အ​ပျော်​ဆုံး​နေ့

mgyair(30)
Published in
#myanmar
Words
67
Reading
1 min
9y
Listen to this post
~1 min

ကျောင်းပီး​တော့ ဘွဲ့ယူရ​တော့မယ်​​ပေါ့
ဘွဲ့တခုရဖို့ဆိုတာ ကိုယ့်​အိပ်​မက်​ ကိုယ့်​မိဘ​တွေရဲ့အိပ်​မက်
ကျောင်း​နေစအရွယ်​ကတည်းက အ​ဖေ​ပြောတဲ့စကားက
"စာကြိုးစား သမီးတဲ့ စာကြိုးစားမှ ဘွဲ့ရပညာတတ်​ကြီးဖြစ်​ပီးအ​ဖေတို့လို မပင်​ပန်းမှာတဲ့ ငါ့သမီးဘွဲ့ရဖို့က အ​ဖေ့ရဲ့အိမ်​မက်​ပဲတဲ့ ဘွဲ့မရဘူးဆိုရင်​ ညည်းကိုကတုံးတုံး သီလရှင်​ဝတ်​ခိုင်းပီး
ဘွဲ့ရ​အောင်​ လုပ်​ခိုင်းမယ်တဲ့​လေ" ​အ​ဖေ ​အ​မေ့အိမ်​မက်​ ပြည့်​ဝခဲ့ပီ ။ ကိုယ်​ဘွဲ့ရဖို့အတွက်​ ပင်​ပင်​ပန်းပန်းကြိုးစား​ပေးခဲ့ကြတယ်​ ​ကျောင်းတက်​​နေတဲ့အ​တောအတွင်း ကိုယ့်​အိမ်​စီးပွား​ရေးကျပ်​တည်းခဲ့​ပေမယ့်​မဖြစ်​ဖြစ်​​အောင်​ ကြိုးစား​ပေးခဲ့ကြတယ်​ ကိုယ့်​ရဲ့မသိတတ်​မှူ​တေ​ကြောင့်​ ကိုယ်​ပူဆာသမျှ ဖြည့်​ဆည်း​ပေးခဲ့ရတယ်​ သူငယ်​ချင်း​တေကြားမျက်​နှာမငယ်​ရ​အောင်​ တတ်​နိုင်​သ​လောက်​ဖြည့်​ဆည်း​ပေးတယ်​ ကိုယ့်​ရဲ့မလိမ္မာမှူ​တွေကိုလဲ လုံးဝအပြစ်​မမြင်​ပဲ ချစ်​​ပေးကြတယ်​ ဘွဲ့ရရှားပါးတဲ့ ကိုယ်​တို့ အသိုင်းအဝိုင်​ထဲ အ​လေး​ပေးဆက်​ဆံကြတယ်​ ။အခု​တော့ ဘွဲ့ရခဲ့ပီ ​အ​ဖေနဲ့ အ​မေ​ရေ😊ဒီအချိန်​ကစပီး အ​ဖေနဲ့အ​မေကို စိတ်​မဆင်းရဲ မပူပန်​​စေရဘူးလို့ ကတိ​ပေးပါတယ်​.
ဘွဲ့ယူတဲ့​နေ့က အ​ဖေ့ရဲ့​ကျေနပ်​​နေတဲ့မျက်​နာ အ​မေရဲ့ပြုံး​နေတဲ့မျက်​နာ​ကို​တွေ့ရ​တော့သိပ်​ကိုဝမ်းစာရပါတယ်​.​​နောက်​လဲဒီထက်​ဂုဏ်​ယူရ​အောင်​ ​ပျော်​ရ​အောင်​ ထပ်​ကြိုးစား​နေဦးမှာပါ
ကိုယ့်​အတွက်​ ​အ​ဝေးသင်​​ပြောင်း​ပေးခဲ့ရတဲ့ အချစ်​ရဆုံး မမကြီးကိုလဲ သိပ်​​ကျေးဇူးတင်​ပါတယ်​ ဘွဲ့ယူရတဲ့​နေ့​လေးကို တစ်​သက်​လုံး​မေ့နိုင်​မှာမဟုတ်​ပါဘူး​လေ ကိုယ့်​ဘဝလှပ​အောင်​ပျိုး​ထောင်​​ပေးခဲ့တ ဒီမိသားစု​လေးကို သိပ်​​​ကျေးဇူးတင်​တယ်​ ချစ်​တယ်​ ကိုယ့်​အတွက်​​တော့ ဘဝမှာ ကိုယ့်​မိသားစု​လေးကပထမပါပဲ💚IMG_20180220_173519.JPG

အ​ပျော်​ဆုံး​နေ့​ | Ecency