လေးစားသမှု

Words
163
Reading
1 min
Listen
Play
7y

IMG_20190619_104926-picsay.jpg

ကျွန်တော်တို့ ကမ္ဘာ ပေါ်မှာ အများအားဖြင့် လူတွေက ကိုယ့်ကို အထင်ကြီး
လေးစားမှုကိုခံယူ ချင်ကြတယ်။ ဒါပေမဲ့လူတိုင်း တော့မရ ကြဘူး ဘာ့ကြောင့်
များပါလဲ။ တကယ်တော့ ရိုးရှင်းပါတယ် လူတစ်ယောက် နဲ့တစ်ယောက်က
အပြန်လှန်လေးစားမှု မထားနိုင်ကြလို့ဘဲ ဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံ မှာ
တင်မဟုတ်ဘဲ ကမ္ဘာ ပေါ်မှာရှိတဲ့ နိုင်ငံအတော်များများ လဲ ဒီလိုဘဲ ဖြစ်နေကြ
ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ခုဆို ရင်အတော်လေးကို တိုးတက်ပြောင်းလဲ
လာတာကတော့ မေးစရာ တောင်မလိုပါဘူး မြို့တိုင်း နယ်တိုင်းမှာ မြင်နေ တွေ့
နေကြရပါတယ်။ဒါပေမဲ့ လူတွေရဲ့ စိတ်တွေ တိုးတက်ဖို့တော့ လိုနေသေးတယ်
လို့မြင်မိပါတယ်။ အရေးကြီး ဆုံးအရာတွေများစွာ ထဲကတစ်ခုကိုပြောရရင် လေး
စားသမှု မရှိကြတာပါဘဲ။ဥပမာ အဖွဲ့အစည်း အသင်းတစ်ခုမှာ ပေါ့အဆင့်ဆင့်
အုပ်ချုပ်မှု အုပ်ချုပ်သူတွေ ရှိကြပါတယ်။တစ်ခုခုကို တိုင်ပင်ကြပီဆိုပါစို့ အရေး
ပါတဲ့အခြေခံစည်းမျဉ်းလေး တစ်ခုကိုမေ့နေကြတယ်ဗျ။ဒါကတော့ စကားဖြတ်
ပြောတာပါ။အထက်တန်း လွှာ အလည်လတ်တန်း အခြေခံလူတန်းစား အားလုံး
မှာရှိနေတာကိုတွေ့ရပါတယ်။တရားဥပဒေ ရုံးလိုနေရာမျိုးတွေမှာလဲ ရှိနေပါတယ်။

ဒါကဘာလဲ လေးစားသမှု မရှိတာကိုပြနေတာပါဘဲ။ အခြေခံ လူတန်းစားပိုင်းမှာ
ဆိုရင်လဲ တစ်မျိုး အလည်တန်းလွှာ နဲ့ တွေ့ရင် ဖြစ်ကြပီ ဖြစ်ကြတာတွေကိုကြည့်
ရမယ်ဆိုရင် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ပြောလို့မရ ပြန်ဘူးဗျ။အကြောင်း
က ပညာရှင် ဆိုရင် ကိုယ်ကမတတ်သူ လေးစားရမယ်ပေါ့။ဒီလိုမဟုတ်ဘဲ ဖိနှိပ်မူ
တွေရှိလာပြီဆိုရင် တစ်ဖက်လူကဘယ် ငြိမ်နေတော့မလဲပေါ့ တကယ်ဖြစ်သင့်တာ
ကတော့ တဖက်က အလုပ်ရှင် အလုပ်ပေး ထားတဲ့ အတွက် လေးစားသမှုလေး
တော့ ရှိရမယ် ပေါ့ အလုပ်ရှင် ဖက်က လဲ ကိုယ် မလုပ်နိုင်တာလေး ကို လုပ်ပေး
တဲ့ ပညာ ရှင် နှင့်တစ်ကွ နောက်လိုက် နောက်ပါ များကိုလဲ လေးစားသင့်တယ်
ပေါ့။ ဒါဆို မျှတစွာ နဲ့ အရာရာ အဆင်ပြေပြေ ဖြစ်နေလိမ့်မယ်လို့မြင်မိပါတယ်။
ကျွန်တော့် စာကိုဖတ်မိတဲ့ မိတ်ဆွေ လဲ တွေး ကြည့် ပေါ့ မိတ်ဆွေ ကို တစ်ဖက်လူ
ကဖိနှိမ်ပြော ဆိုနေမယ့် အစား လေးစားသမှုနဲ့ ပါ ခင်ဗျာ လို့ပြောရင် သဘောမကျ
ဘူးလားဗျာ။အဲ့ ဒီတော့စကားပြောတာကစ တကယ် ရင်ထဲမှာလဲ လေးစား သမှု
သစ်ပင်လေးတွေ စိမ်းလန်းစိုပြေ နေအောင် မေတ္တာ ရေအေးလေးတွေ မလောင်း
သင့်ဘူးလားဗျာ။

လေးစားသမှု | Ecency