ယောက်ယက်ခက်နေသော အတွေးမျာ:

Words
174
Reading
1 min
Listen
Play
7y

အလုပ်တွေရှုပ်နေတာနဲ့ စာလေးတောင်မရေးဖြစ်ဘူး တကယ်က အရှုပ်တွေ
လုပ်နေလို့မအား တာလို့ဘဲ ထင်တယ် လူဖြစ်လာတော့လဲ လိုချင်တာ ထက်
လိုအပ်တာလေး ဦးစားပေးနေရင်းကို မအားနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့်
အချိန်ကို စနစ်ကျကျ မစီမံ တတ်သေးလို့ဖြစ်မယ်။ အချိန်ကို စီမံ ခန့်ခွဲကြည့်
မယ်ဆိုရင် တစ်ရက်ကို ၂၄ နာရီ ရှိတယ် နိစ္စဒူဝ လုပ်နေရတဲ့ အလုပ်တွေ ကို
တွက်ရမယ် တကယ်တွက် ကြည့်တော့လဲ အချိန်ပိုလေး တွေ ရှိပါတယ်
ဒါပေမဲ့လည်း ကျွန်တော် ခုထိ မအားသေးဘူး တွက် တုန်းကတော့ပိုပါတယ် တကယ့် တကယ် မှာ အချိန်က ပိုမနေပြန်ဘူး အဲ့တော့ ၂၄ နာရီအစား ၂၅
နာရီလောက်များ ရှိနေရင် ကောင်းမလားတွေးမိပြန်တယ်။

အတွေး တွေ အတွေးတွေ အလုပ်နဲ့ အတွေး ဘယ်ဟာကပိုအရေးပါသလဲ။
တွေးမိပြန်ပီ အလုပ်ကလဲ လုပ်နေတာဘဲ တွေးတာကလဲ တွေးနေတာဘဲ ဘာတေလိုပြီး ဘာတေပိုနေပြန်ပါလိမ့် တွေးနေတာကဘဲ မှားနေတာလား
ဒါပေမယ့် ငါတွေးနေရင် အလုပ်လဲ မရပ်ခဲ့ပါဘူး တွေးတာတွေးတာဘဲလေ
အင်း ဒီအချက်ကတော့ စဉ်းစားစရာလေး ဖြစ်လာပြန်ပီ။ ဒါနဲ့ တွေးတာနဲ့
စဉ်းစားတာဘာကွာပါလိမ့် တူတော့ အတူတူပါဘဲ ဦးဏှောက်ကို အလုပ်ပေး
တာခြင်းကတော့ တူတယ် ဒါမယ့် မတူပြန်ဘူး တွေးတာက ငါဘာလေး
လုပ်ရင်ကောင်းမယ်လို့တွေးတာ စဉ်းစားတာက ကျတော့ အမှား လား
အမှန်လား ခွဲခြား ခြင်းတို့ ပြဿနာ ဖြေရှင်း ဖို့ စတဲ့ ကိစ္စ တွေ အတွက်
လို့ခေါ်ရမယ်။ ဟမ် ဒါနဲ့ ငါ တွေးနေမိပြန်ပြီ။

အာရုံပြန်ပြောင်းရမယ် စိတ်တွေငြိမ်ဖို့အာ ရုံပြန်ပြောင်းရမယ်။အာရုံ ပြောင်း
တဲ့ နည်းတွေ ထဲ ကငါအကြိုက်ဆုံး တစ်ခုဖြစ်တဲ့ အသက်ရှု သွင်း ပြန်ထုတ်
တဲ့ နည်း လမ်း သုံးရမယ်။ ရှုးးးးးးးးးးးးးးး ဟူးးးးးးးးးးးးး ရှုးးးးးးးးးးးးးးး ဟူးးးးးးးးးးးးးး
×××××××××××××××× မရပါလား ငါအဆင့်ကျော် သွားတာကို အမှတ်စဉ် အရင်ရေရမှာ ကိုး ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ × × × × × ×
× × × ၂၁ × × × × × × × × × ၃၁××××××××××၆၇×××××××××
အာ ငါဟိုဟာအရင်လုပ်ရမှာ ဒီဟာအရင်လုပ်နေမိတယ် မီးလာတုန်းလေး
ရေတင်ရမယ်