Comment သို့မဟုတ် မှတ်ချက်ပေးကြခြင်း

Words
70
Reading
1 min
Listen
Play
6y

Best-WordPress-Comment-plugin.jpg

Comment

Comment ဆိုတဲ့ စကားလုံးကိုမြင်တော့ Facebook ထဲက မန့်တွေသွားမြင်ကြမယ်ထင်ပါတယ်။ Facebook ထဲမှာ မန့်တွေကြောက်စရာကောင်းသလို အပြင်လောကမှာလည်း အဲဒီ comment တွေကကြောက်စရာကောင်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ဝန်ထမ်းလောကမှာ comment တစ်ချက်က အသက်ပါ။ အဓိကကတော့ တွေရာထူးကြီးတွေရပြီးအုပ်ချုပ်နေတဲ့အချိန်မျိုးမှာ အဲဒီလူမျိုးရှေ့မှာ တစ်ယောက်ယောက်က သိတယ်မို့လား မင်းစိုနိုင်ကလေ အဲဒီမှာသွားပြီ ။ သူကဘာပြုလို့လဲ။ အဲလူကကလန်ကဆန်ရယ်ပြောလိုဆိုလို့ကောင်းတာမဟုတ်ဘူး။ သွားပြီ လူကြီးရှေ့မှာပေးသွားတဲ့မှတ်ချက် ၊ ဟိုငတုံးလူကြီးက ခိုင်းမကြည့်ရသေးဘူး။ ဒီကောင် ငါများဘယ်လိုကလန်ကဆန်လုပ်မလဲ သတိထားနေရော၊ တတ်နိုင်ရင်မခိုင်းတော့ဘူး။ဘေးချိတ်ချောင်တွေအထိလုပ်ရော။ အခွင့်သာရင်နယ်ပါပြောင်းပစ်ချင်သေးတယ်။
ဒါကြောင့်လေ အလကားမူးတင်းမှတ်ချက်တွေ မပေးကြပါနဲ့။ သူဘာသာသူလူကြီးကအကဲခတ်ပါစေ။သူပါသာသူလူကြီး အနီးဟန်ဆောင်ပါစေ။
အချို့ကလေ လူကြီးအသစ်ရောက်ရင် ကိုယ့်ကိုသိပ်သိစေချင်တာ။ ဟန်ရေးပြရတာတမော။ အခွင့်သာတာနဲ့ ဟိုလူအကြောင်းတွေ အတင်းတုတ်ရော၊ သူပြောတာတွေနားထဲရောက်နေတော့ လူကအဆင်မပြေတော့ဘူး။ ဟိုလူလည်းမကောင်း၊သည်လူလည်းကောင်းတော့။
ပြဿနာလေးတစ်ခုလောက်ကြားရင်သူကအဲလိုပဲ သိတယ်မို့လား။ သွားလေရာနေရာတကာပြဿနာနဲ့ ၊ သူကပေါ့ပေါ့ဆဆ၊ ဘာတွေလျောက်လုပ်လိုက်ပြီလဲမသိဘူး။ ဒါမျိုးမှတ်ချက်‌ေတွ‌ေကြာက်စရာ‌ေကာင်းပါတယ်။
ဘဝလမ်းတစ်လျှောက်မှာ မလိုမုန်းထားသူတွေ၊ ကတိမတည်သူတွေ၊ အချောင်လိုချင်တတ်သူတွေနဲ့ တွေ့ရဖန်များလို့အရေထူနေပြီဆိုပေမယ့် အဲလို မှတ်ချက်သမားသမားတွေကြောင့်လည်း အရေထူလာပါပြီလေ။

Comment သို့မဟုတ် မှတ်ချက်ပေးကြခြင်း | Ecency