ရန်သူတစ်ပါးနဲ့တွေ့ဆံခြင်း

mm7(63)
Published in
#ecency
Words
132
Reading
1 min
Listen
Play
5y

animal_4869822_640.jpg
score

လူသားတွေဟာ ဘေးရန်ကင်းချင်ကြပါတယ် ဘေးရန်ကင်းအောင်လည်း ဂရုစိုက်နေထိုင်ကြပါတယ် အခုပြောချင်တာကတော့ သဘာဝဘေးရန်မဟုတ်ပါဘူး အိမ်ဘေးက မဟာရန်သူတော် အကြောင်းပေါ့ အိမ်ဘေးကဆိုလို့လည်း ဒီကောင်က ဘေးအိမ်နဲ့လည်း မတည့်ပါလားလို့ ထင်ပါလိမ့်မယ် ဒီလိုမဟုတ်ရပါဘူး ရန်သူတော်က လူမဟုတ်ပါ ကြွက်ဖြစ်ပါတယ် အိမ်ဘေး အမှိုက်ပုံကနေ အိမ်ထဲထိ ကျူးကျော်ဝင်ရောက်လာပြီး အစားအသောက်တွေကို ခိုးယူစားသောက်လို့ သူတို့ကို ရန်သူလို သက်မှတ်ထားရတာပါ ကြွက်တွေက အလွန်ကို ဆိုးပါတယ် စားကြွင်းစားကျန်တွေကို စားသောက်တက်တယ်ဆိုပေမယ့် မသိရင် မသိသလို လူတွေရဲ့ အသုံးအဆောင်တွေ အဝတ်အစားတွေကိုလည်း ကိုက်ဖျက်တက်ကြပါတယ်
ညပိုင်းကိုရောက်လာရင် ကြွက်တွေက ဘယ်လိုရောက်လာကြတယ်မသိပါဘူး ဟိုက သည်ကနေ ပေါ်လာကြတယ် တစ်ကောင်နဲ့တစ်ကောင်လည်းကိုက်ကြပါတယ် ညဘက်မှာ အိပ်လို့မရအောင်ကို သောင်းကျန်းကြပါတယ် အစပထမတုန်းကတော့ သူတို့ကို မသက်ပါဘူး ကြောက်အောင် ခြောက်တာလောက်ဘဲလုပ်ပါတယ်
တဖြည်းဖြည်းနဲ့ အတင့်ရဲလာကြပြီး အိမ်မှာရှိတဲ့ ဘီဒိုတွေ စာအုပ်တွေကို ကိုက်ပါတယ် အိမ်ကိုလည်း အပေါက်တွေဖြစ်အောင် ဖေါက်ပါတယ် အိမ်အောက် ကြမ်းပြင်ကိုလည်း အပေါက်တွေ ဂလှိုင်တွေ ဖြစ်အောင် တူးကြပါတယ် တစ်အိမ်လုံးလည်း သူတို့ရဲ့ ကြွက်ချေးတွေ ပါချပါတော့တယ် တဖြည်းဖြည်းနဲ့ ကြွက်ချေးအနံ့တွေက နံလာတော့တယ်
ဘုရားစင်ပေါ်မှာလည်း ဆွမ်းတော်တင်ထားတာတွေ နှိုက်စားပါတယ် သစ်သီးတွေ တင်ထားရင်လည်း ယူစားကြပါတယ် အနှောက်အယှက်အရမ်းကိုပေးပါတယ်
မိတ်ဆွေတစ်ယောက်အကြံပေးလို့ ဆေးချပြီးတော့ သက်ပါတယ် ဆိုးတာက ဒီကောင်တွေ သေရင် အနံ့ နံပါတယ် တစ်ခါတရံဆို ဘယ်နားသွားသေနေတယ်မသိ ပုတ်မှ သိတော့ အဆင်မပြေပါဘူး
ကြောင်လေး တစ်ကောင်မွေးထားပါတယ် ကြွက်လိုက်ခုတ်ရင်း အိမ်က အိုးခွက်ပုဂံတွေ တိုက်မိပြီး ကွဲတာ ခဏခဏဆိုတော့ ဒါလည်း အဆင်မပြေပါဘူး
နောက်ဆုံး လောက်လေးဂွနဲ့ ဆုံးမရပါတယ် တွေ့တဲ့နေရာကနေ တွေ့သလို ပစ်သက်ပါတယ် ညပိုင်းဆိုရင် လေးဂွတစ်လက်နဲ့ ကြွက်ပစ်ရတာက အလုပ်တစ်ခုဖြစ်လာပါတယ် တစ်ညကို သုံးလေးကောင်နှုန်းနဲ့ ရက်အတော်ကြာပစ်လိုက်တာ ကြွက်တွေ သိပ်မတွေ့ရတော့ပါဘူး
လုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး အရင်ထက်တော့ အတွေ့နည်းလာပါတယ် ညပိုင်းဆိုရင် လေးဂွတစ်လက်နဲ့ ကြွက်တွေကို ပစ်ရင်း ရန်သူတော်တစ်ပါးနဲ့ စစ်တိုက်နေတာလေးကို ဖေါ်ပြလိုက်ရပါလေသည်
mm7@mm7

ရန်သူတစ်ပါးနဲ့တွေ့ဆံခြင်း | Ecency