ဒီကျောင်းမတက်၍ ဒီစာမကျက်သော ကျွန်တော်
ချောက်မြို့ သခင်ဖိုးလှကြီးစက်မှုလက်မှုသိပ္ပံကျောင်းတွင် ၁၉၈၅ ခုနှစ်ကတက်ရောက်၍ပညာသင်ကြားခဲ့ပါ သည်။ဘာသာရပ်က စက်မှု(Mechnical Power)ပါ။ စက်မှု(Mechnical Power)ဘာသာရပ်ကိုယူခဲ့ရသည့် အကြောင်းကတော့ အဲဒီခေတ်ကအလုပ်ရလွယ်လို့ပါ။ ဘယ်သတင်းစာကောက်ဖတ်ဖတ် Mechnical Power တွေသာခေါ်နေတော့ အမြန်ဆုံးအလုပ်အကိုင်ရဖို့ စက်မှုဘာသာရပ်ကိုယူခဲ့သည်။ ဝါသနာပါသလားဆိုတော့ ဒီလောက်ဝါသနာမရှိလှ။ အသစ်အဆန်းကိုစိတ်ဝင်စားတတ်လေ့ရှိသော ကျွန်တော်သည် ထိုစဉ်က စက်မှုလက်မှု သည်ပင်လျှင် အသစ်အဆန်းတစ်ခုဖြစ်နေသေးသည့်အတွက် လည်းကောင်း၊ အလုပ်မြန်မြန်ရပြီးရောသဘောဖြင့် လည်းကောင်း ထိုဘာသရပ်ကိုယူခဲ့ပါသည်။
တကယ်တမ်းသင်တော့ သာမန်သာစိတ်ဝင်စားမှုရှိသည်။ ကျောင်းစာကြည့်တိုက်သို့နေတိုင်းသွား၍ တွေ့ သည့်စာအုပ်ရှာဖတ်သည်။ ဒါကိုတွေ့နေသော အခန်းဖေါ်သူငယ်ချင်းများက ကျောင်းစာထက်အပြင်စာ တွေ ပိုဖတ်တယ်နော်ဟု ပြောဖူးသည်။ကျွန်တော်ဘာကြောင့်ကျောင်းစာကိုစိတ်မဝင်စားသနည်းမေးလျှင် မိမိဝါသနာ နှင့်မကိုက်ညီသောကြောင့်ဟုပြောရမည်ထင်ပါသည်။ သို့ဆိုလျှင်မိမိဘာကိုဝါသနာပါတာလည်းဟုမေးလာလျှင် လည်း တိတိကျကျဖြေဆိုနိုင်လိမ့်မည်မထင်ပါ။ မိမိကျောင်းတက်စဉ်အခါက မိမိဝါသနာပါသော ဘာသာရပ် မရှိသေးတာလည်းဖြစ်နိုင်မည်ထင်ပါသည်။ ကျွန်တော်သည်ယခုအခါမှမိမိကိုယ်ကိုယ်ဆန်းစစ်ကြည့်သောအခါ Electronic ဘာသာရပ်နှင့် သုတေသနလုပ်ငန်းများကို စိတ်ဝင်စားမှုရှိတတ်ကြောင်းသိလာရပါသည်။ အချိန် နှောင်းပေစွ။
တကယ်တော့ GTI ကျောင်းများသည် Engineer ဘွဲ့ယူမည့်ကျောင်းများကဲ့သို့ သီအိုရီလည်းမများ၊ T.H.S ကျောင်းများကဲ့သို့ လက်တွေ့လည်းမများပဲ။ အလုံးစုံနားလည်ကျွမ်းကျင်မှုရှိရန်သင်ကြားပေးလေ့ရှိသောကျောင်း များဖြစ်သည်။သို့သော် ကျွန်တော်သင်ကြားခဲ့ရသည့်ကာလသည် အရေးအခင်းကာလများဖြစ်ခဲ့ပြီး လက်တွေ့လုပ် ဆောင်ရန်သင်ထောက်ကူပစ္စည်းများလွန်စွာနည်းပါးခဲ့သောသောအခြေအနေမျိုးတွင်သင်ကြားခဲ့ရသည်ဖြစ်ရာ ဘာ တစ်ခုမျှရေရေလည်လည်တတ်မြောက်အောင်သင်ယူနိုင်ခြင်းမရှိခဲ့တာလည်းပါမည်ထင်ပါသည်။
သို့ဖြစ်ရာကျွန်တော်သည် စိတ်လေသောနေ့ရက်များတွင် ကျောင်းစာကြည့်တိုက်တွင်သာအချိန်ကုန်နေ ခဲ့ပြီး ကျောင်းစာထက်ပြင်ပစာများကိုသာ ဖတ်ရှုမှုများပြားခဲ့ပါသည်။ Steemit မိသားစုများပျှောင်ရွှင်ပါစေ
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – Google