ပန်းသီးနာ

Words
81
Reading
1 min
Listen
Play
6y

ocefmi.jpg

ပန်းသီးနာ

ငယ်ငယ်က ပန်းသီးဆိုတာ သူဌေးတွေပဲစားနိုင်တာလို့ယူဆခဲ့တာ ဒါပေမယ့် ပန်းသီးမြင်ရင် စားချင်စိတ်ကဖြစ်ဖြစ်နေတော့ ကြီးလာရင်ငါသူဌေးဖြစ်အောင်ကြိုးစားပြီး ပန်းသီးတွေအများကြီးစားပစ်မယ်လို့ ကြိမ်းဝါးခဲ့ပါတယ်။ အသက် ၁၈ နှစ်လောက်မှာ ရန်ကုန်စရောက်တော့ သိမ်ကြီးဈေးက ပန်းသီးသည်တွေတွေ့ရင် ငေးရတာနဲ့ခုလုပ်တောင်တိုက်တယ်။
မှတ်မှတ်ရရ ရန်ကုန်ကိုရထားလက်မှတ်ခ ၃၁ ကျပ်ပေးရတဲ့ခေတ်က သိမ်ကြီးဈေးမှာ ပန်းသီးတစ်လုံး ၂ ကျပ် ၃ ကျပ် ဝယ်မစားနိုင်ဘူး။ နောက်ဆုံး နာနေတဲ့ပန်းသီးတွေ ၅၀ပြားဆိုပြီးအော်ရောင်းနေတာကြားတော့ အပြေးအလွားသွားပြီးဝယ်စားခဲ့တယ်။ အဲဒီတုန်းက လက္ဘက်ရည်တစ်ခွက်တစ် (၁)ကျပ်လေ။
ဒီနေ့ကျတော့ သူဌေးမဖြစ်လည်း ပန်းသီးဝယ်စားနိုင်ကြပါပြီ။ ပန်းသီးတွေပဲပေါလာတာလား။ လူ‌တွေကပဲ သူဌေးတွေဖြစ်ကုန်ကြတာလား။ စဉ်းစားစရာ။
အိမ်ကအလုပ်သမားကောင်မလေးတစ်ယောက်က ဒူးရင်းသီးစားချင်လို့တဲ့ ဈေးမေးကြည့်တော့ ၂၅၀၀ ကျပ်။ ကိုယ့်မှာ ၂၅၀၀ ကျပ်ကို ဝယ်စားနိုင်ပေမယ့် မတန်ဘူးထင်လို့ဘယ်တုန်းကမှဝယ်မစားခဲ့ဘူး။
မိန်းမကတော့သူ့အလုပ်သမားစိတ်ကျေနပ်စေဖို့ဝယ်ကျွေးလိုက်တာပဲ။
ခုလည်းအိမ်မှာသူ့တူမရောက်လာတယ်။ အဆွေအမျိုးကို‌ေပးကမ်းထောက်ပံ့ခြင်းဟာမင်္ဂလာပါ။ သို့သော်လည်း ကိုယ်တောင်မသုံးစွဲတဲ့ ပစ္စည်မျိုးတွေကို မလိုပဲဝယ်နေတာမျိုးကိုလုံးဝကိုလက်မခံနိုင်ဘူး။
သူတို့တွေကို ကိုယ့်တုန်းကလိုပန်းသီးနာတွေမစားခိုင်ပါဘူး။ ကောင်းတာလေးတွေဝယ်ကျွေးပါတယ်။
ဒါပေမယ့်နော် အဝတ်တွေဝယ်တာ ရောက်တာလေးငါးလပဲ ရှိသေးတယ်။ သေတ္တာတွေပြည့်မောက်နေပြီ။ လိုတာလည်းမဟုတ်၊ ဘယ်မင်္ဂလာဆောင် ဘယ်အလှူမှသွားတာလည်းမဟုတ်ဘူး။ ဈေးနဲ့အိမ်၊ အိမ်နဲ့ဈေးကို ။
လာတုန်းကဖြင့် အဝတ်အစားသုံးစုံလားနှစ်စုံလားပဲပါတယ်။ အရင်ကတည်းကသုံးစွဲလာတဲ့သူဌေးသမီးမျိုးလည်းမဟုတ်ပါပဲ။
ဒင်းတို့လုပ်ပုံနဲ့ ကြာရင်ငါ့မှာ ပန်းသီးနာလေးတောင် ပြန်မစားနိုင်တော့တဲ့အခြေရောက်တော့မယ်။

ပန်းသီးနာ | Ecency