုက်ပါ။

alt

အောက်ကပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ tag ငါးခုအထိ ရှာလို့ရမှာဖြစ်ပါတယ်။ Steemit ကတော့ tag တစ်ခုထဲကို ရှာဖို့ခွင့်ပြုထားပါတယ်။

alt

Filter tag by ဆိုတဲ့နေရာမှာ ရွေးချယ်လို့ရပါတယ်။ New, Hot, Trending, Author စသဖြင့်ရွေးလို့ရပါတယ်။ အပေါ်က ကွက်လပ်ထဲမှာတော့ ကျွန်တော်ထည့်ထားသလို ထည့်လို့ရပါတယ်။ myanmar လိုရိုက်ထည့်ပြီးရင် Enter ကို နှိပ်လိုက်ပါ။ esteem လို့ရိုက်ထည့်ပြီးရင်လဲ Enter ကို နှိပ်လိုက်ပါ။ ပြီးတာနဲ့ Search ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ပုံမှာပြထားသလို တွေ့ရမှာဖြစ်ပါတယ်။ အားနည်းချက်ကတော့ ကိုယ် vote ပေးပြီးပြီလား။ မပေးရသေးဘူးလားဆိုတာကို မသိရပါဘူး။ ဒီဝက်ဆိုက်ကတော့ curator တွေသုံးဖို့အတွက် ပဲဖြစ်ပါတယ်။ ကျန်တဲ့သူတွေ ကတော့ အသုံးလိုမယ် မထင်ပါဘူး။ သိတယ် ဆိုရုံလေး သိရင်ရပါပြီ။


Universal Basic Income

This is for very basic income. Use the following link to register in mannabase.com.

Promoting Service

I am also a whitelisted user of minnowbooster. If someone want to get whitelisted from minnowbooster. I can check your blog and send an invitation. Use the following link to log into minnowbooster.com.

Building Network


Join Discord: https://discord.gg/RSrv669 mmunited@mmunited

Posted from my blog with SteemPress : https://myanmarpress.xopus.io/?p=455


Curation tool for myanmar curators #1 | Ecency