ကံမကောင်းသေးဘူး

mm7(63)
Published in
#ecency
Words
88
Reading
1 min
Listen
Play
5y

dark.jpg

link
ကံကောင်းတာတွေနဲ့ ရန်ဖြစ်ထားသလားမသိဘူး ရတဲ့ဟာတွေက သုံးစားမရတာတွေဘဲဖြစ်နေတယ် တန်ဖိုးကြီးတာလေးတွေ အမြန်ရလိုက်ပါတော့လား
တစ်ရက်လာလည်း ဒီလိုလေး နောက်တစ်ရက်လာလည်း ဒီလောက်လေးနဲ့တော့
သိပ်အဆင်မပြေဘူး
မနက်ဖန်လည်း ဒီလိုဘဲလာမယ်ထင်တယ် ကစားရတာ အားတောင်ပြတ်လာပြီ
အရင်တုန်းကဆိုတာမျိုး မပြောချင်တော့ဘူး အခုက အရင်လိုကိုမဟုတ်တာ
ပြောရရင် ကစားလို့ သိပ်မကောင်းတော့ဘူး
လွယ်လွယ်ရတုန်းက လွယ်လွယ်လေးရောင်းခဲ့ပြီး အခုမှ တန်ဖိုးတွေ တက်နေတော့ နောက်က လိုက်ရတာ သိပ်ခက်တယ်
ထင်မှတ်မထားအောင် တန်ဖိုးတွေ တက်သွားတော့ လက်ထဲ ဘာမှရှိမထားတဲ့အခါ တန်ဖိုးတက်ခြင်းက ကိုယ့်အတွက် မဟုတ်တော့ဘူးလေ
အခုချိန်မှ စုလို့က မရနိုင်တာတော့မဟုတ်ပါဘူး ရနိုင်ပါတယ် အချိန်ဘယ်လောက် ကြာမယ်မသိတော့ဘူး ဒါက ကံနဲ့လည်း ဆိုင်တယ် ကံကောင်းရင် တန်ဖိုးရှိတာတွေ ရတယ် ကံမကောင်းတော့ ဈေးပေါတာလေးတွေဘဲရတော့တာပါဘဲဗျာ
မနက်ကတည်းက ကစားနေတာ အခုမှ အနိုင်ရတယ် အနိုင်ရလို့ ဖွင့်ကြည့်လိုက်တော့ အမောတောင် ဆို့သွားတယ်
မနားတမ်း ဆက်တိုက်ကစားနေတာ ရှုံးလိုက်တာမှ ခွက်ခွက်လန်အောင်ပါဘဲ
အနိုင်မရလေ ကစားလေ ရှုံးလေနဲ့ နောက်ဆုံးတော့ အနိုင်တစ်ခါ အရှုံး လေးငါးခါလောက်နဲ့ တစ်မနက်ခင်းကုန်ချိန် ဖွင့်ခွင့်ရတော့တာဘဲ
ဒီနေ့ရတာတွေက တန်ဖိုးနည်းလွန်းတော့ စာရေးတဲ့ဘက် ပြေးလာရတယ်
နေ့တွက်က သိပ်မကိုက်သေးဘူး စာရေးတာကလည်း မရတစ်ချက် ရတစ်ချက်နဲ့ ဒီတစ်လော ကိုယ့်အတွက် ကံတရားက စိတ်ကောက်နေတယ်ဗျာ
mm7@mm7

ကံမကောင်းသေးဘူး | Ecency