၃ ရက်နေ့မှာ စစ်ဆေးမှုရှိပေမယ့် ရောဂါထပ်တွေတဲ့သူမရှိပါဘူး။ မနေ့ကတော့ ၂၀ ဦးဖြစ်သွားတဲ့နေရာမှာ မိသားစုဝင်တွေထိခိုက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်စရာပါ။ သို့သော်လည်း အားလုံးကျန်းမာကြောင်းသိရလို့ ဝမ်းသာရပြန်ပါတယ်။
ဒီနေ့သတင်းထူးနှစ်ခုတွေ့ပါတယ်။ တစ်ခုက အမေရိကန်ပညာရှင်တွေရဲ့တင်ပြချက်အရ အသက်ရှုတာ၊ စကားရိုးရိုးပြောနေတာကတောင် ရောဂါကူးဆက်နိုင်တယ်ဆိုပါတယ်။ ဆိုတဲ့သတင်းနဲ့ ၂၉ ရက်မေလမှာ ဒီရောဂါကြီးအဆုံးသတ်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။