မျက်ရည်ထွက်လျက် မိန်းမစက်

Words
62
Reading
1 min
7y
Listen to this post
~1 min

7mvhf2d9ey.jpg

မျက်ရည်ထွက်လျက်မိန်းမစက်

စိတ်ကူး

ငယ်ငယ်က အမြဲတမ်း အမေဆိုနေတတ်တဲ့ သီချင်းလေးတစ်ပုဒ်ရှိတယ်။ အဲဒီသီချင်းကို အမေရယ်ပုခက်လွဲရင်းလည်းဆိုတယ်။ ထမင်းချက်ရင်းလည်းဆိုတယ်။...

မိန်းမသားလက်နှက်ဆိုတာ မျက်ရည်စက် ပါမောင်ရေ...

အဲဒီစာသားလေး ငယ်ငယ်က အမေဆိုနေရင်နား ထောင်ရတာ အရမ်းကောင်းတာ စိတ်ထဲကလည်း ဟုတ်တယ်နော် မိန်းကလေးဘဝက ယောက်ျားတွေလို လက်သီးနဲ့လည်းမတိုးနိုင်ဘူး။ တုတ်နဲ့လည်းမရိုက်တတ်ဘူး။မိန်းမတွေဘဝက သနားစရာပါပေါ့။ အမေ့ကိုကြည့်ပြီးငါကြီး လာရင် ငါ့မိန်းမကိုဘယ်တော့မှမရိုက်ဘူး။ လို့ဆုံးဖြတ်ထားခဲ့တယ်။

လက်တွေ့

စကားလေးများပြီဆိုရင် လက်ပါလာတတ်တာက မိန်းမ။ကျွန်တော်ကဘာမှမပြောငြိမ်ခံနေတတ် တော့ သူကအားမလိုအားမရနဲ့ ကျွန်တော့ကိုရိုက် ရိုက်လည်း ဒီကဘာမှမလုပ်တော့ သူ့ဘာသာပြန် ငို။
ကျွန်တော်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမ သိ တော့ဘူး။
အမေရေ ...
အမေတို့လက်နှက် ဟားးး တကယ် ကြောက်စရာကောင်းတာပဲ။ ဘာနဲ့မှတုန့်ပြန်တိုက် လို့မရဘူး။ ချက်ချင်းကိုပဲ လက်နှက်ချ အညံ့ခံ လိုက်ရတယ်။ အညံ့မခံရင် ဘိုလိုလက်နှက်တွေ ထုတ်သုံးဦးမလဲ မသိဘူးလေ။

မျက်ရည်ထွက်လျက် မိန်းမစက် | Ecency