လေ့လာစရာ Electronic ပညာ အပိုင်း(၅)
၎။ Diode ( ဒိုင်အုပ် )
Electronic ပညာကိုစိတ်ဝင်စားလျှင်တော့ Electronic Card တွေမှာအမြဲမြင်တွေ့နေရတဲ့ ပိစိနှောက် တောက်ပစ္စည်းကလေးတွေမှန်သမျှ သိထားဖို့လိုလာတယ်လေ။ အဲဒီမှာ Diode ( ဒိုင်အုပ် ) ဆို တဲ့ကောင် ကလည်းသိမထားလို့မဖြစ်တဲ့ ကောင်ဆိုတော့ လေ့လာရပြန်တယ်။ သူရဲ့အလုပ်လုပ်ပုံတွေကို မသိရင် သူ့ကို အသုံးချဖို့ဘယ်လွယ်ပါ့မလဲနော်။ ဒါကြောင့် Diode ဆိုတာဘာပါလိမ့်လို့လေ့ လာကြည့်ပါတယ်။
Diode (ဒိုင်အုပ်) ဆိုသည်မှာ လျှပ်စီးကြောင်းများကို ဦးတည်ရာတစ်ဖက်တည်းကိုသာ သီးသန့် စီးဆင်းခွင့်ပြုသောအီလက်ထရောနစ် ပစ္စည်းတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်သိထားတာလည်း AC ကနေ DC ပြောင်းပေးတာဆိုတော့ အပြန်အလှန်လျှပ်စီးကနေ ဦးတည်ရာတစ်ဖက်တည်းကိုစီးစေတဲ့ DC( Direct Currence )ကိုဆိုလိုကြောင်းပါ။အဆိုပါ ဂုဏ်သတ္တိကြောင့် ဒိုင်အုပ်များကိုလျှပ်စီးပြုပြင် ပြောင်းလဲသော နေရာများမှာ အသုံးများပါတယ်။ဒိုင်အုပ်ရဲ့ ငုတ်တစ်ဖက် တစ်ချက်ဆီ ကို Anode နဲ့ Cathode လို့ သတ်မှတ်ထားပါတယ်။သာမန်ဒိုင်အုပ်တွေမှာ ဒိုင်အုပ်ရဲ့ ငုတ်တစ်ဖက်မှာရှိတဲ့ အရောင် လိုင်းလေးကို ကြည့်ပီး Anode နဲ့ Cathode ကို အလွယ်တကူပဲခွဲခြားနိုင်ပါတယ်။
Diode ရဲ့ သာမန်အလုပ်လုပ်ပုံမှာ
Anode မှ Cathode သို့ အပေါင်းဗို့ကိုသာ သီးသန့် စီးဆင်းစေပါတယ်။
Cathode မှ Anode သို့ အနုတ်ဗို့ကိုသာ သီးသန့် စီးဆင်းစေပါတယ်။
Where
ID = Diode current in amps
Is = Saturation current in amps
(typically 1 x 10 -12 amps)
e= Euler’s Number (~ 2.718281828)
VD = Voltage applied across diode in volts
(အပေါင်းဗို့သာ စီးဆင်းခွင့်ပြုပုံ)
(အနုတ်ဗို့ကိုသာစီးဆင့်ခွင့်ပြုပုံ)
သို့သော်လည်း Zener Diode တွေကို ဗို့အားတသမတ်တည်း တည်ငြိမ်စေဖို့လိုအပ်တဲ့ အီလက်ထရော နစ်ပါတ်လမ်းများမှာ အသုံး ပြုကြပါတယ်။Diode ရဲ့ သတ်မှတ်ထားတဲ့ ဗို့အားကို ဖြတ်သန်းစီးဆင်းစေပြီး သတ်မှတ်ဗို့အားထက် ကျော်လွန် လာပါက Break Down ( ဖြတ်ချ)အခြေနေကို ရောက်သွားစေပါတယ်။ Zener Diode ရဲ့ သတ်မှတ်ဗို့ အားကို ဒိုင်အုပ်ရဲ့ ကိုယ်ထည်ပေါ်မှာ ရေးသားဖော်ပြပေးထား ပါတယ်။
SMD ဒိုင်အုပ်တွေနဲ့ အခြား ဖွဲ့စည်းပုံမတူတဲ့ဒိုင်အုပ်များကိုတော့ Multimeter(မျိုးစုံတိုင်းနိုင်သော မီတာ) ဖြင့်သာတိုင်းတာပြီး ခွဲခြားနိုင်ပါမယ်။
ဒိုင်အုတ် အများ အပြားရှိသော်လည်းအခြေခံအားဖြင့်သိသင့်သောဒိုင်အုတ်များမှာ(၄)မျိုးသာရှိပါသည်။
၁။ Signal diode ဆစ်ဂနယ်ဒိုင်အုတ်
၂။ Power diode ပါဝါ ဒိုင်အုတ်
၃။ Zina diode ဇီနာဒိုင်အုတ်
၎။ LED ( light emitting diode)
စသည်တို့ဖြစ်ကြသည်။
Signal diode သည် လူနားဖြင့်မကြားနိုင်သော ရေဒီယိုလှိုင်းများ( radio wave) များကို လူနားဖြင့်ကြား နိုင်သော အော်ဒီယိုလှိုင်းများ( audio wave) ဖြစ်အောင်လှိုင်းစစ်ပေးသည်။ဒီနေရာမှာ ကျွန်တော်မရှင်း လင်းခဲ့ သောအချက်တစ်ခု နားလည်လာရပါသည်။ လျှပ်စစ်ဓါတ်အားကနေ အသံလှိုင်းအဖြစ်ဘယ်သူပြောင်းပေးတာ လဲ ဆိုသောပြဿနာကို Signal diode က လုပ်ဆောင်ပေးကြောင်းသိရပါပြီ။
Power diode သည် AC လျှပ်စီးဗို့( Alternating current) မှ DC လျှပ်စစ် ( Direct current) ဖြစ် အောင်ပြောင်းလဲပေးသည်။ဒါကတော့ အစောကြီးထဲကသိနားလည်ပြီးဖြစ်ပါသည်။
Zina diode သည် လျှပ်စစ်ဗို့အားကို တသမတ်ထဲငြိမ်နေအောင်လုပ်ဆောင်ပေးသည်။ ဥပမာ 12V Zina diode ကိုအသုံးပြုထားပါက 12 Volts ပုံမှန်ရရှိနေအောင်လုပ်ဆောင်ပေးပြီးကျော်လွန်ပါက 12 Volts ထိ ပြန်လည်လျှော့ချပေးသည်။ ဒီ diode ၏ အလုပ်လုပ်ပုံကိုနားလည်သွားသဖြင့်အရင်က ပုံမှန် Volt အားမရရှိလျှင် ဘယ်လိုလုပ်ပါ့မလဲဟုစဉ်းစားခဲ့ဘူးသော ပြဿနာလည်းပြေလည်သွားပါသည်။
LED ( light emitting diode) သည် ရောင်စုံမီးလေးများပြုလုပ်သောမီးလုံးလေးများဖြစ်ကြပြီး ၎င်းတို့ သည်ဒိုင်အုတ်အမျိုးအစားတွင်ပါဝင်သည်။ယနေ့ခေတ်စားလှသော LED မီးလုံးကလေးများလည်း Diode အမျိုးအစားတွင်ပါဝင်ကြောင်းသိရပါသည်။
ဒိုင်အုတ်များတွင် Cathode( K ) နှင့် Anode (A) ဟူ၍အစွန်းနှစ်ဖက်ရှိပြီး Cathode ဖက်တွင် အမှတ် အသား အရစ်လေးပါသည်။
ဤမျှလောက်ဆိုလျှင် Diode(ဒိုင်အုပ်)အကြောင်း အကြမ်းဖျင်းနားလည်ပြီဟု ယူဆပါသည်။ Diode (ဒိုင်အုပ်) အမျိုးအစားများအလိုက် သုံးစွဲတတ်ရန်လိုအပ်သည့်အတွက် အသုံးဝင်ပုံများကို သေသေချာချာ သိရှိနားလည်ထားရပါမည်။
ရေးသားသူ -မင်းစိုးနိုင်
MSC010
Photo google