မင်းအတွက်ဆို အရာရာကို စွန့်လွှတ်စွန့်စားရဲတယ်လို့ ပြောပါရစေ ပိုတယ်လို့တော့ မထင်ပါနဲ့ အချစ်ရဲ့ အားမာန်နဲ့ အားလုံးကို ဖန်တီးပေးနိုင်လောက်ပါတယ် မင်းဘာလိုချင်သလဲ ပြောပါ ကိုယ်ရအောင် ဖန်တီးပေးမှာပါ အချစ်ရေ မင်းအတွက်လိုအပ်ရင် ကိုယ့်အသက်ကိုတောင် စွန့်ဝံ့ပါတယ် မင်းအနားမှာ အရာရာကို ကာကွယ်ပေးသွားမှာပါ တစ်သက်လုံးအတွက်ပေါ့ မင်းလိုချင်တာတွေအတွက် အကြိမ်တစ်ရာမက သေဆိုလည်း သေရန်အသင့်ပါဘဲ ဒီစကားတွေကို တိုင်တည်ပြောပြလိုက်ချင်တယ် အချစ်ကလေးရေ
အချိန်ရာသီတွေကုန်ဆုံးသွားလည်း ဟောဒီရင်မှာအချစ်တွေက ထာဝစဉ် နုပျိုလို့ အားအင်တွေ ဖြည့်ဖြိုးနေဉီးမယ် မင်းအတွက် အသင့်ရှိတယ်ဆိုတာ သိပါစေ
မင်းအပြုံးက ကိုယ့်အတွက်တော့ မဟာအားအင်ပါ မင်းပြုံးလိုက်တိုင်း လောကကြီး တစ်ခုလုံး သာယာလှပသွားသလိုပါဘဲ မင်းကို အမြဲပြုံးလျှက် တွေ့ပါရစေ မင်းပြုံးပျော်နိုင်ဖို့အတွက် ကိုယ်ဖန်တီးပေးမယ့် ပျော်စရာ အနာဂါတ်ဘဝလေး ကို လက်ဆောင်ပေးပါရစေ စိတ်ညစ်စရာတွေ ချန်ထားရစ်လို့ အရောက်သာလှမ်းလာခဲ့ပါချစ်သူရေ
အလွမ်းတွေလည်း မရှိစေနဲ့ မင်းသွားရာလမ်းတစ်လျှောက် သာယာလှပလို့နေရမယ် အရာရာကိုယ်ဖန်ဆင်းပေးမယ် ဟောဒီ လက်တစ်စုံနဲ့ အစစအရာရာ စိတ်ချမ်းသာစေရပါမယ်
အဆင်မပြေတဲ့နေ့ရက်တွေလည်း မကြုံရအောင် စွမ်းဆောင်နိုင်ပါတယ် ပြသနာမှန်သမျှ မင်းမသိလိုက်ရဘဲ ပြေလည်အောင် ဖြေရှင်းပေးထားပါမယ်
တို့နှစ်ယောက်အချစ်တွေက စိတ်ချမ်းသာဖွယ်အတိတော့မဟုတ်သော်လည်း မနာလိုသူတွေတော့ရှိနေနိုင်တယ်လေ
တစ်စုံတစ်ယောက်ကများ ဖျက်လိုဖျက်စီး လုပ်လာခဲ့ရင်လဲ ရှေ့ကနေ ရင်ဆိုင်ပြီး ဖြေရှင်း သုတ်သင်လိုက်မှာပါ မင်းအတွက် ကိုယ်က သူရဲကောင်းတစ်ယောက်ပေါ့
မင်းအမြဲပြုံးပျော်စေဖို့က ကိုယ့်ရဲ့ ဘဝပေးတာဝန်တွေအလား စွမ်းစွမ်းတမံ ဆောင်ရွက်သွားမှာပါ
ယုံကြည်စွာ လိုက်ခဲ့ပါတော့ ကိုယ့်အချစ် နန်းတော်ဆီ ရေပြည်တော်မယ် မျှော်လင့်နေတဲ့ မင်းမိဘုရားအလား စောင့်ကြိုနေသူတွေရှိနေတယ်
ကိုယ်တစ်ယောက်တည်း မင်းကို လိုလားနှစ်သက်တာ မဟုတ်ပါ ကိုယ့်အသိုင်းအဝိုင်းတစ်ခုလုံးကလည်း မင်းကို ကြည်ဖြူချစ်ခင် ကြမှာ ပါ စိတ်မချမ်းမြေ့စရာ မရှိအရာရာတိုင်းက ပျော်ရွှင်ဖွယ်အတိရယ်ပါ ချစ်သူရေ
This content got low rating by people.