!!!အားးးးးးးးးးးး!!!!!!!! အမလေးတော်ပါသေးရဲ့အိမ်မက်ပါလား ဟူးးးးးးး
အိမ်မက် ဆိုတာကလဲ ထူးဆန်းပါ့ ကိုယ်မက်ချင်တာကျတော့ မက်ခွင့်မရှိဘူဆိုး
တယ်နော် ကိုယ့်ချစ်သူလေးနဲ့ အတူတူပျော်နေတာမျိုးမက်ချင်တာပေါ့ တစ်ခါ
တစ်လေယောင်ရမ်း တောင်ဆုတောင်းတတ်သေးတယ်။ ဘုရားကန်တော့ရင်း
ညကျ ကျွန်တော် ချစ်သူနဲ့ အတူအိမ်မက်ထဲ အတူတူ ဆုံခွင့်ရပါစေသားးးးးးးး
မရဘူးဗျာ ဘာတွေရသလဲ မက်ချင်မှမက်တာမျိုး မက်ချင်မှ ဆိုတာ ကိုယ်မက်
ချင်တာကိုပြောတာမဟုတ်ဘူး သူ့ဖာသာဖြစ်တတ်တာမျိုး ဖြစ်တယ် လို့ပြောတာ
ထမင်းလုံး တစ္စေ ခြောက်တာမျိုးလဲပါတာပေါ့ ကိုယ်မမက်ချင်ဘူးလေ ဒါပေမဲ့
မက်တာဘဲ ထမင်းလုံးနင်းမိတာမျိုးပေါ့ သေချာမလုပ်ပေမဲ့မတော်တဆ နင်းမိ
တာမျိုးလဲရှိတတ်တာဘဲလေ။သေချာလုပ်လို့မဟုတ်ပေမဲ့ နင်းမိသွားတာနဲ့ အိမ်
မက်ဆိုးကနှောက်ယှက်တော့တာဘဲဗျို့။
အိမ်မက်ကထူးဆန်းတယ်လို့တော့ပြောလို့မရသလို မထူးဆန်းဘူးလို့လဲပြောလို့
မရပြန်ဘူးဗျ။တခါတလေလဲ အတိတ်နမိတ် တွေဖြစ်နေတတ်ပြန်ရော ကျွန်
တော်လဲကြုံဖူးတယ်ဗျ။ အိမ်မက်က အတိတ်နမိတ်ပေးတယ် ခုထိခေတ်စားနေ
တုန်းလေဗျာ နှစ်လုံး ဂဏာန်းပေးတယ်ဆိုတာ ကိုယ်ရဖူးတာတော့မဟုတ်ပါဘူး
ဒါပေမဲ့ အနီးနားပါတ်ဝန်းကျင်ကလူတစ်ချို့ပြောပြောနေကြတာပါ။သူတို့ပြော
တာကိုရမ်းထောက်ခံကြမယ်တော့မထင်ဘူး လက်တွေ့လဲ တကယ်ဘဲဗျ ဒါပေ
မယ့်သူ့အိမ်မက်ကို သူများကိုပြောပြရင်တော့ မရတတ်တော့ပြန်ဘူး အဲ့ဒါ
ကြောင့်ကျွန်တော်ထင်တယ် အိမ်မက် ဆိုတဲ့အရာကထူးဆန်းပါတယ်လို့။