အားလုံးသိကြသည့်အတိုင်းပင် မနက်ဖြန်သည် ဒုတိယ-ဝါဆိုလပြည့်နေ့ဖြစ်သလို ဓမ္မာစကြာနေ့လည်းဖြစ်ပေသည်။မြတ်စွာဘုရားရှင်သည် အဆိုပါ ဒုတိယ-ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီငါးပါးတို့အား ဓမ္မစကြာတရားထူးတရားမြတ်ဟောကြားတော်မှု ခဲ့သဖြင့် ထို့နေ့ကို ဓမ္မစကြာနေ့ဟုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ထိုနေ့ကို ဘာသာရေးအထိမ်းအမှတ်နေ့လည်း ဖြစ်သောကြောင့် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားသည်။
အားလုံးသိကြသည့်အတိုင်းပင်လယခုနှစ်တွင် ဒုတိယ-ဝါဆိုလပြည့် ဓမ္မစကြာနေ့နှင့် တရားဝင်ရုံးပိတ်ရက် (vacation)စနေ၊တနင်္ဂနွေတို့ ဆက်နေသောကြောင့် ပိတ်ရက်ရှည်ဖြစ်ရကာ စက်ရုံ၊အလုပ်ရုံများပိတ်သောကြောင့် မိမိတို့ မိသားစုရှိရာ၊မိဘ ဘိုးဘွားများရှိရာ ဇာတိချက်မြုပ်ဒေသသို့ပြန်ကြရန်ရှိပါသည်။
ဝါဆို(waso)လပြည့် ဓမ္မစကြာနေ့တွင် ဗုဒ္ဓဘာသာဝင်တို့ထုံးတမ်းစဉ်လာအတိုင်း မိမိတို့ မွေးဖွားရာဇာတိသို့ပြန်ကြ၊ ဗုဒ္ဓဘာသာရဟန်းသံဃာတို့အား ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းကြ၊ အလှူအတန်းအဖြစ် ထမင်းရည်ချောင်းစီး အကျွေးအမွေးအလှူများပြုလုပ်ကြ၊ဘုရားကျောင်းကန်သို့သွားရောက်ကုသိုလ်ယူကြပြီး ရေစက်သွန်း၍ အမျှဝေလေ့ရှိကြသည်မှ အမှန်ပင်ဖြစ်သည်။
ဤကဲ့သို့ ဘာသာရေးနေ့ထူးနေ့မြတ်တွင် မြန်မာတို့သည် မိမိတို့ မိဘဆွေမျိုး၊မိတ်ရင်းဆွေရင်း မောင်နှမသားချင်းများဖြင့် ရှိချင်ကြလေ့ရှိကြပါသည်။ ထို့ကြောင့်လည်း ဘယ်လောက်ပင်မိုင်တွေကွာဝေးစေကာမှု ဤကဲ့သို့ နေ့ထူးနေ့မြတ် ဓမ္မစကြာနေ့တွင် မိမိဇာတိသို့ရောက်အောင်ပြန်ကျလေ့မည်ဖြစ်သည်။ ဤကဲ့သို့နေ့မျိုးတွင် လူကြီးများမှာ မိမိဇာတိသို့ပြန်၍ ဘုရားတရားအလုပ်များပြန်လုပ်ခြင်း၊ အနားယူခြင်းများပြုလုပ်လေ့ရှိသည်ဖစ်သည်။
သို့သော်ငြားလည်း အချို့လူငယ်လူရွယ်များမှာ ကြုံတောင့်ကြုံခဲရရှိသော ရုံးပိတ်ရက်ကလေးတွင် ချောင်းသာ၊ငပလီစသည့် ကမ်းခြေများကို ခရီးထွက်ခြင်း၊ ကျိုက်ထီးရိုး၊သံတောင်ကြီး၊ပုဂံညောင်ဦး၊ပုပ္ပား စသည့် ဒေသများသို့ခရီးထွက်ခြင်း စသည့် ပျော်ရွှင်စရာ ခရီးစဉ်လေးများကို ဖန်တီးလေ့ရှိကြပါသည်။ ထို့ကြောင့် MSC မှ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည်လည်း မြတ်စွာဘုရားရှင် တရားဦးတိုက်ကျွေးသည့် ဓမ္မစကြာနေ့တွင် မိသားစုနှင့်အတူ အချိန်ကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ကြပါစေခင်မျာ။
written by @mgtoetat
photos by @mgtoetat
MSC-073
post on busy