hive ဈေးပြန်တက်လာနေတယ်

mm7(63)
Published in
#ecency
Words
89
Reading
1 min
Listen
Play
5y

business_163464_640.jpg
https://pixabay.com/illustrations/business-success-winning-chart-163464/

ဈေးတွေကျသွားတုန်းက စာရေးတဲ့သူတွေ အားပြတ်သွားကြတယ် အရင်လို ဈေးတွေ တအားကျသွားတော့မည်လားလို့ ထင်ခဲ့တယ် စာရေးတဲ့အကျိုးအမြတ်ကို အားကိုးနေသူတွေအတွက် ဈေးကျခြင်းက ထိခိုက်မှုများစေပါတယ် အပ်ဗုတ်ရဖို့ မျှော်ရတာကတစ်မျိုး ဈေးကျတဲ့အခါ ရထားတာလေးတွေ တန်ဖိုးနည်းသွားလို့ စိတ်မကောင်းရတာကတစ်မျိုးနဲ့ ကျေနပ်စရာမကောင်းလှပါဘူး
အခုလိုမျိုးလေး ဈေးပြန်တက်လာတာမြင်ရတော့ စာရေးရတာလည်း အားရှိလာတယ်လေ အရင်ကရှိထားတဲ့ ရထားတဲ့ hive လေးတွေလည်း တန်ဖိုးအသင့် အတင့် ပြန်မြင်ရတော့ အားတက်လာစေပါတယ် ဈေးတွေက တက်လိုက်ကျလိုက်ဖြစ်နေသလို စာရေးသူတွေရဲ့ စိတ်ကလည်း ပြုံးလိုက် မဲ့လိုက် ဖြစ်နေတာ စည်းချက်ကို ညီလို့ဆိုရမယ်
ဒီနေ့မှာ 0.3683ထိ အမြင့်ဆုံးရောက်လာနိုင်တာတွေ့ရတယ် ဒီထက် အမြင့်ကို ဆက်လက်တက်သွားနိုင်ဖို့လည်း ဆုတောင်းနေပါတယ်
1$ လောက်ထိ တက်သွားနိုင်ရင်တော့ အကောင်းဆုံးပါဘဲ အရင်တုန်းက စတီးမစ်မှာလို အကောင်းဆုံး အခြေအနေတွေ ပြန်မြင်ချင်မိတယ် စာရေးရင်း စိတ်ကူးယဉ်အိပ်မက်တွေ ကို အကောင်အထည်ဖေါ်ခွင့်တော့ရချင်မိပါသေးတယ်
အခု မြန်မာပြည်မှာ အလုပ်အကိုင်တွေ အဆင်မပြေကြဘူး ရောဂါဘယနဲ့ဘာနဲ့ဆိုတော့ အလုပ်ပျက်အကိုင်ပျက် ဝင်ငွေတွေနည်းပါးကုန်တယ် စားဝတ်နေရေးတွေ အဆင်မပြေကြဘူး ဘာလုပ်ရမယ်တောင် မသိဘဲ လမ်းပျောက်တဲ့သူတွေအများကြီးရှိလာနေတယ် ကိုယ်လည်း တစ်ယောက်အပါအဝင်ပေါ့
စာရေးပြီး ဝင်ငွေ အနည်းငယ်လောက်ဖြစ်ဖြစ် ရအောင် ကြိုးစားနိုင်တာဘဲလို့ တွေးနေမိတယ် တစ်ရက်နည်းနည်းလေးရလည်း ဘာမှမလုပ်တာထက်စာရင်တော့ မဆိုးပါဘူး ရတာအမြတ်ပေါ့ ဖုန်းသုံးပြီး သတင်းတွေဖတ်ရင်း အချိန်ကုန်နေတာချင်းအတူတူ စာလေးရေးပြီး ဝင်ငွေရှာရပါမယ်
mm7@mm7

hive ဈေးပြန်တက်လာနေတယ် | Ecency