##မြန်မာနဲ့covid-19
မြန်မာပြည်က ဥရောပတိုင်းပြည်တွေလို အရမ်းမြန်မြန်ကြီးမကူးစက်သွားဘူး။ ဒါပေမယ့် အဆက်ပြတ်သွားဖို့ခက်ပြီး တောက်လျှောက်ချိတ်ဆက်မှုရှိနေတယ်။ ချိတ်ဆက်မှုရှိနေရတဲ့ အကြောင်းရင်းတွေကတော့ ----
(၁) ဆရာဝန်သူနာပြုများ PPE ဝတ်စုံများ ကြာရှည်ဝတ်ဆင်ရခြင်းမှ အခက်အခဲများ
(၂) မိသားစုအချင်းချင်း အတူနေခြင်း၊ အတူစားခြင်း၊ ရေခွက်တစ်ခွက်တည်းတစ်ယောက်တစ်လှည့်သောက်ခြင်း၊ အိမ်သာတစ်ခုတည်းအတူသုံးပြီး တံခါး၊ အိမ်သာရေခွက်၊သို့မဟုတ်ရေဆွဲခလုပ်များအတူသုံးပြီး အမြဲပိုးသတ်ပေးမနေနိုင်ခြင်း
(၃) ဈေးဝယ်ခြင်း၊ ဈေးရောင်းချခြင်းများတွင် mask များမတပ်ခြင်း၊ mask တပ်သော်လည်း မေးစေ့အောက်သို့ ချချထားခြင်း၊
(၄) စည်းကမ်းများကို အလေးမထားခြင်း
(၅) တရုတ်ပြန်များကို ထပ်မံလက်ခံရန်ရှိနေခြင်း
(၆) ကူးစက်မှုလျော့ပါးသက်သာသွားသည့်အခါ နိုင်ငံခြားအသွားအလာများကို ခွင့်ပြုရမည့်အခြေအနေများရှိနေခြင်း စသည်တို့ကြောင့်ဖြစ်ပါသည်။
ကမ္ဘာတစ်ခုလုံးမကင်းစင်သ၍မကြာခဏကူးစက်မှုများ ရှိနေနိုင်ပါသည်။မိမိ ပေါ့ဆမှုကြောင့် မည်သူ့ကိုမျှမထိခိုက်စေကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာပြီး ကိုယ်ခံစွမ်းအားမြင့်မားသူတွေဖြစ်ကြပါစေသော်ဝ်။