မင်္ဂလာပါ ဒီနေ့တော့ lesson 5 မှာမပြီးခဲ့တဲ့ link ချိတ်နည်းအကြောင်း နဲ့ Image အကြောင်းတင်သွားမှာပါ။
HTML bookmarks တွေကို Web Page တစ်ခုရဲ့သက်မှတ်ထားတဲ့နေရာတစ်ခုစီကိုသွားဖို့သုံးပါတယ်။
ဥပမာ ကျွန်တော်တို့ရဲ့. Web page သင်ခန်းစာတွေတင်ပေးတယ်။ Chapter 1 to 10 ထိကို page တစ်ခုထဲမှာပဲထားထားတယ်။ အဲ့လိုမျိုးဆိုရင် bookmark ကိုသုံးပီး chapter 1 ကနေ chapter 10
ထိကျော်ဖတ်တာမျိုးလုပ်လို့ရပါတယ်။
Bookmark တစ်ခုလုပ်ဖို့အတွက် ပထမဆုံး ''name'' ပေးရပါမယ်။ပီးရင် ''link''
တစ်ခုလုပ်ရပါမယ်။အဲ့ ''link'' ကိုနိုပ်လိုက်ရင် ''name'' ပေးထားတဲ့နေရာကိုရောက်သွားပါမယ် အဲ့လိုမျိုးပါ။
သုံးရမဲ့ tag တွေကတော့
<a name="any_name"> </a> နဲ့
<a href="#any_name">Any_Word</a>
ပဲဖြစ်ပါတယ်။ဒီနေရာမှာ any_name ဆိုတဲ့နေရာပါ ကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်။အပေါ်နဲ့အောက်နဲ့တော့တူတူထည့်မှရမှာပါ။Any_Word ဆိုတဲ့နေရာမှာရေးလိုက်မဲ့စာလုံးက Web Page မှာဖော်ပြမှာဖြစ်ပါတယ်။အဲ့စာလုံးကိုနိုပ်လိုက်ရင် Bookmark လုပ်ထားတဲ့နေရာကိုရောက်သွားမှာပါ။
ဒီနေရာမှာ သတိထားရမှာက bookmark လုပ်တုန်းက ''any_name'' လို့ပဲ ရေးထားပီး href နဲ့ပြန်ခေါ်တော့
"any_name'' ရဲ့ ရှေ့မှာ ''#'' ရှိတာကိုသတိထားရမှာပါ။
နမူနာ code လေးတွေလိုက် run ကြည့်ရင်နားလည်သွားမှာပါ။
အရင်ဆုံး ပုံထဲက code တွေကို notepad မှာရေးလိုက်ပါ။ Write Anything ဆိုတဲ့နေရာမှာ စာတွေအများကြီးရေးလိုက်ပါ။(ကြိုက်တာရေး ရှောက်ရေး များဖို့အရေးကြီးတယ် 😁
စာများပီး page ရှည်နေမှာ Internal Link ကမျက်လုံးထဲမြင်မှာ 😁 )
-Line 6 မှာ top ဆိုပီး Bookmark တစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါကို Line 19 နဲ့ 34 မှာပြန်ခေါ်ပီး Link ချိတ်ထားတာပါ။Line 19 နဲ့ 34 မှာရှိတဲ့ Top ဆိုတဲ့စာကိုနိုပ်ရင်အပေါ်ပြန်ရောက်သွားမှာပါ။ဒါကစမ်းကြည့်မှသိမှာပါ။
-Line 17 မှာ ch5 ဆိုပီး bookmark လုပ်ထားပါတယ်။ အဲ့တာကို Line 7 မှာခေါ်ထားပါတယ်။ကျွန်တော်တို့က chapter 1 ကမဖတ်ချင်ပူး chapter 5 ကဖတ်ချင်တယ်ဆိုရင် နိုပ်လိုက်ရုံပါပဲ။
နောက်တစ်ခုလဲတူတူပါပဲ။
Code output ကတော့မိမိဘာသာစမ်းကြည့်ကြပါ။များများစမ်းမှမြနိမြနိတတ်မှာပါ။
ကျွန်တော် lesson 5 မှာတုန်းက တင်တာ External Link ပါ။အဲ့တော့ External နဲ့ Link နဲ့ Internal Link နဲ့ပေါင်းပီး မိမိဘာသာ code တွေစမ်းရေးကြည့်လို့ အကြံပြုချင်ပါတယ်။
HTML မှာ ပုံတွေထည့်ဖို့ tag ကတော့
<img src="image_name_and_extension">
ပါ။ဒီနေရာမှာ ကျွန်တော်တို့ ရေးလိုက်တဲ့ HTML file နဲ့ image နဲ့ folder တစ်ခုတည်းအောက်မှာတူတူရှိရမှာပါ။page 2 ခုကို link ချိတ်သလိုပါပဲ။ folder မတူရင် web page မှာ ပုံတက်မှာမဟုတ်ပါပူး။
<html>
<head>
<title>Image</title>
<body>
<img src="troll.png">
</body>
</html>
ပေါ်က code လေးကိုလိုက်ရေးလိုက်ပါ။
troll.png နေရာမှာ အစ်ကိုတို့ pc မှာ ရှိတဲ့ ကြိုက်တဲ့ပုံတစ်ပုံထည့်လိုက်ပါ။
ပီးရင် folder တစ်ခုတည်းအောက်မှာထားလိုက်ပါ။
Webpage ထဲဝင်ကြည့်ရင်ပုံလေးပေါ်နေတာတွေ့ရမှာပါ။
ဒီနေရာမှာ ပုံရဲ့ extension မမှန်ရင် ပေါ်မှာမဟုတ်ပါပူး။ပုံရဲ့ extension ကိုမသိရင်
-ပုံကို right click နိုပ်လိုက်ပါ
-ပီးရင် Properties
အဲ့မှာ ပုံရဲ့ extension ကို တွေ့ရမှာပါ။
Image မှာ width, height နဲ့ alt ဆိုပီး
Attribute တွေရှိပါတယ်။
Width နဲ့ height က အရွယ်အစားကို ထိန်းညှိပေးတာပါ။
alt က တော့ပုံပေါ်မှာ cursor တင်ထားရင် မိမိရေးထားတဲ့စာပေါ်စေမှာဖြစ်ပါတယ်။
ရေးနည်းကတော့
<img src="troll.png" width=100px height=100px alt="troll_face">
ပါ။ဒါဆို ကျွန်တော်တို့ရဲ့ ပုံလေးက size 100px ပတ်လည်ပုံလေးဖြစ်သွားပီး
ပုံပေါ်မှာ cursor တင်ထားရင် troll_face ဆိုတဲ့စာသားလေးပေါ်လာမှာပါ။code ကိုစမ်းကြည့်ကြပါ။
Image ကို a tag ကြားမှာထည့်လို့ရပါတယ်။ဆိုလိုချင်တာက link ကို ပုံနဲ့ထည့်လို့ရပါတယ်။ရိုးရိုး Go To Home Page တို့လိုမျိုး Link မဟုတ်ဘဲနဲ့ ပုံကိုနိုပ်လိုက်ရင် သက်မှတ်ထားတဲ့ page ရောက်သွားတာမျိုးပါ။
<html>
<head>
<title>Image</title>
<body>
<a href="https:www.google.com">
<img src="pic.png">
</a>
</body>
</html>
အပေါ်က code ကိုကြည့်လိုက်ရင်
ပုံကို a tag ကြားထဲမှာထည့်ထားတဲ့ အတွက်ပုံကိုနိုပ်လိုက်ရင် Google.com ကိုခေါ်သွားမှာပါ။
Image align attribute မှာ
top, bottom, middle, left နဲ့ right ဆိုပီးရှိပါတယ်။
သူကပုံဘေးမှာရေးထားတဲ့စာတွေကို align က သက်မှတ်ထားတဲ့နေရာမှာပေါ်စတာပါ။bottom align က default ပါ။
နမူနာcode ကို run ကြည့်လိုက်ပါ။
image နေရာမှတော့ မိမိ စက်ထဲမှာရှိတဲ့ပုံနာမည်ပဲထည့်ပါ။
Output ကိုတွေ့ရင်နားလည်မယ်လို့ထင်ပါတယ်။
ဒီနေ့တော့ဒီလောက်ပါပဲ။ pdf တောင်းထားတဲ့ အစ်ကိုတွေကိုလဲ ကျွန်တော် HTML ပီးလို့ CSS မတက်ခင်တင်ပေးပါမယ်။Table နဲ့ Frame အကြောင်းတင်ပီးရင် HTML ကပီးပါပီ 😁။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Written by @minthwayko
MSC - 187