ကြိုးစားမှု ရလဒ်
သူ့ငယ်နာမည်က မောင်မောင် ယခုတော့ ဦးမောင်မောင် အသက်ရွယ်က စကားပြောလာတဲ့အခါ ဦး တစ်လုံးထပ်တိုးသွားတယ်ပေါ့။ငယ်ဘဝ ကတော့
သိပ်ပြီး ပြည့်စုံခဲ့တယ်တော့ မဟုတ်ခဲ့ဘူး ၈ တန်းနှစ်မှာ အဖေ ကဆုံးသွား
တော့ အမေနဲ့ မောင်နှမ ၆ ယောက်က သူ့တာဝန် ဖြသ်လာခဲ့တယ်။ မြစ်ကြီး
နား လို မဖွံဖြိုးသေးတဲ့ မြို့လေးမှာ သူ့အတွက် မိသားစုစားဝတ်နေရေး တွက်
လောက်ငှ တဲ့ဝင်ငွေ တစ်ခုကို ရှာဖို့ မလွယ်ဘူး။ ကျောင်းကတစ်ဖက် မိသား
စုက တစ်ဖက်နဲ့ လောကဓံ ကိုအရှုံးပေး ဖို့တောင်တွေးနေလိမ့်မလားဘဲ။
အကိုကြီးတော့ အဖ အရာ တာဝန်တွေက သူ့အပေါ်ပုံပိလာပြီလေ။ဒါပေမယ့် သူစိတ်ဓ့တ်မပျော့ညံခဲ့ပါဘူး သမာအာဇီဝ ကျတဲ့ အလုပ်ကိုင်တွေက သူတို့မိ
သားစုအတွက် လောက်ငှတဲ့ ဝင်ငွေရှာမပေးနိုင်တာသိရတဲ့ နောက်ပိုင်းမှာ
တော့ 
မန္တလေးမြို့
သူ့ဖခင် ရှိစဉ်က ရောက်ရှိခဲ့ဖူးတဲ မြို့ တစ်မြို့ပါဘဲ သူသိတာက သူနေထိုင်
ရာ မြို့လေးမှာ University မရှိဘူး မန္တလေး လို မြို့တော်ကြီးမှာ ရှိတယ် သူ
ကျောင်းတက်ရင် ဒီကိုလာရမယ် ဆိုတာကိုသိတယ် ၈တန်း ကျောင်းသားအ
ရွယ်ကောင်လေး တစ်ယောက်ရဲ့စိတ်မှာ ဖြစ်နေတာတွေက သူ့မိသားစုကို
စောင့် ရှောက်ရမယ် ပိုက်ဆံတွေ အများကြီးရှာရမယ် အလုပ်တွေအများကြီး
လုပ်ရမယ်။ ဘယ်လိုအလုပ်မျိုးမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပီ ဒါပေမယ့်
သူ့က ဟိန္ဒူ ဘာသာဝင် ကုလား အမျိုး နွယ် ဝင်ဖြစ်နေတော့သူ့အတွက် အလုပ်က ထင်သလိုရှာရမလွယ်ခဲ့ဘူး။ မရ ရတာလုပ်မယ်ဆို ပြီး ရှာရင်း ရှာ
ရင်း အလုပ်တစ်ခုစ နှစ်ခုစ ရခဲ့တယ် ဒါပေမဲ့ ပင်ပန်းတာနဲ့ ရ တဲ့ငွေနဲ့ မိသား
စုစောင့်ရှောက်ဖို့ နေနေ သာသာ သူ့ဝမ်းစာတောင် ဝလင်အောင်မစားရဘူး သူ
စိတ်ပျက်လာခဲ့တယ်ပေါ့။
သေမထူး နေမထူး
သူ့ဘဝ ကိုသူပြန်တွေးတယ် အားငယ်မိသလို သိမ်ငယ်မိ သလို ဘာမှန်း
မသိတဲ့ခံစားချက်က ၈ တန်းအရွယ် ကောင်လေးတစ်ယောက်အဖို့ဖြစ်နေ
ခဲ့တော့တယ်။နောက်ဆုံး ဆုံးဖြတ်ချက် တစ်ခုချဖို့ကို ရှု့ထောင့်ပေါင်းစုံကနေ
စဉ်းစားတယ် ချင့်ချိန်တယ် သူဖြတ်သန်းခဲတာ ယခုအချိန်ထိ မိသားစုအပေါ်
ဘာမှလုပ်မပေးရသေးပါလား သူ့ကိုသူအားပြန်တင်းတယ် အကြွေးတွေ ပတ်
ချာလည်နေတယ် ဖခင်လက်ထက်က အဆင်မပြေခင်က သူဆိုတာဖြစ်လာ
ပီ ဖခင်မရှိတော့တဲ့ နောက်ပိုင်း သူ့အပေါ်တာဝန် ကျလာတယ်။သူကြိုးစား
တယ်လုပ်ကိုင်ကြည့်တယ် အဆင်မပြေခဲ့ဘူး နောက်ဆုံးတော့ ဆုံးဖြတ်ချက်
တစ်ခုချလိုက်တယ် သူ့ဘဝက သေလဲ မထူးဘူး နေလဲမထူးဘူး ဒါပေမယ့်
သေရင်လဲ အလုပ်လုပ်ပီးမှသေမယ် ဆိုပီး မှောင်ခို လုပ်ငန်းလေး တစ်ခုထဲ
ကိုသူရောက်ရှိသွားခဲ့ပါတော့တယ်။-----ဆက်ရန်-------