Hidden Market Project

Words
185
Reading
1 min
Listen
Play
6y

z0ywei.jpg
Hidden Market Project
ကျွန်တော်ယခုတင်ပြမယ့် Hidden Market Project ကလေ ဘယ်သူမှတော့ မတီထွင်ရသေးဘူး ထင် တာပဲ။ ဒီလိုပါ။ ကျွန်တော်တို့ လာမယ့်အနာဂါတ်အတွက် ပုန်းကွယ်နေတဲ့ဈေး Hidden Market Project ပေါ့ဗျာ စမ်းသပ်ချင်တယ်။ ဈေးကပုန်းကွယ်နေတယ် ဆိုတဲ့အတွက် လူတွေတွေ့စရာလည်းမလိုဘူး။ လာစရာလည်းမလိုဘူးပေါ့နော။ ဒါကြောင့်ဈေးတည်ဆောက်ဖို့အတွက် စည်ကားတဲ့နေရာ၊ အချက် အခြာကျတဲ့နေရာမျိုးတွေဖြစ်ဖို့ မလိုအပ်တော့ဘူး။ ကားဝင်ကားထွက်ကောင်းရင်ရပြီ။ ဒါ အခြားသော သာမန်ဈေးတွေထက်အားသာတဲ့အချက်ပဲ။ စည်ကားတဲ့နေရာ၊ အချက် အခြာကျတဲ့နေရာမျိုးမလို အပ်တဲ့ အတွက် ဈေးတည်ဆောက်ဖို့နေရာကို မြေတန်ဘိုးကြီးကြီးမားမားပေးစရာမလိုအပ်တော့ဘူး။ ဟုတ်ပြီ လူတွေတွေ့စရာလည်းမလိုဘူး။ လာစရာလည်းမလိုဘူးဆိုတဲ့စကားကို ပြန်ရှင်းပြပါ့မယ်။
ဒီလိုပါ လူတွေ့စရာမလိုဘူးဆိုတာက Online ကနေရောင်းမှာမို့ပါ။ ဒါဆို အခုသူများတွေလုပ်နေကြတဲ့ Online Shop တွေနဲ့ဘာများကွာခြားလို့လဲလို့ မေးစရာရှိပါမယ်။ မတူပါဘူး။ ဈေးထဲကိုလူတွေ မရောက်ပေမယ့် ဈေးထဲရောက်သွားသလိုမျိုး ၊ Supper Market ထဲရောက်သွားသလိုမျိုး VR (Virtual Reality) နည်းပညာကိုအသုံးပြုသွားမှာပါ။ VR နည်းပညာဆိုတာက အမြင်အာရုံနဲ့ တကယ်ဖြစ်နေသလိုခံ စားရအောင်လုပ်တာမျိုးကိုခေါ်တာပါ။ ကမ္ဘာကျော် ပရိဘောဂတွေရောင်းတဲ့ IKEA က VR သုံးပြီး ပရိဘောဂတွေမဝယ်ခင် မိမိတို့အိမ်ခန်းနဲ့ ကိုက်ညီတဲ့နေရာနဲ့ပရိဘောဂတွေကို နေရာချထားဖို့ လက်တွေ့ လုပ်ဆောင်နေသည့်သဖွယ် လုပ်ဆောင်ပြပြီးမှရောင်းချတာဖြစ်ပါတယ်။ ခရီးသွားဘက်မှာဆိုလည်း UK အခြေဆိုက် Thomas Cook Travel က VR ကိုအသုံးပြုပြီး Campaign တစ်ခုလုပ်ဆောင် အောင်မြင် ခဲ့ပါတယ်။ ဆိုလိုတာကတော့ သူများနိုင်ငံတွေမှာအောင်မြင်မှုတွေရရှိနေပါပြီလို့ ပြောချင်တာပါ။
ပြီးတော့ ဈေးဆိုပေမယ့် ဈေးမဟုတ်ဘူးဗျာ၊ ဂိုထောင်ပဲ၊ ပစ္စည်းထားတဲ့ ဂိုထောင်ပဲ ဥပမာရန်ကုန်ထား ပါတော့ မြို့နယ်တိုင်းမှာဂိုထောင်တွေရှိမယ်ဗျာ။ အဲဒီကနေပို့ပေးမှာ ဒီတော့ ဈေးမရှိဘူးလားဆိုပြန်ရင် တော့ ဈေးကလည်းရှိတယ်။ ဒါပေမယ့် အစစ်တော့မဟုတ်ဘူးအတု။ Facebook နဲ့ရှာရင် 360° camara နဲ့ ဝင်ကြည့်လို့ရမယ်။ ပစ္စည်းတစ်ခုခြင်းကို အသေးစိပ်လှည့်ပတ်ကြည့်လို့ရမယ်။အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန်၊ ဈေးနှုန်း(ပို့ခအပါအဝင်) ချက်ခြင်းသိနိုင်မယ်။ အဝယ် Order တင်လိုက်တာနဲ့ နာရီဝက် အတွင်း ပို့ပေးမယ်။
Hidden Market Project ရဲ့အားသာချက်တွေကတော့
၁။ ဈေးလို့ခေါ်တဲ့ဂိုထောင်ဆောက်ဖို့က သာမန် Supper Market တွေထက် အဆများစွာသက် သာခြင်း။
၂။ မြို့နယ်တိုင်းမှာဆောက်ပေးနိုင်တဲ့အတွက် Delievey လျင်မြန်ခြင်း၊ ဈေးကွက်ကြီးမား ကျယ် ပြန့်ခြင်း။
၃။ တရုတ်ပြည်က Taobao တို့ ၊Alibaba တို့၊ဟို Amazone တို့လို ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ချိတ်ပေးတာမဟုတ်ဘဲ။ ကိုယ်က အဆင်သင့်သိုလှောင်ထားမှဖြစ်တဲ့အတွက် အမြန်ဆုံးပေး ပို့ဆောင်ရွက်ပေးနိုင်ခြင်း။
၄။ အလုပ်သမားကို ပစ္စည်းအတင်အချ၊ အသယ်အပို့အတွက်သာအသုံးပြုရပြီး Seller သီးသန့်ထား ရှိစရာမလိုပဲ၊ Marketing အတွက် Online အသုံးပြုသူများသာလိုအပ်ခြင်း။
၅။ ယခုကဲသို့ Covid-19 ကြောင့် လူများသွားလာမှုကန့်သတ်ထားရှိချိန်တွင်များစွာအဆင်ပြေခြင်း။
စသည့်အားသာချက်များစွာရှိမှာဖြစ်ပါတယ်။

Hidden Market Project | Ecency