
လူတွေအားလုံး ကိုယ့်ဘာသာ Lock down ချပြီးနေရင်တောင် အိမ်ကတစ်ယောက်ယောက်ကတော့ ဈေးဝယ်ထွက်ဖို့ လိုလာတတ်ပါတယ်။ ဈေးဝယ်ထွက်ပြီ ဆိုမှတော့ ပိုက်ဆံတွေလည်းကိုင်ရပြီပေါ့။ ဒီတော့ ဈေးသည်မှာ ပိုးရှိနေမလား။ ဈေးဝယ်မှာပိုးရှိနေမလား။ မသေချာတော့ပါဘူး။ သေချာတာကတော့ သူပိုက်ဆံ၊ ကိုယ်ပိုက်ဆံအပြန်အလှန်ကိုင်ကြရပါပြီ။ ပို့စ်တစ်ခုမှာ Mobile Phone ကနေအများဆုံးပြောကြပေမယ့်။ ကျွန်တော်တို့နိုင်ငံမှာတော့ တစ်ဦးနဲ့တစ်ဦးကူးပြီဆိုရင် ဒီလိုမျိုးပိုက်ဆံတွေက ကူးတာပိုများလိမ့်မယ်လို့ထင်မိပါတယ်။ များသောအားဖြင့်ကျွန်တော်တို့တွေဟာ ပိုက်ဆံတွေကို သေသေသပ်သပ်၊ သန့်သန့်ရှင်းရှင်း ကိုင်တွယ်လေ့မရှိကြပါဘူး။ ဒါကလည်း ဗိုင်းရပ် ပိုကြိုက်မယ့် လက္ခဏဖြစ်လေမလား မပြောတတ်ပါဘူး။ ကျွန်တော်အကြံပြုချင်တာကတော့ မတတ်သာလို့ပိုက်ဆံတွေကိုင်နေရတဲ့အခါ မကြာခဏ လက်ကို Hand gel နဲ့ပွတ်ပေးပါ။ သို့မဟုတ်လက်အိတ်စွတ်ပြီးကိုင်ပါ။ လက်အိတ်နဲ့ မျက်လုံး၊ ပါးစပ်၊ နား၊ နှာခေါင်းမနှ်ုက်ပါနဲ့လို့အကြံပြုပါတယ်။ မနေနိုင်လို့နိုက်ရမယ်ဆိုရင် လက်အိတ်ချွတ် Hand gel အမြန်ပွတ်ပြီးမှနှိုက်ပါလို့အကြံပြုပါတယ်။ ဆက်တိုက်ကြီး ပိုက်ဆံတွေကိုင်ရလွန်းလို့ Hand gel ပွတ်တာများ ပြီဆိုရင်တော့ လက်ကလေးပြေးဆေးလ်ုက်ပါဦးလို့ပကြံပြုပါတယ်။
မိတ်ဆွေတို့အနေနဲ့အခြားနည်းလမ်းများသိတာရှိရင်လည်း မန့်ေပးကြပါဦးလို့။