ပြန်လာခဲ့ပါ သို့…… ချစ်သူ

minmaha(36)
Published in
#heart
Words
73
Reading
1 min
9y
Listen to this post
~1 min

နာနာကျင်ကျင် ငါ့နှလုံးသားလေး
မင်းမပဲ ကံဆိုးခဲ့သလားနော်
မင်းအတွက် အရာတိုင်းက အကျဉ်းတန်နေပါယောလား
ဆိုင်ကယ်လေးကလည်း
မင်းမပါ၍လား လီဗာကို မိုင်ကုန်မောင်းတာတောင် ပြေးတယ်မထင်တော့ဘူး
ကျောင်းလမ်းက ခရေပင်လေး
ကောက်ကာသီပေးဖူးတာ မြင်ယောင်
သတိရမိတော့ လျောက်လှမ်းလာတဲ့ ငါ့ခြေတွေ လေးလံလို့နေပါကောလား
ညအိပ်ချိန်တိုင် ငါ့နှလုံးသား ငိုသံတွေ
ငါပြန်ကြားနေရတယ် အိပ်မပျော်ညတွေ
ကျေးဇူးပြုလို့ ပြန်လာပါလို့တောင်းဆိုပါရစေ
မင်းမရှိတဲ့ နေ့တွေက ငါ့အတွက် နေမထွက်တဲ့နေ့
လမိုက်ညတွေ လိုပါပဲကွာ
ခြောက်ကပ်ကပ်နဲ့ စိုပြေမှုမရှိတဲ့ အခန်းလေးလည်း
မင်းကို တမ်းတလို့မျှော်နေဆဲပေါ့
မင်မကြိုက်တဲ့ ဆေးလိပ်တွေ ဖြတ်ပါဆိုလို့ ဝယ်ထားတဲ့ Ruby ဘူးလေးတောင် ဖုန်အလိပ်လိပ်
image
ယောင်ခြာခြာနဲ့ အခန်းလေးထဲ ခေါင်းကို ငေါက်စိုက်ပြီး
သူပြန်လာမလားဆိုတဲ့ မျှော်လင့်ချက် သဲ့သဲ့လေးနဲ့
မင်းမရှိတော့တဲ့ အခန်းထဲမှာ ငါတစ်ယောက် ငိုကျွေးလို့ပေါ့ … ပြန်လာပါလို့ မတောင်းဆိုပေမယ့်
ငါ့စိတ် ငါ့ဝိဥာဏ် မှာ မင်းလေးကို လိုအပ်နေတဲ့
အရေးပေါ် ကတင်းပေါ်က လူနာလေး တစ်ယောက်ပါ
image

Writer by minmaha@minmaha From myanmar

ပြန်လာခဲ့ပါ သို့…… ချစ်သူ | Ecency