ချစ်သောသူတစ်ယောက်သိစေ

mm7(63)
Published in
#ecency
Words
68
Reading
1 min
Listen
Play
5y

moon_2762111_640.jpg
link

ဉီးတည်ရာမဲ့တဲ့ ခရီးလမ်းမှာ ဘဝကြင်ဖေါ်ဝေးတဲ့သူအတွက် ဘယ်အရာတွေက ခွန်အားဖြစ်စေဉီးမှာလဲ အတိတ်တွေကို ထမ်းပိုးသယ်ဆောင်ရင်းနဲ့ မရေမရာ လမ်းခရီးသွားနေတာဟာ နာကျင်မှုတွေက ဆတိုးကိန်းလို များလို့သာလာပါတယ်
ပျော်ရွှင်ကြည်နူးစရာလေးတွေကို ပြန်လည်အမှတ်ရရင်းနဲ့ အပြစ်ကင်းစင်ခဲ့လေသော နေ့ရက်ချိုချိုလေးတွေက နေ့စဉ်ကြုံရမှာဘဲလို့ တစ်ချိန်က မှတ်ယူဖူးတယ်လေ
အေးချမ်းတဲ့‌ဆောင်းတစ်ည အတိတ်မှာ အေးခဲနေပြီဖြစ်သော်လည်း ကြုံလာလေသော ဆောင်းညတွေတိုင်း ပြန်ပြောင်းသတိရမိနေတုန်းပါဘဲ
ရင်ခွင်နွေးလေးကို ဘဝတစ်ခုစာယုံကြည်ကိုးစားမိခဲ့တယ် ပြောင်းလဲခြင်းတွေရဲ့ မာယာကို မသိခဲ့ဘူး
ကောင်းကင်က နှင်းမှုန်းကြားတိုးထွက်ဖြာကျနေတဲ့ လရောင်မှိန်မှိန်လေးအောက် ချစ်သူမျက်နှာလေးကို နူးညံ့စွာ ဖွဖွနမ်း ချိုအီတဲ့ နှုတ်ခမ်းတစ်စုံရဲ့ စွဲခေါ်ရာနောက် လောကတစ်ခုလုံးကိုမေ့လို့သွား ရင်ခံသံတွေက စီးချက်ညီလို့
မေ့မရတဲ့အတိတ်က နာကျင်မှုတွေကို မေ့ဖျောက်ပေးနိုင်မယ်မဟုတ်သော်လည်း တမ်းတလို့ လွမ်းဆွတ်မိနေဆဲ
ကြုံလာသမျှဆောင်းညတိုင်းက ခြောက်လှန့်လို့နေဆဲ
အတိတ်တွေက ကျန်ရစ်ခဲ့ပြီ အချိန်တွေက တိုက်စားသွားခဲ့
လွင့်ပျယ်ပျောက်ကွယ်သွားမယ်ထင်ခဲ့လေသော အမှတ်တရတွေ
ယခုတိုင် အမှတ်ရနေဆဲ
နောင်တစ်ခါဆိုတဲ့ အခွင့်အရေး ရောက်မလာနိုင်တာသိနေလည်း
ကြုံဆုံခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့တင်
သတိရခြင်းတွေကို ဖြေသိမ့်မိပါတယ်
မင်းတစ်ယောက်ကိုတော့ သိစေချင်မိတယ်

mm7@mm7

ချစ်သောသူတစ်ယောက်သိစေ | Ecency